Pages

Friday, June 7, 2013

Mobile Team ဖမ်းဆီးရရှိမှု ပစ္စည်းများအား လေလံတင် ရောင်းချလျက်ရှိ

Mobile Team ဖမ်းဆီးရရှိမှု ပစ္စည်းများအား လေလံတင် ရောင်းချလျက်ရှိ
Friday, June 07, 2013

နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တရားမ၀င်ဖမ်းဆီးရရှိခဲ့တဲ့ ကုန်ပစ္စည်း
များကို စီးပွားရေးလုပ်ငန်းရှင်များအား ရောင်းချ ပေးခြင်းများကို စတင်
လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

အဆိုပါ လေလံဆွဲခြင်းကို ပြုလုပ်ခဲ့တဲ့ နေရာတွေ ကတော့ မန္တလေး၊ မူဆယ်၊ လားရှိုး၊ အောင်လံ၊ မော်လမြိုင်၊ရန်ကုန်စတဲ့ နေရာတွေမှာ ပြုလုပ်ပေးနေတာ
ဖြစ်ပါတယ်။

လေလံတင် ရောင်းချတဲ့ ပစ္စည်းများကတော့ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ပလပ်စတစ် ပစ္စည်းများ အစရှိတဲ့ ကုန်ပစ္စည်းများ ဖြစ်ပါတယ်။ အဆိုပါ တရားမ၀င်ကုန် ပစ္စည်းကို လေလံတင် ရောင်းချရာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် မေလ 
၁၃ ရက်နေ့အထိ ဖမ်းဆီးရရှိခဲ့ တဲ့ပစ္စည်းများဖြစ်ပြီး လေလံအောင်ခဲ့တဲ့ ပစ္စည်းများရဲ့ တန်ဖိုးကတော့ ၃၈၉၁ သိန်း ကျပ်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို Mobile Team ဖမ်းဆီးမှုများ ဆောင်ရွက်ဖို့အတွက် ကိုတော့ ၂၀၁၂ ခုနှစ်မှစတင်ပြီး ပညာပေးမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို Mobile Team ဖမ်းဆီးရရှိမှု ပစ္စည်းများကို လေလံတင် ရောင်းချ ပေးခြင်းဟာ
ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ အဆင်ပြေစေဖို့နဲ့ ရရှိလာတဲ့ ငွေကြေးများကို လိုအပ်တဲ့ နေရာများမှာ အသုံးပြုနိုင်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

Friday, June 07, 2013

နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တရားမ၀င်ဖမ်းဆီးရရှိခဲ့တဲ့ ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းရှင်များ
အား ရောင်းချ ပေးခြင်းများကို စတင်လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ လေလံဆွဲခြင်းကို ပြုလုပ်ခဲ့တဲ့ နေရာတွေ ကတော့ မန္တလေး၊ မူဆယ်၊ လားရှိုး၊ အောင်လံ၊ မော်လမြိုင်၊
ရန်ကုန်စတဲ့ နေရာတွေမှာ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

လေလံတင် ရောင်းချတဲ့ ပစ္စည်းများကတော့ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပ
စ္စည်း အမျိုးမျိုး၊ပလပ်စတစ်ပစ္စည်းများအစရှိတဲ့ ကုန်ပစ္စည်းများ ဖြစ်ပါတယ်။ အဆိုပါ တရားမ၀င်ကုန် ပစ္စည်း
ကို လေလံတင် ရောင်းချရာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့အထိ ဖမ်းဆီးရရှိခဲ့ တဲ့ပစ္စည်း
များဖြစ်ပြီး လေလံအောင်ခဲ့တဲ့ ပစ္စည်းများရဲ့ တန်ဖိုးကတော့ ၃၈၉၁ သိန်း ကျပ်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါ
တယ်။

အခုလို Mobile Team ဖမ်းဆီးမှုများ ဆောင်ရွက်ဖို့အတွက် ကိုတော့ ၂၀၁၂ ခုနှစ်မှစတင်ပြီး ပညာပေးမှုများ
ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို Mobile Team ဖမ်းဆီးရရှိမှု ပစ္စည်းများကို လေလံတင် ရောင်းချ ပေးခြင်း
ဟာပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အဆင်ပြေစေဖို့နဲ့ ရရှိလာတဲ့ ငွေကြေးများကို လိုအပ်တဲ့
နေရာများမှာ အသုံးပြုနိုင်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4 ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃

0 comments:

Post a Comment