Pages

Monday, July 8, 2013

"Asiana လေယာဉ်မတော်တဆမှု လေယာဉ်မှူး အားနည်းချက်ကြောင့်ဟုဆို"

Photo: "Asiana လေယာဉ်မတော်တဆမှု လေယာဉ်မှူး အားနည်းချက်ကြောင့်ဟုဆို"
Monday, July 08, 2013

ဆန်ဖရန်စစ္စကိုလေဆိပ်တွင် ပျက်ကျခဲ့သော #Boeing 777 လေ 
ယာဉ်၏ ဖြစ်စဉ်တွင် လေယာဉ်မှူးသည် မပျက်ကျမီ အချိန် ပိုင်းလေး
တွင် လေယာဉ်ကို ဆင်းသက်ရန် အားထုတ်မှုမှ ရုတ်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရသည်။

#Asiana လေကြောင်းလိုင်းပိုင် လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှ အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကို လေဆိပ်တွင် ဆင်းသက်စဉ် လမ်းကြောင်းမှားပြီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ပြေးလမ်းပေါ် ဘီးမချမီ လိုအပ်သည်ထက် စော၍ ဆင်းမိပြီး ပင်လယ်ကမ်းစပ်ရှိ ရေတားနံရံကို ဝင်တိုက်ကာ အမြီးပိုင်း ကျိုးပျက်ပြီး လမ်းကြောင်းပေါ်တွင် တရွတ်ဆွဲသွားခဲ့သည်။ စနေနေ့က မတော်တဆ ဖြစ်စဉ်အတွင်း လူ(၂)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၅)ဦးသည် အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်သည်။

Asiana လေကြောင်းလိုင်းက လေယာဉ်ပေါ်တွင် လူပေါင်း (၃၀၇)ဦး လိုက်ပါလာကြောင်းနှင့် ဆယ်ကျော်သက် တရုတ် မိန်းကလေး(၂)ဦး အသက်ဆုံးရှုံးကြောင်း အတည်ပြုခဲ့သည်။ ခရီးသည်များသည် အရေးပေါ် လှေကားမှ လျှောချကာ လွတ်မြောက်ခဲ့ပြီးနောက် လေ
ယာဉ်မှာ မီးလောင် ပေါက်ကွဲခဲ့သည်။ 

Boeing 777 လေယာဉ် တစ်စင်းအတွက် လူအသေအပျောက် ဖြစ်ရသော မတော်တဆမှုသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ Asianaက ယခုဖြစ်စဉ်တွင် လေယာဉ်၏ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဆိုသော အချက်ကို ငြင်းဆိုထားပြီး လေယာဉ်ကို တာဝန်ယူသော ပိုင်းလော့သည် Boeing 777 လေယာဉ်များ မောင်းနှင်မှုတွင် လေ့ကျင့်ဆဲ အဆင့်သာ ရှိသေးကြောင်း ပြောကြားခဲ့သည်။

"ပိုင်းလော့ လီကောင်ကွတ်အတွက် ဒီလေဆိပ်ကို ဒီလို ဂျက်လေယာဉ်နဲ့ ဆင်းသက်တာ ပထမဆုံးပါပဲ။ သူဟာ ဒီလေယာဉ်အတွက် လေ့ကျင့်ဆဲ အဆင့်မှာပဲ ရှိသေးတယ်"ဟု တောင်ကိုရီးယား အခြေစိုက် လေကြောင်း ကုမ္ပဏီကြီးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက အတည်ပြုခဲ့သည်။

အသက်(၄၆)နှစ်ရှိ ပိုင်းလော့ လီသည် ယခုလေယာဉ်မျိုးကို (၄၃)နာရီ သာ မောင်းနှင်ဖူးသေးကြောင်းလည်း သိရသည်။ သို့သော်လည်း အခြားလေ ယာဉ် အမျိုးမျိုးတွင်မူ နာရီ (၉၀၀၀)ကျော်ကြာ ပျံသန်းဖူးသည့် အတွေ့
အကြုံ ရင့် ပိုင်းလော့တစ်ဦးအဖြစ် ရှိနေကြောင်း Asianaက ဆိုသည်။

လေယာဉ် ပျက်ကျမှုကို စုံစမ်းနေသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ အကြီး
အကဲ ဒီဘိုရာ ဟာ့စ်မန်းက လေယာဉ်မပျက်ကျမီ (၁.၅)စက္ကန့် အလိုတွင် ပိုင်းလော့ထံမှ လေယာဉ်ဆင်းသက်မှုကို ရုတ်သိမ်းခွင့် တောင်းခံသံကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်မှ အသက်ရှင် လွတ်မြောက်လာသူ အချို့က မိမိတို့
အား လေယာဉ် အမှုထမ်းများက လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ပြီ
ဟု အသိပေး ကြေညာပြီးချိန်တွင် ယခုလို အဖြစ်မျိုးနှင့် ကြုံရခြင်းဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

လေယာဉ်သည် ဆင်းသက်ချိန်တွင် ရှိသည့် ရှိထိုက်
သည့် မြန်နှုန်းထက် နှေးကွေးနေသည်ဆိုသော စွပ်စွဲချက်များ
ကိုမူ ဒီဘိုရာက တိတိကျကျ ဖြေဆိုခြင်း မရှိချေ။ "ယေဘုယျ အချက်အလက်တွေကို ကျွန်မတို့ ပြန်ကြည့်ရဦးမယ်။

နောက်ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကနေ သတင်းပေးပို့
မှု မှတ်တမ်းတွေကို ပြန်ကြည့်ရမယ်"ဟု သူမက ဆိုသည်။ လေ
ယာဉ်သည် ရေတားတမံကို တိုက်မိပြီးနောက် ဟန်ချက်ပျက်က ဝမ်းဗိုက်နှင့် ပြေးလမ်း ပွတ်ဆင်းမိပြီး ဆီယိုစိမ့်မှုများပါ ဖြစ်ပေါ်ကာ မီးလောင်မှုနှင့် ကြုံခဲ့ရသည်။ 

တနင်္ဂနွေနေ့ နံနက် အစောပိုင်းက Asiana၏ CEOဖြစ်သူ ယွန်ယောင်ဒူးက လေယာဉ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် မတွေ့ရကြောင်း ပြောဆိုခဲ့သည့်နောက် လေယာဉ်ပျက်ကျရမှု
သည် ပိုင်းလော့၏ အမှားပေါ်တွင် ပိုမို တာဝန်ကျရောက်လာမည့် သဘောဖြစ်သည်။ လတ်တလောတွင်မူ တာဝန်ရှိသူများက တိတိကျကျ ပြောဆိုခြင်း မပြုသေးဘဲ စုံစမ်းနေဆဲသာ ဖြစ်
သည်။ 

Asiana၏ CEOက "ကျွန်တော်တို့ လောလောဆယ် နားလည်ထားတာ
ကတော့ ဒီကိစ္စမှာ လေယာဉ်ဟာ အင်ဂျင်ပိုင်း၊ တခြား စက်ကိရိ
ယာ တစ်ခုခုနဲ့ ဆက်နွယ်တဲ့ အပိုင်းတွေမှာ ပြဿနာ မရှိခဲ့ဘူး ဆိုတာ
ပါပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ CEOသည် လေယာဉ်ပျက်ကျမှုကြောင့် 
ထိခိုက် နစ်နာခဲ့သူများအား ရုပ်မြင်သံကြား ကင်မရာများရှေ့မှောက်တွင် ဦးညွှတ် တောင်းပန်သွားခဲ့ကြောင်းလည်း သိရှိရသည်။

#San #Francisco, #South #Korean, #Chinese, #American
#PlanetMyanmar

Planet Myanmar Network

Monday, July 08, 2013

ဆန်ဖရန်စစ္စကိုလေဆိပ်တွင်ပျက်ကျခဲ့သော‎#Boeing777 လေယာဉ်၏ ဖြစ်စဉ်တွင် လေယာဉ်မှူးသည်မပျက်
ကျမီ အချိန် ပိုင်းလေး တွင် လေယာဉ်ကို ဆင်းသက်ရန် အားထုတ်မှုမှ ရုတ်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်းသိရှိရ
သည်။ ‎#Asiana လေကြောင်းလိုင်းပိုင် လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှ အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကို လေဆိပ်တွင် ဆင်းသက်စဉ် လမ်းကြောင်းမှားပြီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ပြေးလမ်းပေါ်ဘီးမချမီလိုအပ်သည်ထက် စော၍ဆင်းမိပြီးပင်လယ်ကမ်းစပ်ရှိ ရေတားနံရံကို
ဝင်တိုက်ကာအမြီးပိုင်းကျိုးပျက်ပြီး လမ်းကြောင်းပေါ်တွင်တရွတ်ဆွဲသွားခဲ့သည်။စနေနေ့ကမတော်တဆဖြစ်
စဉ်အတွင်းလူ(၂)ဦးသေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၅)ဦးသည် အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်သည်။

Asiana လေကြောင်းလိုင်းက လေယာဉ်ပေါ်တွင်လူပေါင်း(၃၀၇)ဦးလိုက်ပါလာကြောင်းနှင့်ဆယ်ကျော်သက်
တရုတ်မိန်းကလေး(၂)ဦးအသက်ဆုံးရှုံးကြောင်းအတည်ပြုခဲ့သည်။ခရီးသည်များသည်အရေးပေါ် လှေကားမှ
လျှောချကာ လွတ်မြောက်ခဲ့ပြီးနောက် လေယာဉ်မှာ မီးလောင် ပေါက်ကွဲခဲ့သည်။

Boeing 777 လေယာဉ် တစ်စင်းအတွက် လူအသေအပျောက် ဖြစ်ရသော မတော်တဆမှုသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။Asianaကယခုဖြစ်စဉ်တွင် လေယာဉ်၏စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဆိုသောအချက်
ကို ငြင်းဆိုထားပြီး လေယာဉ်ကိုတာဝန်ယူသောပိုင်းလော့သည်Boeing 777 လေယာဉ်များ မောင်းနှင်မှုတွင်
လေ့ကျင့်ဆဲ အဆင့်သာ ရှိသေးကြောင်း ပြောကြားခဲ့သည်။

"ပိုင်းလော့ လီကောင်ကွတ်အတွက် ဒီလေဆိပ်ကို ဒီလို ဂျက်လေယာဉ်နဲ့ဆင်းသက်တာပထမဆုံးပါပဲ။သူဟာ
ဒီလေယာဉ်အတွက်လေ့ကျင့်ဆဲအဆင့်မှာပဲ ရှိသေးတယ်"ဟု တောင်ကိုရီးယားအခြေစိုက် လေကြောင်း ကုမ္ပ
ဏီကြီးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက အတည်ပြုခဲ့သည်။

အသက်(၄၆)နှစ်ရှိ ပိုင်းလော့ လီသည် ယခုလေယာဉ်မျိုးကို (၄၃)နာရီ သာ မောင်းနှင်ဖူးသေးကြောင်းလည်း သိရသည်။သို့သော်လည်းအခြားလေယာဉ်အမျိုးမျိုးတွင်မူ နာရီ (၉၀၀၀)ကျော်ကြာ ပျံသန်းဖူးသည့် အတွေ့
အကြုံ ရင့် ပိုင်းလော့တစ်ဦးအဖြစ် ရှိနေကြောင်း Asianaက ဆိုသည်။

လေယာဉ် ပျက်ကျမှုကို စုံစမ်းနေသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ အကြီးအကဲဒီဘိုရာဟာ့စ်မန်းက လေယာဉ်မပျက်ကျမီ(၁.၅)စက္ကန့်အလိုတွင် ပိုင်းလော့
ထံမှ လေယာဉ်ဆင်းသက်မှုကို ရုတ်သိမ်းခွင့် တောင်းခံသံကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့
သည်။

လေယာဉ်မှ အသက်ရှင် လွတ်မြောက်လာသူ အချို့ကမိမိတို့အား လေယာဉ်အမှုထမ်းများကလုံခြုံဘေးကင်း
စွာ ဆင်းသက်နိုင်ပြီဟု အသိပေး ကြေညာပြီးချိန်တွင် ယခုလို အဖြစ်မျိုးနှင့် ကြုံရခြင်းဟု သတင်းထောက်
များအား ပြောကြားခဲ့သည်။

လေယာဉ်သည် ဆင်းသက်ချိန်တွင်ရှိသည့်ရှိထိုက်သည့် မြန်နှုန်းထက် နှေးကွေးနေသည်ဆိုသောစွပ်စွဲချက်
များကိုမူ ဒီဘိုရာက တိတိကျကျ ဖြေဆိုခြင်း မရှိချေ။ "ယေဘုယျအချက်အလက်တွေကို ကျွန်မတို့ ပြန်ကြည့်
ရဦးမယ်။

နောက်ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကနေ သတင်းပေးပို့မှု မှတ်တမ်းတွေကို ပြန်ကြည့်ရမယ်"ဟု
သူမက ဆိုသည်။ လေယာဉ်သည် ရေတားတမံကို တိုက်မိပြီးနောက် ဟန်ချက်ပျက်က ဝမ်းဗိုက်နှင့် ပြေးလမ်း ပွတ်ဆင်းမိပြီး ဆီယိုစိမ့်မှုများပါ ဖြစ်ပေါ်ကာ မီးလောင်မှုနှင့် ကြုံခဲ့ရသည်။

တနင်္ဂနွေနေ့ နံနက် အစောပိုင်းက Asiana၏ CEOဖြစ်သူ ယွန်ယောင်ဒူးက လေယာဉ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် မတွေ့ရကြောင်း ပြောဆိုခဲ့သည့်နောက် လေယာဉ်ပျက်ကျရမှုသည် ပိုင်းလော့၏ အမှားပေါ်
တွင် ပိုမို တာဝန်ကျရောက်လာမည့် သဘောဖြစ်သည်။ လတ်တလောတွင်မူ တာဝန်ရှိသူများက တိတိကျကျ
ပြောဆိုခြင်း မပြုသေးဘဲ စုံစမ်းနေဆဲသာ ဖြစ်သည်။

Asiana၏ CEOက "ကျွန်တော်တို့ လောလောဆယ် နားလည်ထားတာကတော့ ဒီကိစ္စမှာ လေယာဉ်ဟာ အင်
ဂျင်ပိုင်း၊ တခြား စက်ကိရိယာ တစ်ခုခုနဲ့ ဆက်နွယ်တဲ့ အပိုင်းတွေမှာ ပြဿနာ မရှိခဲ့ဘူး ဆိုတာပါပဲ"ဟု မှတ်
ချက်ပြုခဲ့သည်။ CEOသည် လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက် နစ်နာခဲ့သူများအား ရုပ်မြင်သံကြားကင်မရာ
များရှေ့မှောက်တွင် ဦးညွှတ် တောင်းပန်သွားခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 8.7.2013

0 comments:

Post a Comment