Pages

Monday, July 8, 2013

နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

Monday, July 08, 2013
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်အတွင်းရှိ မှန်တန်းရွာမှ ဒမငယ်ရွာသို့ အရှည် ခုနစ်မိုင်ခန့် ကျောက်ခင်း

လမ်း ဖောက်လုပ်နေသော ရွှေလွင်လွင်ကုမ္ပဏီကိုသတ်မှတ်ကာလအတွင်းလုပ်ငန်းခွင်ပြီးဆုံးအောင်ဆောင်
ရွက်နိုင်ခြင်း မရှိသောကြောင့် ယင်းဒေသရှိ ရွာသူ ရွာသားများမှ ဇူလိုင်လ ၃ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

နတ္တလင်းမြို့နယ် မှန်တန်းရွာမှ ဒမငယ်ရွာသို့အကျယ် ၁၂ပေ၊ အရှည် ခုနစ်မိုင်ခန့်ရှိသော ကျောက်ခင်းလမ်း
ကို စည်ပင်မှ တင်ဒါ စနစ်ဖြင့် ရွှေလွင်လွင်ကုမ္ပဏီကိုဧပြီလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရမည်ဟုဆို
ထားသော်လည်း သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးခြင်းမရှိသောကြောင့် ဒေသခံများမှ ဇွန်လ ၂၅ရက်နေ့
တွင် ပထမအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ရာ အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ကြောင်း ပေါက်
တုန်းကျေးရွာနေ ကိုဝင်းဇော်က The Voice သို့ ပြောကြား သည်။

အဆိုပါလမ်းသည် ကျေးရွာပေါင်း ၃၀ကျော်ရှိ ရွာသူ ရွာသားများ နေ့စဉ် အသုံးပြု သွားလာလျက်ရှိပြီး ယခုအ

ခါကုမ္ပဏီကလမ်းပြင်ရန် ကျောက်တုံးများချထားကြောင်း မိုးကာလ ဖြစ်သည့်အတွက် လမ်းအခြေအနေ ဆိုး
ဝါးမှု များကြောင့်လယ်ယာထွက်ကုန်များ မြို့သို့ သယ်ယူ ပို့ဆောင်ရသည့်စရိတ်များ မြင့်တက်သွားကြောင်း
 ကျောင်းသူ ကျောင်းသားများ သွားလာရန် အခက်အခဲ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကုမ္ပဏီက ဧပြီလ ပြီးအောင်လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့်ခုချိန်ထိမပြီးသေးဘူး ပဲခူးတိုင်း ဝန်ကြီးချုပ် လာ

သွားတုန်းက ဇွန်လမှာ ပြီးအောင် လုပ်ပေးမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ မပြီးပြန်ဘူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီမှာ ဒီလကုန် ပြီးအောင် လုပ်ပေးမယ်လို့ ထပ်မံ ကတိပေးထားတာ ကြားမိတယ်။ လမ်းက သွားရေး လာ
ရေး ခက်ခဲနေတော့ ကယ်ရီခတွေ လေးဆလောက် တက်သွား တယ် အရင်က စပါး တစ်တင်း ဆိုရင် သယ်
ယူခ ကျပ် ၁၅၀ လောက်ဘဲရှိတာ အခု ၆၀၀၊ ၇၀၀ လောက်ပေးနေရတယ်” ဟု ကြို့ပင်သာ ကျေးရွာမှဦးဝင်း
ကြည် က ပြောသည်။

ရွှေလွင်လွင် ကုမ္ပဏီအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်း ရာတွင် လုပ်ငန်းခွင် နှောင့်နှေး

ရခြင်းမှာမိုးတွင်းကာလ ဖြစ်နေခြင်း၊ တောင်ညိုဘက်မှဆင်းလာသည့်သစ်လုံးတင်ကားများ ပြေးဆွဲနေခြင်း
နှင့် နေ့စား အလုပ်သမား လိုအပ်ချက် များကြောင့် ဖြစ်ကြောင်း၊ ယခု လကုန်အတွင်း စက်ဘီး၊ ဆိုင်ကယ်များ အဆင်ပြေသွားလာနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းယင်းကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်တင်
တင်နုက The Voice သို့ ပြောသည်။

ခိုင်စိုးလင်း
The Voice Weekly , RangonNewsDaily
kolatt(PBDN): 8.7.2013

0 comments:

Post a Comment