Pages

Friday, June 7, 2013

WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ

Photo: WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ
Friday, June 07 , 2013

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide

Myanmar Consumer Guide

Friday, June 07 , 2013

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ ပရို DSLR ကင်မရာများအား ဈေးကြီးပေးမဝယ်ချင်သူများ ၊အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်
မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communi
cations) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူး
ထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်
ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine
 နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်
သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်
သည်။

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide

Myanmar Consumer Guide ,RangonNewsDaily
ရန်ကုန်နယူးဒေးလီးစ်: ၇.၆.၂၀၁၃

0 comments:

Post a Comment