Pages

Friday, June 7, 2013

ဘတ်စ်ကားများ ထပ်မံတင်သွင်းပါက CNG ရရှိမှု အခက်အခဲများ ရှိနိုင်

Friday, June 07 , 2013
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြ လာတဲ့ အကြံပြုစာများ အရ ပြည်သူလူထု အများစု စီးနင်း သွားလာနေတဲ့ ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိမှု အခက်အခဲကြောင့် ပိုင်ရှင်များဟာ ယာဉ်များ ထပ်မံ တင်သွင်းဖို့ စဉ်းစားနေ တယ်လို့ သိရပါတယ်။ ဒါကြောင့် ခရီးသည်တင် ဘတ်စ်ကားများ ထပ်မံ တင်သွင်းပါက CNG ရရှိမှုဟာ အခက်အခဲ များဖြစ်နိုင်တယ်လို့ စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းများ အရ သိရပါတယ်။

ဒီလိုမျိုး အခက်အခဲ ဖြစ်နိုင်တာဟာ သဘာဝ ဓါတ်ငွေ့များကို ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းနဲ့ ဇောတိက စီမံကိန်းများမှ ပြည်တွင်း သုံးစွဲဖို့ ထုတ်ယူ သုံးစွဲခြင်း မပြုနိုင်သေးတာတဲ့ အတွက် ကုန်းတွင်း သဘာဝ ဓါတ်ငွေ့ တိုးတက်ထွက်ရှိ မလာသေးတဲ့အတွက် သဘာဝ အလျောက် လျော့နည်း ထွက်ရှိနေတဲ့ သဘာဝ ဓါတ်ငွေ့ကို တွက်ဆပြီး အသုံးပြု နေရတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စွမ်းအင်ဝန်ကြီး ဌာနရဲ့ သဘောထား မှတ်ချက်ကို ရယူခြင်း မရှိဘဲ ပြည်ပမှ စီအန်ဂျီသုံး ယာဉ်များ တင်သွင်းခြင်းကို ရှောင်ကျဉ် သင့်တယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံး အနေနဲ့ တရားဝင် ခွင့်ပြုထားတဲ့ သဘာဝ ဓါတ်ငွေ့သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်နဲ့ တစ်လလျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေသန်း ၆၀၀ ခန့်ကို ဖြန့်ဖြူး ရောင်းချလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

မြ၀တီ ,RangonNewsDaily
ရန်ကုန်နယူးဒေးလီစ်း :၇.၆.၂၀၁၃

0 comments:

Post a Comment