Pages

Monday, July 8, 2013

တောင်ကိုးရီးယား Asiana Airlines Boeing 777 လေယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

တောင်ကိုးရီးယား အေးရှားနား လေယာဉ် မီးလောင်ကြွမ်း
============
ဇူလိုင်-၇၊ ၂၀၁၃
M-Media

ဆိုးလ်။	။ အေးရှားနား လေကြောင်းလိုင်းမှ ဘိုးအင်း ၇၇၇ (Asiana Airlines Boeing 777) လေယာဉ်သည် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ဆင်းသက်ချိန်၌ လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့် ရိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့သည် ဟု တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

“ အေးရှားနား လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့်ရိုက်မိပြီး လေယာဉ်ပြေးလမ်းမှ ချော်ထွက်ကာ ပျက်စီးသွားခဲ့သည် ” ဟု ၀န်ကြီးက ဆိုသည်။ ၄င်းမတော်တဆမှုအား စစ်ဆေးလေ့လာရန် လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့အား အခင်းဖြစ်ရာနေရာသို့ စေလွှတ်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

လေယာဉ်အမှတ် ၂၁၄ ပျက်ကျ၍ ပေါက်ကွဲလောင်ကျွမ်းခဲ့စဉ်က လူနှစ်ဦးသေဆုံးခဲ့ပြီး၊ လူ ၁၈၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဆိုးလ်မြို့မှထွက်ခွာခဲ့သောစာရင်းအရ လေယာဉ်ပေါ်တွင် လူ ၃၀၇ ယောက်ပါရှိပြီး၊ ၂၉၁ မှာ စီးနင်းလိုက်ပါသူများဖြစ်ကာ၊ ၁၆ ယောက်မှာ လေယာဉ်ဝန်ထမ်းများဖြစ်ကြသည်။

၁၉၉၃ ခုနှစ်၊ ဇွန်လက အေးရှားနား ဘိုးအင်း ၇၃၇ လေယာဉ်သည် တောင်ကိုးရီးယားအတွင်း တောင်တစ်လုံးနှင့် ၀င်တိုက်မိ၍ ပျက်ကျခဲ့ကာ လူ ၆၈ ယောက် အသက်ဆုံးရှုံးခဲ့သည်။ ထိုအဖြစ်အပျက်ပြီးစဉ်ကတည်းက ယခုအကြိမ်သည် အေးရှားနား လေကြောင်းလိုင်း၏ ပထမဆုံးအကြီးစား ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။

သေဆုံးခဲ့သူနှစ်ဦးတွင် တစ်ဦးမှာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြောင်း၊ ကျန်တစ်ဦးသည် မည်သည့်နိုင်ငံသား ဆိုသည်ကို သေချာမသိရကြောင်း ကိုးရီးယားပြည်ပဆက်ဆံရေးနှင့်အကြံပေးတာဝန်ခံ နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ သံအမတ် လီဂျောင်ဂွန် (Lee Jeong-Gwan) မှ တောင်ကိုးရီးယားအာဏာပိုင်များနှင့် ဆက်ဆံနေသော အမေရိကန် သိပ္ပံမှုခင်းရေးရာဌာန၏စကားကို ကိုးကား၍ သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ယင်းသို့ဖြစ်ပျက်မည်ကို မည်သူမှ မထင်မှတ်ထားခဲ့ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသော ကျန်ရှိသူ ၁၂၃ ယောက်မှာ ဒဏ်ရာအနာတရ မရရှိခဲ့ဟု သိရသည်။

US Federal Bureau of Investigation (FBI) မှ လေယာဉ်ပျက်စီးမှုသည် အကြမ်းဖက်သူများ၏လုပ်ရပ်ဖြစ်ကြောင်း ညွှန်ပြချက် တစ်စုံတစ်ရာမရှိဟု ပြောကြားခဲ့သည်။

National Transportation Safety Board - သယ်ယူပို့ဆောင်မှုဆိုင်ရာ အမျိုးသားလုံခြုံရေးဦးစီးအဖွဲ့မှ ကျွမ်းကျင်သူတစ်စုသည် လေယာဉ်ပျက်ကျမှုကို လေ့လာစစ်ဆေးရန် ဆန်ဖရန်စစ္စကိုသို့ သွားနေပြီဖြစ်သည်။
တောင်ကိုးရီးယားအစိုးရစေလွှတ်သော လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့သည်လည်း ယင်းမတော်တဆမှုအား စုံစမ်းရန် အခင်းဖြစ်ရာသို့ ဦးတည်ထွက်ခွာနေပြီ ဟု ဆိုးလ်မြို့မှ အာဏာပိုင်များက ဆိုသည်။ 

အေးရှားနားသည် ဆိုးလ်မြို့အခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး၊ အင်ဂျင်စက်နှစ်လုံးတပ် ၇၇၇ လေယာဉ်သည် ကမ္ဘာတွင် ခရီးရှည်ပျံသန်းနိုင်သော လေယာဉ်များအနက် အကျော်ကြားဆုံး ဖြစ်သည်။ ၁၂ နာရီ သို့မဟုတ် ၄င်း၏အထက် ခရီးစဉ်များဖြစ်သော ကမ္ဘာ့တိုက်များအကြား လှည့်လည်ပျံသန်းရာ၌ အသုံးများသည့် လေယာဉ်အမျိုးအစားဖြစ်သည်။

- AFP/fa

PHOTO: REUTERS
PHOTO: REUTERS
ဇူလိုင်-၇၊ ၂၀၁၃

ဆိုးလ်။ ။ အေးရှားနား လေကြောင်းလိုင်းမှ ဘိုးအင်း ၇၇၇ (Asiana Airlines Boeing 777) လေယာဉ်သည် ဆန်
ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ဆင်းသက်ချိန်၌ လေယာဉ်အမြီးသည် လေယာဉ်ပြေး
လမ်းဖြင့် ရိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့သည် ဟု တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တ
နင်္ဂနွေနေ့တွင် ပြောကြားသည်။
“ အေးရှားနား လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့်ရိုက်မိပြီး လေယာဉ်ပြေးလမ်းမှ ချော်ထွက်ကာ ပျက်စီးသွားခဲ့သည် ” ဟု ၀န်ကြီးက ဆိုသည်။ ၄င်းမတော်တဆမှုအား စစ်ဆေးလေ့လာရန် လူလေးယောက်
ပါ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့အား အခင်းဖြစ်ရာနေရာသို့ စေလွှတ်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

လေယာဉ်အမှတ် ၂၁၄ ပျက်ကျ၍ ပေါက်ကွဲလောင်ကျွမ်းခဲ့စဉ်က လူနှစ်ဦးသေဆုံးခဲ့ပြီး၊ လူ ၁၈၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဆိုးလ်မြို့မှထွက်ခွာခဲ့သောစာရင်းအရ လေယာဉ်ပေါ်တွင် လူ ၃၀၇ ယောက်ပါရှိပြီး၊ ၂၉၁ မှာ စီးနင်းလိုက်ပါသူများဖြစ်ကာ၊ ၁၆ ယောက်မှာ လေယာဉ်ဝန်ထမ်းများဖြစ်ကြသည်။

၁၉၉၃ ခုနှစ်၊ ဇွန်လက အေးရှားနားဘိုးအင်း၇၃၇ လေယာဉ်သည် တောင်ကိုးရီးယားအတွင်း တောင်တစ်လုံး

နှင့် ၀င်တိုက်မိ၍ ပျက်ကျခဲ့ကာ လူ ၆၈ ယောက် အသက်ဆုံးရှုံးခဲ့သည်။ ထိုအဖြစ်အပျက်ပြီးစဉ်ကတည်းက ယခုအကြိမ်သည် အေးရှားနား လေကြောင်းလိုင်း၏ ပထမဆုံးအကြီးစား ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။

သေဆုံးခဲ့သူနှစ်ဦးတွင်တစ်ဦးမှာတရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြောင်း၊ ကျန်တစ်ဦးသည် မည်

သည့်နိုင်ငံသား ဆိုသည်ကို သေချာမသိရကြောင်း ကိုးရီးယားပြည်ပဆက်ဆံရေးနှင့်အကြံပေးတာဝန်ခံ နိုင်
ငံခားရေးရာဝန်ကြီးဌာန၏ သံအမတ် လီဂျောင်ဂွန် (Lee Jeong-Gwan) မှ တောင်ကိုးရီးယားအာဏာပိုင်
များနှ င့် ဆက်ဆံနေသော အမေရိကန် သိပ္ပံမှုခင်းရေးရာဌာန၏စကားကို ကိုးကား၍ သတင်းထောက်များ
သို့ ပြောကြားခဲ့သည်။

ယင်းသို့ဖြစ်ပျက်မည်ကိုမည်သူမှမထင်မှတ်ထားခဲ့ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ လေယာဉ်

ပေါ် စီးနင်းလိုက်ပါလာသော ကျန်ရှိသူ ၁၂၃ ယောက်မှာ ဒဏ်ရာအနာတရ မရရှိခဲ့ဟု သိရသည်။

US Federal Bureau of Investigation (FBI) မှ လေယာဉ်ပျက်စီးမှုသည် အကြမ်းဖက်သူများ၏လုပ်ရပ်ဖြစ်ကြောင်း ညွှန်ပြချက် တစ်စုံတစ်ရာမရှိဟု ပြောကြားခဲ့သည်။

National Transportation Safety Board သယ်ယူပို့ဆောင်မှုဆိုင်ရာအမျိုးသားလုံခြုံရေးဦးစီးအဖွဲ့မှ ကျွမ်းကျင်

သူတစ်စုသည် လေယာဉ်ပျက်ကျမှုကို လေ့လာစစ်ဆေးရန် ဆန်ဖရန်စစ္စကိုသို့ သွားနေပြီဖြစ်သည်။

တောင်ကိုးရီးယားအစိုးရစေလွှတ်သော လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့သည်လည်း ယင်းမတော်တဆမှု

အား စုံစမ်းရန် အခင်းဖြစ်ရာသို့ ဦးတည်ထွက်ခွာနေပြီ ဟု ဆိုးလ်မြို့မှ အာဏာပိုင်များက ဆိုသည်။

အေးရှားနားသည် ဆိုးလ်မြို့အခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး၊ အင်ဂျင်စက်နှစ်လုံးတပ် ၇၇၇ လေယာဉ်

သည် ကမ္ဘာတွင် ခရီးရှည်ပျံသန်းနိုင်သော လေယာဉ်များအနက် အကျော်ကြားဆုံး ဖြစ်သည်။ ၁၂ နာရီ သို့
မဟုတ် ၄င်း၏အထက် ခရီးစဉ်များဖြစ်သော ကမ္ဘာ့တိုက်များအကြား လှည့်လည်ပျံသန်းရာ၌ အသုံးများ
သည့် လေယာဉ်အမျိုးအစားဖြစ်သည်။

- AFP/fa

RangonNewsDaily
kolatt(PBDN): 7.7.2013

0 comments:

Post a Comment