Pages

Tuesday, June 4, 2013

ဒဂုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်၊ ဓါတ်တိုင်နှင့် တယ်လီဖုန်းသံတိုင်များလဲကျမှုဖြစ်ပွား

ဒဂုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်၊ ဓါတ်တိုင်နှင့် တယ်လီဖုန်းသံတိုင်များလဲကျမှု

၎-၆-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် ဒဂုံမြို့နယ်၊ ပြည်အနောက် ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာ လမ်းနှင့်ခရေပင်လမ်းဒေါင့်ရှိ
လုံးပတ် (၆)ပေခန့်စိန်ပန်းပင်ကြီးမှာ မိုးရွာသွန်းမှု
ကြောင့် မြေပျော့၍ ပြည်ထောင်စုရိပ်သာလမ်းပေါ်သို့
အမြစ်ကျွတ်လဲကျရာ လိုင်းအား(၄၄၀)ဗို့ရှိ ကွန်ကရစ် ဓါတ်တိုင် ပေါ်သို့လဲကျပြီး ဓါတ်တိုင်ကျိုးသွားခဲ့ပါသည်။
အလားတူ (၀၉၄၅) အချိန် ပြည်အရှေ့ရပ်ကွက်၊ ခြံအမှတ်(၅၄)၊ ဆောက်လုပ်ရေးအရာထမ်းအိမ်ရာဝင်းအတွင်းရှိ
လုံးပတ်(၁၅)ပေခန့်ရှိသောညောင်ပင်သည် စကားဝါလမ်းပေါ်သို့ အမြစ်ကျွတ်လဲကျခဲ့ရာ ဆောက်လုပ်ရေးအိမ်ရာ ခြံစည်းရိုးနှင့်
ခြံအမှတ် (၅၃)ခြံစည်းရိုးပျက်စီးပြီး ဘေးရှိတယ်လီဖုန်းသံတိုင်
တို့မှာ ကျိုးကျသွားခဲ့ပါသည်။ထိုကဲ့သို့သစ်ပင်၊ ဓါတ်တိုင်နှင့်
တယ်လီဖုန်း သံတိုင်တို့ လဲကျမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သစ်ပင်လဲကျမှုအား ဒဂုံမြို့နယ်
စည်ပင်ပန်းဥယျာဉ်ဌာနခွဲမှူး ဦးတင်အောင်နှင့်အဖွဲ့မှ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး တယ်လီဖုန်းသံတိုင် လဲကျမှုနှင့်
ပတ်သက်၍ ဆက်သွယ်ရေးရုံးသို့ အကြောင်းကြား
ထားရှိကြောင်းနှင့် လျှပ်စစ်ဓါတ်တိုင်အား ဒဂုံမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျနှင့်အဖွဲ့မှ
ပြုပြင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်

၎-၆-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် ဒဂုံမြို့နယ်၊ ပြည်အနောက် ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာ လမ်းနှင့်ခေ
ရပင်လမ်းဒေါင့်ရှိလုံးပတ် (၆)ပေခန့်စိန်ပန်းပင်ကြီးမှာမိုးရွာသွန်းမှုကြောင့် မြေပျော့၍ ပြည်ထောင်စုရိပ်သာ
လမ်းပေါ်သို့အမြစ်ကျွတ်လဲကျရာ လိုင်းအား(၄၄၀)ဗို့ရှိ ကွန်ကရစ် ဓါတ်တိုင် ပေါ်သို့လဲကျပြီး ဓါတ်တိုင်ကျိုး
သွားခဲ့ပါသည်။အလားတူ (၀၉၄၅) အချိန် ပြည်အရှေ့ရပ်ကွက်၊ ခြံအမှတ်(၅၄)၊ ဆောက်လုပ်ရေးအရာထမ်းအိမ်ရာဝင်းအတွင်းရှိလုံးပတ်(၁၅)ပေခန့်ရှိသောညောင်ပင်သည်စကားဝါလမ်းပေါ်သို့ အမြစ်ကျွတ်လဲကျခဲ့ရာ ဆောက်လုပ်
ရေးအိမ်ရာ ခြံစည်းရိုးနှင့်ခြံအမှတ် (၅၃)ခြံစည်းရိုးပျက်စီးပြီး ဘေးရှိတယ်လီဖုန်းသံတိုင်တို့မှာ ကျိုးကျသွားခဲ့ပါ
သည်။
 
ကဲ့သို့သစ်ပင်၊ ဓါတ်တိုင်နှင့် တယ်လီဖုန်း သံတိုင်တို့ လဲကျမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သစ်ပင်လဲကျမှုအား ဒဂုံမြို့နယ်စည်ပင်ပန်းဥယျာဉ်ဌာနခွဲမှူး ဦးတင်အောင်နှင့်အဖွဲ့မှ ရှင်းလင်းဆောင်ရွက်
ခဲ့ပြီးတယ်လီဖုန်းသံတိုင်လဲကျမှုနှင့်ပတ်သက်၍ဆက်သွယ်ရေးရုံးသို့အကြောင်းကြားထားရှိကြောင်းနှင့်လျှပ်
စစ်ဓါတ်တိုင်အား ဒဂုံမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျနှင့်အဖွဲ့မှပြုပြင်လျက်ရှိကြောင်း
သတင်း ရရှိပါသည်။

ရဲဇာနည် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း), ၄.၆.၂၀၁၃

0 comments:

Post a Comment