Pages

Monday, July 8, 2013

ယနေ့ညနေ ၄နာရီ ၄၅မိနစ်ခန့်က ဘုရင့်နောင်တံတား ငြမ်းဆင်ဆဲ တိုင်အမှတ် ၁၇ ကရိန်းနှင့် တိုက်မိပြီး ပြိုကျ


7.8.16
ဘုရင့်နောင်ခုံးကျော်တံတား ပင်မကွန်ကရစ်တိုင် ပြိုကျမှုအား ဇူလိုင်  ၈ ရက်က တွေ့ရစဉ်

သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်
ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြိုကျခဲ့သော ကွန်ကရစ်တိုင်မှာ သမိုင်းမှ လှိုင်သာယာသို့ ဆက်သွယ်
မည့် အဓိက ပင်မကွန်ကရစ်တိုင် အမှတ် ပီစီ-၁၇ ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်
ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပင်မကွန်ကရစ်တိုင် ပြိုကျရခြင်းမှာလုပ်ငန်းခွင်အတွင်းအသုံးပြုလျက်ရှိသည့်ကရိန်းမှတိုက်မိခဲ့သောကြောင့်
ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် အရည်အသွေး မပြည့်မီခြင်း မဟုတ်ကြောင်း တာဝန်ယူတည် ဆောက်နေ
သည့် FMI ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အား တွေ့ရှိခဲ့သူတစ်ဦးက''အကြီးအကျယ်တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့ တည်ဆောက်
မှုတွေကို နည်းနည်းစိုးရိမ်ရတယ်။ နောက်ပြီး ပြိုကျခဲ့တဲ့တိုင်က အောက်ခြေ ကွန်ကရစ်လောင်းတဲ့အဆင့်ထိ
ပဲ ရှိသေးပေမယ့် အပေါ်သံတိုင်တွေ အများအပြား တင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အား မရှိခဲ့တာ ဖြစ်
ဖို့များပါတယ်'' ဟု ပြောသည်။

ပင်မကွန်ကရစ်တိုင် ပြိုကျမှု ဖြစ်စဉ်ကြောင့်သမိုင်းမှလှိုင်သာယာ-အင်းစိန်သို့ဆက်သွယ်ထားသည့်ကားလမ်း
ကြောများ နှစ်နာရီခန့်ပိတ်ထားခဲ့ရခြင်းကြောင့် ပြိုကျသည့် ဖြစ်စဉ်အနီးဆက်စပ်နေရာများတွင်ယာဉ်ကြော
ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ FMI ကုမ္ပဏီမှ အဓိက တာဝန်ယူ တည်
ဆောက်ခဲ့ပြီးခန့်မှန်းကုန်ကျငွေ၂၆ ဘီလီယံခန့် ရှိမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဧရာဝတီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၈.၇.၂၀၁၃

0 comments:

Post a Comment