Pages

Tuesday, May 21, 2013

ဓာတ်ပုံမျှဝေမှု ဝက်ဘ်ဆိုဒ် Flickr အား ပြန်လည် အသက်သွင်းလိုက်သည့် Yahoo!

ဓာတ်ပုံမျှဝေမှု ဝက်ဘ်ဆိုဒ် Flickr အား ပြန်လည် အသက်သွင်းလိုက်သည့် Yahoo!

တစ်ချိန်တစ်ခါက နာမည်ကျော်ပြီး လူသုံးအများဆုံး ဖြစ်ခဲ့တဲ့ Flickr (သို့) ဓာတ်ပုံမျှဝေမှု အင်တာနက် စာမျက်နှာဟာ Yahoo ရဲ့ လက်ဝယ်မှာတော့ အကြီးအကျယ် ကျရှုံးခဲ့ရပါတယ်။ Flickr ကို သတ်ခဲ့တာဟာ Yahoo လို့တောင် ပြောစမှတ် ပြုခဲ့ပါတယ်။ 

ဒါပေမယ့် CEO ဖြစ်သူ Marissa Mayer ၏ ဦးဆောင်မှုဖြင့် အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေတဲ့ Yahoo ဟာ Flickr ကို ယင်းတို့၏ အနာဂတ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ပြီး ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ယမန်နေ့တွင် Tumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ဆက်တိုက်ဆိုသလိုပင် အသစ်ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့ Flickr အင်တာနက် စာမျက်နှာအား Yahoo မှ လွှင့်တင်ခဲ့ပါတယ်။ 

အသစ်စက်စက် Flickr အနေနဲ့ သုံးစွဲသူများ၏ ကြီးမားသည့် ဖိုင်အရွယ်အစားရှိ ဓာတ်ပုံများအား သိုမှီးထားနိုင်ရန် ဖန်တီးပေးထားသလို သိုမှီးနိုင်မှု ပမာဏကိုလည်း 1 TB အထိ ပေးအပ်ထားပါတယ်။ 1 Terabyte ဆိုတာ 1024 Gigabytes ဖြစ်ပြီး စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၅ သိန်းခန့်အား သိုမှီးထားနိုင်မှာ ဖြစ်ပါတယ်။ လူအများစု အတွက်ကတော့ ဤပမာဏဟာ လွန်စွာများပြားနေပြီး လိုအပ်မှာ မဟုတ်ပေမယ့် ဓာတ်ပုံလောကမှ လူများအတွက်မူ Flickr အသစ်ဟာ လွန်စွာမှ အသုံးတည့်မှာ ဖြစ်ပါတယ်။ 

Yahoo အနေနဲ့ Flickr ရဲ့ ဒီဇိုင်းဟာ ခေတ်မမှီတော့ဘူး ဆိုတာကိုလည်း သိနေဟန် တူပါတယ်။ ယခုနောက်ပိုင်း ခေတ်စားနေတဲ့ ဝက်ဘ်ဆိုဒ်ဒီဇိုင်းပုံစံဖြစ်တဲ့ ရှင်းလင်းပြတ်သားပြီး လှပတင့်တယ်တဲ့ ကြီးမားတဲ့ ဓာတ်ပုံတွေပါရှိတဲ့ ဒီဇိုင်းမျိုးကို ဖန်တီးထားပါတယ်။ ယခင်ကလို thumbnail လေးတွေနဲ့ အဖြူရောင်ဧရိယာများ မရှိတော့ပဲ ရသ်သပ်ရှုမောဖွယ် ဆိုဒ်ပြည့်ပုံများကိုသာ တွေ့မြင်ရတော့မည် ဖြစ်သည်။

ဓာတ်ပုံများကို Flickr ပေါ်သို့ upload လုပ်ရာတွင်လည်း ပုံထွက်အရည်အသွေး ကျဆင်းတော့မည်မဟုတ်သလို Search အသုံးပြုပြီး ဓာတ်ပုံများအား ရှာဖွေရာတွင်လည်း များစွာလွယ်ကူလာမည် ဖြစ်သည်။ 

ထိုနည်းတူ Flickr ၏ Android app (iOS app အား မတ်ခ်ျလအတွင်းက အသစ်ထုတ်လုပ်ခဲ့သည်) အား စတင် အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင့်၏ Flickr ဓာတ်ပုံများအား အချိန်မရွေး ၊ နေရာမရွေး ထိတွေ့အသုံးပြု နိုင်မည်ဖြစ်သည်။ 

စာဖြင့်ရေးသား ဖော်ပြထားသည်ကို ဖတ်ရခြင်းထက် မိမိကိုယ်တိုင် စမ်းသပ်ကြည့်ပါက ပိုမိုသာလွန် ကောင်းမွန်သည့် အတွေ့အကြုံအား ရရှိမည်မှာ သေချာလှပါသဖြင့် flickr.com သို့သာ အမြန်သွားရောက် စမ်းသပ်ကြည့်ကြပါစို့။

တစ်ချိန်တစ်ခါကနာမည်ကျော်ပြီးလူသုံးအများဆုံး ဖြစ်ခဲ့တဲ့Flickr (သို့)ဓာတ်ပုံမျှဝေမှုအင်တာနက်စာမျက်နှာ
ဟာ Yahoo ရဲ့ လက်ဝယ်မှာတော့ အကြီးအကျယ် ကျရှုံးခဲ့ရပါတယ်။ Flickr ကို သတ်ခဲ့တာဟာ Yahoo လို့
တောင် ပြောစမှတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် CEO ဖြစ်သူ Marissa Mayer ၏ ဦးဆောင်မှုဖြင့် အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည်ရောက်
ရှိဖို့ ကြိုးစားနေတဲ့ Yahoo ဟာ Flickr ကို ယင်းတို့၏ အနာဂတ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်
ပြီး ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ယမန်နေ့တွင်Tumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ဝယ်
ယူရန်သဘောတူညီမှု ရရှိခဲ့ပြီး ဆက်တိုက်ဆိုသလိုပင် အသစ်ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့ Flickr အင်
တာနက် စာမျက်နှာအား Yahoo မှ လွှင့်တင်ခဲ့ပါတယ်။


အသစ်စက်စက် Flickr အနေနဲ့ သုံးစွဲသူများ၏ ကြီးမားသည့် ဖိုင်အရွယ်အစားရှိဓာတ်ပုံများအားသိုမှီးထားနိုင်
ရန် ဖန်တီးပေးထားသလို သိုမှီးနိုင်မှု ပမာဏကိုလည်း 1 TB အထိ ပေးအပ်ထားပါတယ်။ 1 Terabyte ဆိုတာ 1024 Gigabytes ဖြစ်ပြီး စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၅ သိန်းခန့်အား သိုမှီးထားနိုင်မှာ ဖြစ်ပါ
တယ်။ လူအများစု အတွက်ကတော့ ဤပမာဏဟာ လွန်စွာများပြားနေပြီး လိုအပ်မှာ မဟုတ်ပေမယ့် ဓာတ်
ပုံလောကမှ လူများအတွက်မူ Flickr အသစ်ဟာ လွန်စွာမှ အသုံးတည့်မှာ ဖြစ်ပါတယ်။


Yahoo အနေနဲ့ Flickr ရဲ့ ဒီဇိုင်းဟာ ခေတ်မမှီတော့ဘူး ဆိုတာကိုလည်း သိနေဟန် တူပါတယ်။ ယခုနောက်
ပိုင်း ခေတ်စားနေတဲ့ ဝက်ဘ်ဆိုဒ်ဒီဇိုင်းပုံစံဖြစ်တဲ့ ရှင်းလင်းပြတ်သားပြီး လှပတင့်တယ်တဲ့ ကြီးမားတဲ့ဓာတ်ပုံ
ပါရှိတဲ့ ဒီဇိုင်းမျိုးကို ဖန်တီးထားပါတယ်။ ယခင်ကလို thumbnail လေးတွေနဲ့ အဖြူရောင်ဧရိယာများ မရှိတော့
ပဲ ရင်သပ်ရှုမောဖွယ် ဆိုဒ်ပြည့်ပုံများကိုသာ တွေ့မြင်ရတော့မည် ဖြစ်သည်။


ဓာတ်ပုံများကို Flickr ပေါ်သို့ upload လုပ်ရာတွင်လည်း ပုံထွက်အရည်အသွေး ကျဆင်းတော့မည်မဟုတ်သ
လို Search အသုံးပြုပြီး ဓာတ်ပုံများအား ရှာဖွေရာတွင်လည်း များစွာလွယ်ကူလာမည် ဖြစ်သည်။


ထိုနည်းတူ Flickr ၏ Android app (iOS app အား မတ်ခ်ျလအတွင်းက အသစ်ထုတ်လုပ်ခဲ့သည်) အား စတင် အသုံးပြုနိုင်မည် ဖြစ်သဖြင့်သင့်၏ Flickrဓာတ်ပုံများအားအချိန်မရွေး ၊ နေရာမရွေး ထိတွေ့အသုံးပြု နိုင်မည်
ဖြစ်သည်။


စာဖြင့်ရေးသား ဖော်ပြထားသည်ကိုဖတ်ရခြင်းထက်မိမိကိုယ်တိုင် စမ်းသပ်ကြည့်ပါက ပိုမိုသာလွန် ကောင်း
မွန်သည့် အတွေ့အကြုံအားရရှိမည်မှာ သေချာလှပါသဖြင့် flickr.com သို့သာအမြန်သွားရောက်စမ်းသပ်
ကြည့်ကြပါစို့။
 
Myanmar Consumer Guide, Rangonnewsdaily
RND:  :21.5.2013
 

0 comments:

Post a Comment