Pages

Tuesday, May 28, 2013

သန်လျင် GTU တွင်ကျောင်းသားများ ကျောင်းပြင်ပတွင် ယမန်နေ့မနက်ပိုင်းက အုပ်စုဖြင့်ခိုက်ရန်ဖြစ်ပွား

28-5-2013
၂၇.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် နည်းပညာ တက္ကသိုလ်ကျောင်းသာများဖြစ်သည့် မိုးအောင် (၁၈)နှစ်၊ (ဘ)ဦးဇော်မြင့်၊ ပထမနှစ် (ဓါတု)၊ ထက်ဝေယံ (၂၂) နှစ်၊ (ဘ) ဦးတင်အောင်ကျော်၊
ပထမနှစ် (ဓါတု)တို့နှစ်ဦးသည်GTU ကျောင်းရှေ့မှတ်တိုင် မှကျောင်းသို့ လမ်းလျှောက်လာရာ ကျောက်ခွဲစက်အနီး ကွမ်းယာဆိုင်၌
ဈေးဝယ်နေစဉ် အမည်မသိသူတစ်ဦးနှင့် ပခုံးချင်းတိုက်မိရာမှ စကားများရန်ဖြစ်ကြသည်။ပီးနောက် လုံးထွေးသတ်ပုတ်ကြရာ
အမည်မသိသူမှ ဓါးဖြင့်ထိုးပြီးထွက်ပြေးသွား၍ မိုးအောင်တွင် ၀ဲချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ထက်ဝေယံတွင် နောက်ကျော ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ရရှိခဲ့သဖြင့် မိုးအောင်မှ အရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ သန်လျင်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ ၂၅.၅၂၀၁၃ ရက်နေ့တွင် ဝေယံဖုန်းမြင့် (၁၇)နှစ်၊
(ဘ) ဦးမြ၀င်း၊ (GTU) သည် ၄င်း၏ ရည်းစားဖြစ်သူ မ----- ၏လက်ကိုင်ဖုန်းသို့ ထက်ဝေယံဆိုသူမှ နောက်ပြောင်ပြောဆိုသည်ကို မကျေနပ်သဖြင့် ဖုန်းနှင့်စကားများရန်ဖြစ်ကြပြီး ၂၇.၅.၂၀၁၃ ရက်နေ့နံနက်ပိုင်းတွင် ၆ လမ်းသွားလမ်းဆုံ၌ တစ်ဦးချင်း လက်သီးထိုးရန်ချိန်းဆိုခဲ့ကြောင်း၊ ဝေယံဖုန်းမြင့်မှ သူငယ်ချင်းများဖြစ်သော အောင်ကျော်ဇင် ပထမနှစ် (GTU)၊
အောင်လင်းဖြိုး ပထမနှစ် (GTU) ဟိန်းစိုးအောင် (GTU)၊
ဟိန်းဝေယံချစ် (စိစစ်ဆဲ)၊ မြတ်လင်းအောင် (စိစစ်ဆဲ)၊ ကျော်သူစံ၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ နွားကြီး (ခ) ၀င်းမင်းထွန်း၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ သက်ပိုင်စိုး (ခ) အတွတ်၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ ဆံရှည် (ခ) ထွန်းထွန်း၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ တို့နှင့်အတူချိန်းဆိုထားသည့် (၆) လမ်းသွားလမ်းဆုံသို့သွားရောက်ခဲ့ပြီး ထက်ဝေယံနှင့် မိုးအောင်ပါ
(၁၅) ဦးခန့်နှင့် စကားများရန်ဖြစ်ခဲ့ရာ သက်ပိုင်စိုး (ခ) အတွတ်တို့မှ ဓါးဖြင့်ထိုး၍ ဆိုင်ကယ် (၃) စီး ဖြင့်ထွက်ပြေးသွာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အမှုမှတရားခံများဖြစ်သော ဝေယံဖုန်းမြင့်၊ အောင်ကျော်ဇင်၊
အောင်လင်းဖြိုး၊ ဟိန်းစိုးအောင်၊ ကျော်သူစံ၊ သက်ပိုင်စိုး(ခ)အတွတ်၊ ဆံရှည်(ခ)ထွန်းထွန်း၊ နွားကြီး(ခ)၀င်းမင်းထွန်းတို့အား ဖမ်းဆီးရမိ စစ်ဆေးလျက်ရှိပြီး ကျန်တရားခံ ဟိန်းဝေယံချစ်နှင့် မြတ်လင်းအောင် တို့အားဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

ရဲဇာနည် , Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment