Pages

Tuesday, June 4, 2013

မူးယစ်ရမ်းကားတဲ့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏သား ၀န်ချတောင်းပန်လိုက်ပြီ"

(1-6-2013)ညပိုင်းက ကျူးလွန်ခဲ့မိသော ရမ်းကားမှုတစ်ရပ်အား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု)၀န်ကြီးဦးဝင်းမြင့်ဆိုသူ၏သား၊ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင်ဇေယျာရွှေမြေဘောလုံးကလပ်အသင်း ဥက္ကဌ-သူရိန် ဆိုသူက ယနေ့(3-6-2013)နေ့ညနေ(၅)နာရီခန့်က ဦးတင်အေး နှင့် သားဖြစ်သူ မောင်လိမ္မာဖြိုး တို့၏နေအိမ်သို့ လာရောက်ကာ မိမိမှားပါကြောင်း အမှုမဖွင့်ဘဲကျေအေးပေးနိုင်ပါရန် ၀န်ချတောင်းပန်ခြင်း များ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ "ညနေ(၅)နာရီလောက်မှာပါ ဦးတင်အေး ရဲ့ အိမ်ကို ကားနဲ့လာပြီးတောင်း ပန်တယ်။သူမှားသွားတယ်ဆိုတဲ့အကြောင်း နောက်နောင်ဒါမျိုးမဖြစ်စေရပါ ဘူး အမှုဖွင့်တိုင်ကြားတာတွေလည်း မလုပ်ဖို့ ပြောဆိုပြီး တောင်းပန်သွားပါ တယ်။ 
သူငေါက်လွတ် ဆဲလွတ်တဲ့ ရဲအရာရှိကိုတော့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးမတောင်းပန်ဘဲ ဖုန်းဆက်ပြီးတော့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်" လို့ ဦးတင်အေး မိသားစုနှင့် နီစပ်သူတစ်ဦးကဆိုပါတယ်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ မြို့ခံအချို့မှ ပြောကြားနေသည်မှာ ရန်ကုန်မှာ ဖိုးလပြည့်..မုံရွာမှ သူရိန် နှစ်ယောက်စလုံးက လနဲ့နေပဲ အပေါ်စီးကလူတွေကြည့်ပဲဖြစ်ကြောင်း ဆိုသည်။
၎င်း တောင်းပန်ပွဲတွင် ဇေယျာရွှေမြေဘောလုံးကွင်းအတွင်း လောင်းကစားဒိုင်ဖွင့်နေသူ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးလည်း လိုက်ပါခဲ့ကြောင်း ရပ်ကွက်သားများကဆိုသည်။

Monywa Times ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

0 comments:

Post a Comment