Pages

Tuesday, May 28, 2013

လားရှိုးမြို့နောက်ဆက်တွဲသတင်း (ည ၈း၁၅)

မေ ၂၈၊ ၈:၁၅ နာရီ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး လားရှိုးမြို့ခံတစ်ဦး အား ဆက်သွယ်မေးမြန်းရာ အဆိုပါ မီးရှို့သူသည် လားရှိုးမြို့ခံ မဟုတ်ပဲ လူစိမ်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၃ ရက်ခန့်မှ စပြီး မြို့အတွင်း ပြသနာရှာနေခဲ့ကြောင်း၊ ယခုအစီရင်ခံနေစဉ် အချိန်အတွင်း ဗလီကြီးအား မီးတင်ရှို့နေပြီဖြစ်ကြောင်းသတင်းရရှိသည်။အခင်းမဖြစ်ပွားမှီက ပင် အာဏာပိုင်များအား အကူအညီတောင်းခဲ့သော်လည်း ထိရောက်သော အကူအညီများမရခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့မှ အထက်အမိန့်မရဟုဆိုက မီးငြိမ်းသတ်မှု မပြုကြောင်း၊ အဆိုပါမြို့ခံမှ မြန်မာမွတ်စလင်မ်မီဒီယာ၏ မေးမြန်းမှုအား ပြောကြားခဲ့ပါသည်။
ယခုအချိန်တွင် မွတ်စလင်မ်များ၏ အိမ်ခြေများကို ဖျက်ဆီးမှု အန္တရာယ်ရှိသဖြင့် မြို့ခံများ စတင်တိမ်းရှောင်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
Myanmar Muslim Net( မြင့်မြတ်သူ) , Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment