Pages

Tuesday, May 28, 2013

လားရှိုးဗလီကို အကြမ်းဖက်သမားများ မီးတင်ရှို့လိုက်ပြီ ( ည ၈နာရီ ၃၀ )

မဂ်ရစ်ဗ်နမားဇ်အပြီး ညနေ ၆နာရီခွဲ့ခန့်မှာ လားရှိုးဗလီကို အကြမ်းဖက်သမားများ မီးတင်ရှို့လိုက်ကြောင်း သတင်းရရှိသည်။ ညနေအဆရ်အပြီးက ဗုဒ္ဓဘာသာဝင်ဟုယူဆရသည့် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဆီဖြည့်နေစဉ် ဘယ်ဘာသာဝင်မှန်းမသိသည့်လူတစ်ဦးက မီးခြစ်ပစ်ထည့်လိုက်ရာ ထိုအမျိုးသမီးမှာ မီးလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။ တရားခံကို ရဲစခန်းမှ ချက်ချင်းလာရောက်ဖမ်းဆီးသွားကြောင်း၊ အဆိုပါဖြစ်ရပ်ကို မကျေနပ်သည့်လူစုက တရားခံသည် မွတ်စလင်ကုလားဖြစ်ကြောင်းသတင်းဖွ၍ ရဲစခန်းတွင်ထိုသူအားထုတ်ပေးရန် တောင်းဆိုကြကြောင်းသိရသည်။
ရဲစခန်းမှ အကြမ်းဖက်သမားများကို အဝင်မခံဘဲ ဝင်းခြံတံခါးပါ သော့ခတ်ထားကြောင်း၊ ထိုမှတဆင့် မြို့တွင်းရှိ အစ္စလာမ်ဘာသာဝင်တို့၏ အိုးအိမ်ပစ္စည်းများ၊ ဆိုင်ခန်းများကို လိုက်လံဖျက်ဆီ၍ အကြမ်းဖက်မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ဗလီမီးရှို့ပြီးနောက် ရသီးမ်ခါနာအရဗီကျောင်းဘက်သို့ ချီတက်နေကြကြောင်း လားရှိုးရှိ မိတ်ဆွေတစ်ဦးက သတင်းပေးပို့သည်။
လာ၇ှိုးမြို့မဗလီကြီး ဘေးရှိမွတ်စလင်းပိုင်ဆိုင်းခန်းများ ရပ်ကွက်(၃)မွတ်စလင်းအိမ်အချို့ လာရှိုးအာရဗီတကသိုလ်တို့အား အကြမ်းဖတ်သမားများမှ (28.5.2013)ည(7း45)အချိန်ထိ လွတ်လပ်စွာ အတားအဆီးမရှိ ဥပဒေအကာအကွယ်မရှိ မီးရှိုးဖျက်ဆီးလိုက်ပြီးဖြစ်ကြောင်း လာရှိုးမြို့ခံတစ်ဦးမှ ဖုန်းဖြင့်အသိပေးသည်။အခုလားသျှိုး မှာ မီးရှို့ လူသတ်နေတာ ၄နာရီရှိပြီ အ ပေါ် ဗလီ နဲ့ အောက် ဗ လီ ကိုဝိုင်းထားတယ် အိမ်ခြေ၂၀၀ ကျော် ဖျက်ဆီးခံရပြီးဖြစ်ပါတယ်။ ဖုန်းဖြင့် မေးမြန်းထားခြင်းပါ။
ကိုကျော်ဝင်း, Rangonnewsdaily
RND:  :28.5.2013

0 comments:

Post a Comment