Pages

Tuesday, June 4, 2013

မြန်မာတေးသံရှင်များ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေမည်

ထိုင်းနိုင်ငံ Miracle of Life အမည်ရှိ Charity အဖွဲ့အစည်း၏ ဖိတ်ကြားမှုကြောင့် မြန်မာတေးသံရှင် များသည် ထိုင်းနိုင်ငံရှိ မဟာချိုင်မြို့သို့ ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် သွားရောက် ဖျော်ဖြေ မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ လေးဇီးကလပ်မှ မန်နေဂျာ ဦးစိုးနိုင်ထွန်းက ပြောကြားသည်။ “ဒီပွဲကို ထိုင်းနိုင်ငံက ဖိတ်လို့သွားတာပါ။ ဒီကနေ ၆ ရက်နေ့မှာ ထွက်ပါမယ်။ကျွန်တော်တို့ ဒီပွဲကို အကောင်းဆုံး ဖျော်ဖြေမှာပါ။ ပွဲကရတဲ့ အကျိုးအမြတ်တွေကိုလည်း အကျိုးရှိတဲ့ နေရာတွေမှာ သုံးမှာပါ။ ထိုင်းနိုင်ငံကလည်း နာမည်ကြီး အဆိုတော်တစ်ယောက် ပါတယ်။ နှစ်ရက် ဖျော်ဖြေမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါပွဲတွင် တေးသံရှင် Rဇာနည်၊ အောင်လ၊ သြရသ၊ ဆိုတေး၊ ချမ်းချမ်း၊ အေသင်ချိုဆွေတို့က ဇွန်လ၇ရက်နေ့တွင် ဖျော်ဖြေမည်ဖြစ်ပြီး ၈ ရက်နေ့တွင် ဟဲလေး၊ အောင်လ၊ စိုင်းစိုင်းခမ်းလှိုင်၊ သြရသ၊ ချမ်းချမ်း၊ အေသင်ချိုဆွေတို့က ဖျော်ဖြေမည်ဖြစ်ကြောင်း၊ လက်မှတ်များကို ထိုင်းဘတ်ငွေ ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်တို့ သတ်မှတ်ထားပြီး ထိုင်းနိုင်ငံမှ ၎င်းတို့ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချပေးမည် ဖြစ်ကြောင်း လေးဇီးကလပ်မှ မန်နေဂျာ ဦးစိုးနိုင်ထွန်းက ပြောကြားသည်။

“ကျွန်တော်က တစ်ရက်ပဲ ဖျော်ဖြေပေးရမှာပါ။ ၈ရက်နေ့မှာ ကိုRဇာနည် နဲ့ ပြန်လာပါမယ်။သီချင်း ဘယ်နှပုဒ်ဆိုတာတော့ သူတို့ မသတ်မှတ်ပေးသေးဘူး။ကျွန်တော့်အရင်အခွေထဲက သီချင်းတွေပဲ ဆိုမှာပါ။ အခုလို ထိုင်းနိုင်ငံက ဖိတ်ခေါ်ပြီး ဆိုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ကျွန်တော် ထိုင်းနိုင်ငံ မှာ ဒီတစ်ခေါက်ဆိုရင် ဒုတိယအကြိမ်ပါ။ ဒီပွဲအတွက်ကတော့ ထွေထွေထူးထူး ပြင်ဆင်နေတာ မရှိ ပါဘူး။ဆိုနေကျအတိုင်းပဲ ဆိုသွားမှာပါ” ဟု တေးသံရှင် ဆိုတေးက ပြောကြားသည်။

The Voice Weekly ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း), ၄.၆.၂၀၁၃

0 comments:

Post a Comment