Pages

Tuesday, June 4, 2013

လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ

လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ
========================
ဇွန် ၄၊ ၂၀၁၃
M-Media
KK

လားရှိုးမြို့ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယခုအခါ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်းသိရသည်။

မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားခဲ့သော ဘာသာရေး စာသင်ကျောင်း မိဘမဲ့ဂေဟာမှ ကလေးများကို လားရှိုးမြို့ ပန်းသေးမိသားစု အသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။ 

အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သို့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေအား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုးမြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

ဓါတ်ပုံအညွန်း- အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ်ကျောင်းတော်ပုံဖြစ်ပါသည်။
Photo Credit- ဧရာဝတီ
အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ်ကျောင်းတော်
ဇွန် ၄၊ ၂၀၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်း
ဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယ
ခုအခါ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်းသိရသည်။ မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေ
ထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြ
မည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
 
မီးလောင်ကျွမ်းသွားခဲ့သောဘာသာရေးစာသင်ကျောင်းမိဘမဲ့ဂေဟာမှကလေးများကိုလားရှိုးမြို့ပန်းသေး
မိသားစု အသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။

အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သု
ိ့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေ
အား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုး
မြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

M-Media, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

 

0 comments:

Post a Comment