Pages

Friday, June 7, 2013

ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်တွင် သွားရောက်

Photo: ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်ကိုသွား 
Friday, June 07, 2013

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့အကြောင်းပြောကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာအလုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။

မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီblog


Friday, June 07, 2013

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား၎သိန်းရဲ့အခြေအနေတွေကိုသိရှိနိုင်ဘို့အတွက်
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံ
ဆွေး နွေးနေပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံးတရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ်
သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက်
မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ
သား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့အကြောင်းပြော
ကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအ
လုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေး
အပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီးအဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့ကကိုသောင်း
လှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦး
အစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့
မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာ
ကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အ
တွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာ
သံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာအလုပ်သမား
တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေ
သေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့
အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲ
တွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င်ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆွေး
နွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။

မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါ
တယ်။

ဧရာဝတီ ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃

0 comments:

Post a Comment