Pages

Friday, June 7, 2013

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ပြည်သူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား လျို့ဝှက်သိမ်းဆည်း

ဇွန် ၇၊၂၀၁၃

အမေရိကန် တယ်လီဖုန်းကုမ္ပဏီ ဗာရီဇွန် (Verizon) အား ကမ္ဘာ့အကြီးဆုံး စုံစမ်း ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့ US National Security Agency (NSA) မှ “ အမေရိကန်နိုင်ငံအတွင်း ပြည်သူအချင်းချင်း နေ့စဉ်ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများ နှင့် ပြည်ပမှ ၄င်းတို့ထံ အမေရိကန်နိုင်ငံ အတွင်းသို့ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများအား တင်ပြရန် ” လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း The Washington Post သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့တဲ့ April လထဲက လျို့ဝှက် ထုတ်ပြန်တဲ့ အမိန့်အရ အကြီးဆုံးအမေရိကန်တယ်လီဖုန်း Company တခုက တဆင့် ခုလို တယ်လီဖုန်းခေါ်ဆိုတဲ့ မှတ်တမ်းတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။

ယင်းအမိန့်ကို လျှို့ဝှက်ရုံးတော်မှ တရားသူကြီးတစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပြည်တွင်းစစ်ဆေးမှုများ ဖြစ်ပေါ်လာဖွယ်မြင်ကြောင်း နှင့် ထောက်လှမ်း စစ်ဆေးရန် ထုတ်ပြန်ချက်များအနက် အကျယ်ပြန့်ဆုံး ဖြစ်ကြောင်း နေ့စဉ်သတင်းစာကဆိုသည်။

ဆက်လက်၍ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ ဖြစ်သော အော်ရီဂွန် မှ ရွန် ၀ှိင်းဒင် (Ron Wyden of Oregon) နှင့် ကိုလိုရာဒို မှ မာ့ခ် အူဒလ် (Mark Udall of Colorado) တို့က ရှေ့နေအဲရစ် ဟိုလ်ဒါ(General Eric Holder) သို့ ယမန်နှစ်က အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ခဲ့သည်။

၎င်းစာတွင် အမေရိကန်များသည် လျှို့ဝှက်တရားရုံးမှ ချမှတ်ထားသော အမိန့်များအား အတိအကျသိရပါက တုန်လှုပ်ကုန်ကြမည်ဖြစ်ကြောင်း “ ကျွန်တော်တို့အမြင်အရ အမေရိကန် ပြည်သူအများစု ထင်မြင်ထားတဲ့ ဥပဒေခွင့်ပြုချက်များ နဲ့ အစိုးရက ခွင့်ပြုထားတဲ့ လျှို့ဝှက်ဥပဒေများဟာ သိသိသာသာကို ကွာခြားလွန်းနေပါတယ် ” ဟူ၍ ရေးသားထား ခဲ့သည်ဟု ဖော်ပြထား၏။

စာတွင် အမေရိကန်တစ်ဝှန်းရှိ လူ့အခွင့်အရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားသူများသည် မိမိနိုင်ငံသားပေါ်ထားရှိသော အမေရိကန်အစိုးရ၏ စုံစမ်းရေးကျင့်ဝတ်မှ သွေဖယ်နေကြောင်း သံသယပွားလျက်ရှိသည်။ လူပေါင်း ၃၀၀၀ ခန့် သေဆုံးစေခဲ့သည့် ၀ါရှင်တန်ဒီစီအနီး နှင့်

နယူးယောက်မြို့၌ဖြစ်ပေါ်ခဲ့သော ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် သံသယ ၀င်စရာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်၏နောက်ပိုင်း အမေရိကန် ဥပဒေပြုအမတ်များက စီးပွားရေးအကျိုးတူပူး ပေါင်းဆောင်ရွက်သူများအား ဥပဒေအောက်မှ အစောတလျင် ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်၏။

၎င်းအချိန်က ဂျော့ခ်ျ ဒဗလျူ ဘွတ်ရှ်(George W Bush) သည် အလ်ကိုင်ဒါး အဖွဲ့အပေါ်သို့ ချက်ခြင်းပင် ပြစ်တင်လွှဲချခဲ့ပြီး၊ ထိုအကြောင်းပြချက်ဖြင့် အီရတ် နှင့် အာဖဂန်နစ္စတန်တွင် ကြီးကျယ်သော စစ်ပွဲများအား ဖြစ်ပေါ်စေခဲ့ သလို၊ အမေရိကန်နိုင်ငံ အတွင်းတွင်လည်း

ဥပဒေများကို ကသုတ်ကရက် ပြဌာန်းခဲ့သည်။ ဥပဒေရေးရာ ကျွမ်းကျင်သူများက ၄င်းအရာသည် အခြေခံ ဥပဒေနှင့်မညီညွတ်သည့်အပြင် ပြည်သူတို့၏ မူလ လွတ်လပ်ခွင့်အားလည်း ချိုးဖောက် လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

ဘရင်နန် ဥပဒေဌာန (Brennan Center for Justice) ရှိ လွတ်လပ်ခွင့်နှင့် အမျိုးသားလုံခြုံရေး (Liberty and National Security Program) မှ တွဲဖက်ဒါရိုက်တာ အလစ်ဇဘက် ဂွိုက်တိန်း (Elizabeth Goitein) က “ ဒါဟာ တုန်လှုပ်စရာ ထုတ်ပြန်ချက်ဖြစ်တယ်။ အစိုးရက အမေရိကန်ရှိ အဖွဲ့အစည်းတွေကို သူတို့ရဲ့တည်နေရာများပါ မကျန် စစ်တမ်းကောက်နေတာလို့ ဒီအချက်က ဖော်ပြနေပါတယ်။ အမေရိကန်ပြည်သူတွေ အချင်းချင်း ပြည်တွင်း ဆက်သွယ်ပြောဆိုချက်တွေဟာ ပြည်ပထေက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတကာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးတစ်ရပ်နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ် ပတ်သက်မှု ရှိနိုင်ပါ့မလဲ ” ဟု ပြောသွားခဲ့ကြောင်း သတင်း၌ဖော်ပြသည်။

သတင်းမှ ထပ်မံဖော်ပြချက်များအရ လူများကို ရုပ်ပုံများနှင့်တကွ ၄င်းတို့၏ မိတ်ဆွေများ၊ ပတ်သက် ဆက်နွှယ်သူများနှင့် ဆက်သွယ်မှု အားလုံး၏ကြာမြင့်ချိန် စသည့် အသေးစိပ် သတင်းအချက်အလက် အမြောက်အများကို NSA မှ ယခုထိတိုင် စုဆောင်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် NSA စုံစမ်းရေးဌာနသည် အရေးပါသော ဖုန်းကုမ္ပဏီများ နှင့် အင်တာနက် ကုမ္ပဏီများမှ ယင်း
သို့သော အချက်အလက်များ စုဆောင်းလျက်ရှိနေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း အမေရိကန် ကိုယ်ပိုင်အခွင့်အရေး ထောက်ခံသူများမှ သတ်မှတ်ထားကြသည်။

MFB/MFB

Ref: PressTV ,RangonNewsDaily
ရန်ကုန်နယူးဒေးလီးစ်: ၇.၆.၂၀၁၃

0 comments:

Post a Comment