Pages

Tuesday, May 28, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင် ရွက်မည့် အခမ်းအနားမှူးနှင့် အစီအစဉ် တင်ဆက်သူ Volunteer များ ဖိတ်ခေါ်

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို (၁၁-၁၂-၂ဝ၁၃) ရက်တွင် လည်းကောင်း၊ ပိတ်ပွဲ အခမ်းအနားကို (၂၂-၁၂-၂ဝ၁၃) ရက်တွင် လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်၍ အဆိုပါ အခမ်းအနား များတွင် အစီအစဉ် ကြေညာသူ (Announcer) ,အစီအစဉ် တင်ဆက်သူ (Presenter), Volunteer များဖိတ်ခေါ်ထားကြောင်းသတင်းရရှိသည်။ 
(Announcer) အတွက် ကျားနှစ်ဦး၊ မနှစ်ဦးနှင့် အစီအစဉ် တင်ဆက်သူ (Presenter) အတွက် ကျားနှစ်ဦး၊ မနှစ်ဦး လိုအပ်ပြီး ပါဝင် ဆောင်ရွက်လိုသော Volunteer များသည် မြန်မာ တိုင်းရင်းသား/သူ ဖြစ်ရမည်၊ ရုပ်ရည်ပြေပြစ် ချောမောသူ လူပျို/ အပျို ဖြစ်ရမည်၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သူ ဖြစ်ရမည်၊ အမျိုးသား အရပ် ၅ ပေ ၇ လက်မ၊ အမျိုးသမီး အရပ် ၅ ပေ ၄ လက်မခန့် ရှိရမည်၊ အသက် ၁၉ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်။

(အရည်အချင်း ထူးချွန်သူများ အတွက် အသက် အတိုး/အလျှော့ ထည့်သွင်း စဉ်းစားမည်။) အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်၊ အင်္ဂလိပ်စာ ကျွမ်းကျင် မှု ပဏာမ စစ်ဆေးရန် သတ်မှတ် ပေးထားသော အင်္ဂလိပ်စာပိုဒ် ဖတ်ကြားမှု၊ သရုပ်ဆောင်မှုတို့ကို မိမိ၏ရုပ်၊ အသံ DVD ရိုက်ကူးထားသည့် (CD)နှင့်တကွ တင်ပြ နိုင်ရမည်၊ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှုကို အဓိက စစ်ဆေးမည်ဖြစ်၍ ထူးချွန်သူများကို ပညာ အရည်အချင်း လျှော့ပေါ့ စဉ်းစားပေး မည်၊

မြန်မာဆန်သော အသားအရောင် ရှိရမည်၊ ဆံပင် အနက်ရောင် ဖြစ်ရမည်၊ အကျင့် စာရိတ္တ ကောင်း မွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ထောက်ခံချက် ပါရှိရမည်၊ ရွေးချယ်ခြင်း ခံရပါက ဝန်ကြီးဌာ နမှ စခန်းသွင်း လေ့ကျင့်မှု အတွက် ကုန်ကျစရိတ်ကို ကျခံပေးမည်၊ အစိုးရ ဝန်ထမ်းများ လျှောက်ထားလိုပါက မိမိတို့ သက်ဆိုင်ရာ ဌာနအကြီး အကဲ၏ ခွင့်ပြု အမိန့်စာ ပါရှိရမည် ဖြစ်သည်။

လျှောက်လွှာ ပုံစံများကို ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီရုံး၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်တွင် လည်းေ ကာင်း၊ ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်၊ ညွှန်ကြားရေးမှူးရုံးတွင် လည်းကောင်း၊ မန္တလေးမြို့ရှိ အမျိုးသား ဇာတ်ရုံ၊ ညွှန်ကြားရေးမှူး ရုံးတို့တွင် လည်းကောင်း၊ တစ်စောင်လျှင် ကျပ် ၁ဝဝဝ/- နှုန်း (ကျပ်တစ် ထောင်တိတိ)ဖြင့် (၁-၆-၂ဝ၁၃)ရက်မှ စတင် ရောင်းချမည် ဖြစ်ပြီး လျှောက်လွှာ လက်ခံမည့် နောက်ဆုံး ရက်မှာ (၃ဝ-၆-၂ဝ၁၃) ရက် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၆၇-၄ဝ၈ဝ၃၂၊ ဝ၆၇-၄ဝ၈၃၈၄၊ ဝ၁-၃၉၅၁၉ဝ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သတင်း ရရှိသည်။

မြ၀တီ ,  Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment