Pages

Tuesday, May 28, 2013

"သမန်းကျားအဖြစ် သရုပ်ဆောင်မယ့် ဝတ်မှုံရွှေရည်"

ဝတ်မှုံရွှေရည်က ပြေတီဦး၊ ဒါရိုက်တာကျော်ဇောလင်း၊ ဒါရိုက်တာ ညီညီထွန်းလွင်တို့နဲ့ ဇာတ်ကားရိုက်ကူးဖို့အတွက် မေလ ၁၇ ရက်နေ့က ပြင်ဦးလွင်မြို့ကိုသွားခဲ့ပြီး ဇွန်လဆန်းလောက်မှ ပြန်လည် ရောက် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဇော်ကိုကိုရိုက်ကူးတဲ့ ‘ပုံပြောင်ကောင်းတဲ့သူ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ရှိပြီး ရိုက်ကူး ရက်ညှိနေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။     ဒီရုပ်ရှင်ဇာတ်ကားလေးက ထူးခြားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်ကားထဲမှာ ဝတ်မှုံရွှေရည်က သမန်းကျားအဖြစ် သရုပ် ဆောင်ရမှာဖြစ်ကြောင်းကို “ဇာတ်လမ်းကန်းတယ်။ 3D Effect  တွေလည်းပါတယ်။ 

တစ်ခါမှ ရုပ်ရှင်မှာမမြင်ဖူးသေးတဲ့ ဇာတ်လမ်း အထူးအ ဆန်းလေးပါပဲ။ ရေသူမတွေလည်းပါမယ်။ သမန်းကျားတွေရော၊ စုန်းမတွေရော၊ အကောင်တွေလည်းပါတယ်။ အဲဒီဇာတ် လမ်းလေးက အခု ဖတ်နေ တုန်းဆိုတော့ ရက်ညှိနေကြတုန်းပဲ။ ရိုက်ဖြစ်ဖို့တော့ များပါတယ်။ ဇာတ်လမ်းကိုတော့ ဒီလထဲမှာ ကြိုတင်ပေးထားတယ်။ ဒါပေမဲ့ ရက်တွေ၊ ဘာတွေ ပြန်ညှိ ရဦးမှာပါ” လို့ပြောပါတယ်။ 

ဝတ်မှုံရွှေရည်က အခုနောက် ပိုင်းမှာ ရိုက်ကူးနေကျ ပုံစံမျိုးနဲ့မတူဘဲ ဇာတ်လမ်းပုံစံ ဆင်တူ ယိုးမှားလေး တွေမဖြစ်အောင်၊ မလုပ်ဖူးတဲ့ဇာတ်ရုပ်တွေကို ရွေးချယ်ပြီး ရိုက်ကူးသွားမှာဖြစ် တယ်လို့ ပြောပါတယ်။ တချို့ဇာတ်ကား တွေကိုတော့ ဇာတ်ရုပ်ကို သရုပ် ဆောင်ဖို့ ယုံကြည်မှုမရှိရင် မရိုက် ဖြစ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်က…

“သရုပ်ဆောင်တစ်ယောက် ဆို တာကလည်း ကစ်ထင်တာက ကိုယ်တကယ် ဒီဇာတ်ရုပ်ကို အားသန်မှ၊ ကိုယ်တကယ် ဒီဇာတ်ရုပ်ကို ပြင်း ပြင်းထန်ထန် သရုပ် ဆောင်ချင်တဲ့ စိတ်ရှိမှ ဒီဇာတ်ကားမှာ လိုချင်တဲ့ တန်ပိုကိုရောက်မှာပေါ့။ အဲဒါကြောင့် တချို့ ဇာတ် ကားလေးတွေက ကိုယ် တကယ်ကြီးကိုရိုက်ချင်တဲ့ စိတ်ရှိမှ၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိမှ ပဲရိုက်ချင် တာပေါ့။ တချို့ဇာတ် ကားလေးေ တွကျ တော့လည်း ဒီဇာတ်ရုပ် အတွက် သတ္တိမရှိတာမျိုးတွေကြောင့်လည်း မရိုက်ဖြစ်တာပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဝတ်မှုံရွှေရည်က ပြေတီဦး၊ ဒါရိုက်တာကျော်ဇောလင်း၊ ဒါရိုက်တာ ညီညီထွန်းလွင်တို့နဲ့ ဇာတ်ကားရိုက်ကူးဖို့အတွက် မေလ ၁၇ ရက်နေ့က ပြင်ဦးလွင်မြို့ကိုသွားခဲ့ပြီး ဇွန်လဆန်းလောက်မှ ပြန်လည် ရောက် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဇော်ကိုကိုရိုက်ကူးတဲ့ ‘ပုံပြောင်ကောင်းတဲ့သူ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ရှိပြီး ရိုက်ကူး ရက်ညှိနေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားလေးက ထူးခြားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်ကားထဲမှာ ဝတ်မှုံရွှေရည်က သမန်းကျားအဖြစ် သရုပ် ဆောင်ရမှာဖြစ်ကြောင်းကို “ဇာတ်လမ်းကန်းတယ်။ 3D Effect တွေလည်းပါတယ်။

တစ်ခါမှ ရုပ်ရှင်မှာမမြင်ဖူးသေးတဲ့ ဇာတ်လမ်း အထူးအ ဆန်းလေးပါပဲ။ ရေသူမတွေလည်းပါမယ်။ သမန်းကျားတွေရော၊ စုန်းမတွေရော၊ အကောင်တွေလည်းပါတယ်။ အဲဒီဇာတ် လမ်းလေးက အခု ဖတ်နေ တုန်းဆိုတော့ ရက်ညှိနေကြတုန်းပဲ။ ရိုက်ဖြစ်ဖို့တော့ များပါတယ်။ ဇာတ်လမ်းကိုတော့ ဒီလထဲမှာ ကြိုတင်ပေးထားတယ်။ ဒါပေမဲ့ ရက်တွေ၊ ဘာတွေ ပြန်ညှိ ရဦးမှာပါ” လို့ပြောပါတယ်။

ဝတ်မှုံရွှေရည်က အခုနောက် ပိုင်းမှာ ရိုက်ကူးနေကျ ပုံစံမျိုးနဲ့မတူဘဲ ဇာတ်လမ်းပုံစံ ဆင်တူ ယိုးမှားလေး တွေမဖြစ်အောင်၊ မလုပ်ဖူးတဲ့ဇာတ်ရုပ်တွေကို ရွေးချယ်ပြီး ရိုက်ကူးသွားမှာဖြစ် တယ်လို့ ပြောပါတယ်။ တချို့ဇာတ်ကား တွေကိုတော့ ဇာတ်ရုပ်ကို သရုပ် ဆောင်ဖို့ ယုံကြည်မှုမရှိရင် မရိုက် ဖြစ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်က…

“သရုပ်ဆောင်တစ်ယောက် ဆို တာကလည်း ကစ်ထင်တာက ကိုယ်တကယ် ဒီဇာတ်ရုပ်ကို အားသန်မှ၊ ကိုယ်တကယ် ဒီဇာတ်ရုပ်ကို ပြင်း ပြင်းထန်ထန် သရုပ် ဆောင်ချင်တဲ့ စိတ်ရှိမှ ဒီဇာတ်ကားမှာ လိုချင်တဲ့ တန်ပိုကိုရောက်မှာပေါ့။ အဲဒါကြောင့် တချို့ ဇာတ် ကားလေးတွေက ကိုယ် တကယ်ကြီးကိုရိုက်ချင်တဲ့ စိတ်ရှိမှ၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိမှ ပဲရိုက်ချင် တာပေါ့။ တချို့ဇာတ် ကားလေးေ တွကျ တော့လည်း ဒီဇာတ်ရုပ် အတွက် သတ္တိမရှိတာမျိုးတွေကြောင့်လည်း မရိုက်ဖြစ်တာပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင် (Popular Myanmar) , Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment