Pages

Monday, July 8, 2013

ဆော်ဒီသြဇာခံ တစ်ဦးကို ခေါင်းဆောင်သစ်အဖြစ် ဆီးရီးယား အတိုက်အခံများ တင်မြှောက်

Photo: ဆော်ဒီသြဇာခံ တစ်ဦးကို ခေါင်းဆောင်သစ်အဖြစ် ဆီးရီးယား အတိုက်အခံများ တင်မြှောက်
Monday, July 08, 2013

ဆီးရီးယား အတိုက်အခံများက ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ သြဇာခံ တစ်ဦးကို ၎င်းတို့၏ ခေါင်းဆောင်သစ်အဖြစ် စနေနေ့က ရွေးကောက် တင်မြှောက်လိုက်သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော ဆီးရီးယားအမျိုးသား ယာယီ ညွန့်ပေါင်းအဖွဲ့က စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော အစည်းအဝေးတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် အဆက်အသွယ်ရှိသော လူမျိုးစု အကြီးအကဲ တစ်ဦး ဖြစ်သည့် အာမက်ဂျာဘာကို ခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်း ဖြစ် သည်။

အာမက် ဂျာဘာသည် ကာတာနိုင်ငံ၏ သြဇာခံ တစ်ဦးဖြစ်သော စီးပွားရေး သမား မူစတာ ဖာဆာဘာ့ဂ်ျကို ကျော်ဖြတ်၍ ရွေးချယ်ခံခဲ့ ရခြင်း ဖြစ်သည်။

ကာတာနိုင်ငံသည် ဆော်ဒီအာရေးဗီးယားကို ကျော်၍ ဆီးရီးယား သူပုန်များ အပေါ်တွင် သြဇာလွှမ်းမိုး နိုင်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ဖူးသည်။

“ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ အရင် ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်မှုက ဆီးရီးယား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဘာမှ ဆောင်ရွက်မပေးနိုင် ခဲ့ဘဲ အဖွဲ့အစည်းတွင်း ပဋိပက္ခတွေနဲ့ပဲ ရှုပ်ထွေး နေခဲ့ပါတယ်။ အာမက်ဂျာဘာက အားလုံးနဲ့ လက်တွဲလုပ်လိုစိတ်ရှိသူ ဖြစ်ပါတယ်” ဟု ညွန့်ပေါင်း အဖွဲ့၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ဆီးရီးယား အတိုက်အခံ အဖွဲ့အစည်းများကြားတွင် ဂိုဏ်းကွဲနေသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည့် မွတ်ဆလင် ညီနောင်များအဖွဲ့၏ အီဂျစ်နိုင်ငံရှိ ပင်ရင်း အဖွဲ့အစည်းက ကျောထောက် နောက်ခံ ပေး ထားသော သမ္မတမော်စီမှာ အီဂျစ်နိုင်ငံတွင် အာဏာ လက်လွှတ်ခဲ့ရပြီ ဖြစ် သည်။

သို့သော် ဆီးရီးယားနိုင်ငံရှိ ၎င်းတို့၏ ကိုယ်စားလှယ်မှာမူ ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့အစည်း၏ ဒုတိယ ခေါင်းဆောင် နှစ်ဦးအနက် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသဖြင့် မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း အနေဖြင့် ဆီးရီးယား အတိုက်အခံများကြားတွင် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိနေဦးမည် ဖြစ်သည်။

The Voice Weekly

Monday, July 08, 2013

ဆီးရီးယား အတိုက်အခံများက ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ သြဇာခံ တစ်ဦးကို ၎င်းတို့၏ ခေါင်းဆောင်သစ်
အဖြစ် စနေနေ့က ရွေးကောက် တင်မြှောက်လိုက်သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော ဆီးရီးယားအမျိုးသား ယာယီ ညွန့်ပေါင်းအဖွဲ့က စနေနေ့
က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော အစည်းအဝေးတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် အ
ဆက်အသွယ်ရှိသော လူမျိုးစု အကြီးအကဲ တစ်ဦး ဖြစ်သည့် အာမက်ဂျာဘာကို ခေါင်းဆောင်အဖြစ် ရွေး
ကောက် တင်မြှောက်ခဲ့ခြင်း ဖြစ် သည်။

အာမက် ဂျာဘာသည် ကာတာနိုင်ငံ၏ သြဇာခံ တစ်ဦးဖြစ်သော စီးပွားရေး သမား မူစတာ ဖာဆာဘာ့ဂ်ျကို
ကျော်ဖြတ်၍ ရွေးချယ်ခံခဲ့ ရခြင်း ဖြစ်သည်။

ကာတာနိုင်ငံသည် ဆော်ဒီအာရေးဗီးယားကို ကျော်၍ ဆီးရီးယား သူပုန်များ အပေါ်တွင် သြဇာလွှမ်းမိုး နိုင်
ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ဖူးသည်။

“ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ အရင် ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်မှုက ဆီးရီးယား ပြည်သူတွေရဲ့ အကျိုး
စီးပွားအတွက် ဘာမှ ဆောင်ရွက်မပေးနိုင် ခဲ့ဘဲ အဖွဲ့အစည်းတွင်း ပဋိပက္ခတွေနဲ့ပဲ ရှုပ်ထွေး နေခဲ့ပါတယ်။ အာမက်ဂျာဘာက အားလုံးနဲ့ လက်တွဲလုပ်လိုစိတ်ရှိသူ ဖြစ်ပါတယ်” ဟု ညွန့်ပေါင်း အဖွဲ့၏ အကြီးတန်း အ
ရာရှိ တစ်ဦးက ပြောကြားသည်။

ဆီးရီးယား အတိုက်အခံ အဖွဲ့အစည်းများကြားတွင် ဂိုဏ်းကွဲနေသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်
သည့် မွတ်ဆလင် ညီနောင်များအဖွဲ့၏ အီဂျစ်နိုင်ငံရှိ ပင်ရင်း အဖွဲ့အစည်းက ကျောထောက် နောက်ခံ ပေး ထားသော သမ္မတမော်စီမှာ အီဂျစ်နိုင်ငံတွင် အာဏာ လက်လွှတ်ခဲ့ရပြီ ဖြစ် သည်။

သို့သော် ဆီးရီးယားနိုင်ငံရှိ ၎င်းတို့၏ ကိုယ်စားလှယ်မှာမူ ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့အစည်း၏ ဒုတိယ ခေါင်းဆောင် နှစ်ဦးအနက်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသဖြင့်မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း
အနေဖြင့် ဆီးရီးယား အတိုက်အခံများကြားတွင် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိနေဦးမည် ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 8.7.2013

0 comments:

Post a Comment