Pages

Friday, June 7, 2013

မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ

Photo: မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ
Friday, June 07, 2013

ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာခိုင်နှုန်းကျော်မို့ အတော်မြင့်မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။

DVB News

Friday, June 07, 2013

ဇန်န၀ါရီလ ကနေ မေလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်း
နီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်ကြောင်း တိုင်းဒေ
သကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီ အရေအတွက်အရ အမျိုးသမီး၂ ယောက် အဓမ္မ ပြုကျင့်ခံရရင်၁ ယောက်ဟာအရွယ်မရောက်သေးသူ ဖြစ်
နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူ ၆၁ မှုမှာ အသက် ၁၀ နှစ်အောက် ၇ ယောက် ပါဝင်နေတဲ့အတွက် ဒါဟာလည်း ၁၁ ရာ
ခိုင်နှုန်းကျော်မို့ အတော်မြင့်မားတဲ့နှုန်းလို့ သူက ထောက်ပြပါတယ်။ ခုလို ဖြစ်ရတာဟာအရွယ်မရောက်သေး
တဲ့ကလေးငယ်တွေနဲ့ မိန်းကလေးတွေဟာဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀မရရှိတဲ့အတွက်
ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်တွေရော၊ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပါ လှုပ်ရှားမှုတွေ လုပ်ရတော့မယ်လို့ သူက ဆိုပါတယ်။

DVB News , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃

0 comments:

Post a Comment