Pages

Tuesday, May 28, 2013

အစိုးရနဲ့KIOတို့ နောက်တကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းကကျင်းပပြုလုပ်


မေလ ၂၈ ရက် ၂၀၁၃

မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) တို့ ကြား အပစ်အခတ်ရပ်စဲရေးအတွက် ဒီကနေ့မှာ စတင်စကားပြောဆိုဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ငြိမ်းချမ်းရေး စကားပြောဆိုဆွေးနွေးဖို့အတွက် အဖွဲ့စည်းက တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့က မနေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။

မြို့တော် မြစ်ကြီးနားကို ရောက်ရှိလာတဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေကို သောင်းနဲ့ချီတဲ့ ကချင်ပြည်သူလူထုတွေက ကြိုဆိုကြကြောင်းလည်း သိရပါတယ်။

အခုစကားပြောဆိုဆွေးနွေးမှုကို အစက ဧပြီလ မှာ ပြုလုပ်မယ်လို့ သဘောတူထားခဲ့ပေမယ့် နောက်ပိုင်းမှာ မေလကုန်အထိ ရက်ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်

အခုတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုဟာ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား ကချင်ပြည်နယ်အတွင်း ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်လို့ သိရပါတယ်။

ABC Radio , Rangonnewsdaily
RND:  :27.5.2013

0 comments:

Post a Comment