Pages

Tuesday, May 28, 2013

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် 94B မုန်တိုင်းအဆင့် မရောက်နိုင်တော့ ဟုခန့်မှန်း

Photo: မေလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၁ဝးဝဝ နာရီတွင် တွေ့မြင်ရသော INVEST 94B အခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်လျှက်ရှိသည့်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ တိမ်တိုက်ဖြစ်ပေါ်နေပုံ ဖြစ်ပါသည်။
http://blog.mmweather.com/2013/05/28/invest-94b-bay-of-bengal-4/#comment-2160
ပြန့်ကျဲနေသော တိမ်တိုက်များနှင့် လေဖိအားနည်းရပ်ဝန်း 94B
ဘင်္ဂလားပင်လယ်အော်မြောက်ပိုငးမှာမနေ့ကဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း94B ဟာညကတော့
ပိုမိုအားကောင်းမလာတဲ့အပြင် ဖွဲ့စည်းပုံတောင် ကျစ်ကျစ်လစ်လစ် မရှိတော့ဘဲ ပြန့်ကျဲလာတာကိုတွေ့ရ
ပါတယ်။ ဒါပေမယ့် ဆက်လက်တည်ရှိနေဆဲဖြစ်လို့ စောင့်ကြည့်အဖြစ်နဲ့ ဆက်လက်သတ်မှတ် ထားပါတယ်။
ကျွန်တော်မူလခန့်မှန်းထားတဲ့အတိုင်း
(၁) ဖြစ်နေကျ ဖြစ်စဉ်တစ်ခုပါ။
(၂) အားကောင်းတဲ့ မုန်တိုင်း ဖြစ်လာဖို့ နည်းပါတယ်။
(၃) ဖြစ်ရင်လည်း မြန်မာနိုင်ငံကို မ၀င်နိုင်ပါဘူး။

ဒီခန့်မှန်းချက်ကိုဘဲ မပြောင်းလဲဘဲ ဆက်လက် ထုတ်ပြန်လိုပါတယ်။
Photo

လေဖိအားနည်းဆဲလ် INVEST 94B သည် မေလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိ
သည့် NRL data များအရ မြောက်- အနောက်မြောက်ဘက်သို့  ရွေ့ လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့  အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့် ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်- အနောက်တောင်ဘက် ၁၈၅ မိုင်ခန့် ၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်- အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့် အကွာ ဘင်္ဂလား ပင်
လယ်အော် မြောက်ပိုင်းတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါသည်။
Photo: မေလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် တွေ့မြင်ရသော INVEST 94B အခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ တိမ်တိုက်ဖြစ်ပေါ်နေပုံ ဖြစ်ပါသည်။
မေလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် တွေ့မြင်ရသော INVEST 94B အခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ တိမ်တိုက်ဖြစ်ပေါ်နေပုံ
INVEST 94B သည် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး INVEST 94B အဖြစ်
စတင်ဖြစ်ပေါ်ခြင်း မရှိမီ မူလ GFS ကွန်ပျူတာ မော်ဒယ်မှ ခန့် မှန်းခဲ့သည့် အတိုင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်
နယ်စပ်မှ ကုန်းတွင်းသိုဆက်လက်ရွေ လျားဝင်ရောက်သွားမည်ဟု ခန့် မှန်းရပါသည်။ ဆက်လက်ရွှေ့ လျား
ဝင်ရောက်မည့် အခြေအနေတွင် INVEST အဆင့်မှ ထပ်မံ၍ အားကောင်း လာနိုင်ဘွယ် မရှိဟုလည်း ခန့် 
မှန်းရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
28 May 2013 0000Z
Location: 21.1 89.3
Winds: 15 knots
Central Pressure: 1010 hPa
 
ဒေါက်တာထွန်းလွင်
94B Updates
28-5-2013
Singapore  
Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment