Pages

Tuesday, May 21, 2013

ကွမ်းခြံကုန်းပြေးဆွဲသော စက်လှေနစ်မြုပ် လူ၃ဦးပျောက်ဆုံး

ရန်ကုန-်မေ-၂၁

်ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက်၊ ရွှေတောင်တန်း (၁) ဗောတံတားမှ ကို--- (စုံစမ်းဆဲ)၊ မောင်းနှင်သည့် ရန်ကုန်-ကွမ်းခြံကုန်းပြေးဆွဲသော အောင်ရတနာမြင့် စက်လှေသည်မေ၂၁ရက်နေ့ ၀၅၀၀ အချိန်က ခရီးသည် ကျား ၉ဦး၊ မ ၆ဦး နှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ထွက်ခွါစဉ် ရေကျချိန် ရေစီးအားမထိန်းနိုင်ဘဲ ဗောနှင့် ၁၀ ပေခန့်အကွာတွင် နစ်မြုပ်သွားခဲ့သည်။ အခင်းဖြစ်နေရာသို့ ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့ မှူး၊ စခန်းမှူးနှင့် တာဝန်ရှိသူတို့မှ သွားရောက်၍ ခရီးသည် ကျား ၈ ဦး၊ မ ၄ဦး၊ ပေါင်း (၁၂)ဦးတို့အား ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ကျန်ခရီးသည် ကျား ၁ဦး ၊ မ ၂ဦး ပေါင်း (၃) ဦးမှာ ပျောက်ဆုံးနေ၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်းYangon Policeမှသိရသည်။

Rangonnewsdaily
RND:  :21.5.2013

 
 

0 comments:

Post a Comment