Pages

Tuesday, June 4, 2013

မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးက သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် လျက်ရှိ

မလေးရှားနိုင်ငံတွင် မေ ၃ဝ ရက် နံနက် ၂ နာရီခန့်က ဆာလာရမ်း (Selayang) ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး အလုပ်ခွင်မှ အပြန်လမ်း၌ အမည်မသိ ဆိုင်ကယ်သမားတစ်စုမှ ဝိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆာလာရမ်းနယ်မြေဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ယင်းနေ့ ည ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် NSK Pasar Borong ၌ အလုပ်လုပ်ကိုင်သူ မြန်မာတစ်ဦး အလုပ်ခွင်မှ အပြန်လမ်း၌ အလားတူ အကြမ်းဖက် တိုက်ခိုက်ခံရသဖြင့် ဆာလာရမ်းနယ်မြေ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ မေ ၃၁ ရက်ညပိုင်းတွင်လည်း Pasar Borong အနောက်၌ နေထိုင်သည့် မြန်မာတစ်ဦးကို အမည်မသိ လူတစ်စုက ဝင်ရောက်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်များအရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးအနေဖြင့် မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရဲချုပ်ရုံးများသို့ သံတမန်နည်းလမ်းအရ အကြောင်းကြား၍ ကာကွယ်စောင့်ရှောက်ပေးရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ 
ထူးခြားမှုရှိပါကလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ ဆက်သွယ်ရန် သတိပေးထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Khitlunge ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

0 comments:

Post a Comment