Pages

Monday, July 8, 2013

ဘရာဇီးတွင် အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

ဇူလိုင်-၇၊၂၀၁၃
ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ်တခုတွင်အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်
သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်း
ဖြတ်သတ်လိုက်ကြသည်။ မြောက်ပိုင်း ဘရာဇီးလ်ရှိ Pio XII မြို့တွင် ထိုကိစ္စတွင် ပါဝင်ခဲ့သောကြောင့် တစ်ဦးကို ဖမ်းဆီးထားသည်။

အသက် ၂၀ အရွယ် ဘောလုံးဒိုင် Octavio da Silva သည် အသက် ၃၀ အရွယ် ဘောလုံးသမား Josenir dos Santos အား ဓါးဖြင့်ထိုးခဲ့၍ ထို ကစားသမားမှာ ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးခဲ့ရသည်။

ဒေါသဖြစ်နေသော ပရိသတ်သည် ကွင်းထဲဆင်း၍ ဒိုင်ကို ခဲနှင့်ပစ်ပေါက်ကြပြီး ခေါင်ဖြတ်၍ ကွင်းလည်တွင် တိုင်တွင် ချိတ်ပြီးထောင်ထားခဲ့ကြသည်။

၂၀၁၀ခုနှစ်တွင် ဘရာဇီးလ်တွင် လူသတ်မှု ငါးသောင်း ရှိခဲ့၍ ၂၀၁၆တွင် ပြုလုပ်မည့် ကမ္ဘာ့ ဖလား ဘောလုံး
ပွဲနှင် အိုလံပစ်ပွဲ လုံခြုံရေး စိုးရိုမ်လျက် ရှိကြသည်။

ယခုလအတွင်း နှစ်ပေါင်းနှစ်ဆယ်အတွင်း အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ ၁၄သန်းကုန်ကျ
မည့် ကမ္ဘာ့ ဖလား ဘောလုံးပွဲ နှင့် အများပြည်သူအတွက် ဝန်ဆောင်မှုများ အားနည်းမှုကို ဝေဖန် ခဲ့ကြသည်။

Ref: Aljazeera ,
M-Media , RangonNewsDaily
kolatt(PBDN): 7.7.2013

0 comments:

Post a Comment