Pages

Tuesday, May 21, 2013

တစ်နာရီလျှင် မိုင်၂၀၀ နှုန်းတိုက်ခတ်တဲ့ တိုနေဒိုးမုန်တိုင်း အမေရိကန်တွင်တိုက်ခတ် သေဆုံးဒဏ်ရာရရှိသူများပြားလာနေ

Photo

အမေရိကန်တွင်နိုင်ငံတွင် တိုက်ခတ် သေဆုံးဒဏ်ရာရရှိသူများပြားလာနေပြိုကျနေတဲ့ တစ်နာရီလျှင် မိုင်
၂၀၀ နှုန်းတိုက်ခတ်တဲ့တိုနေဒိုးမုန်တိုင်းကြောင့်လူအသေအပျောက်နှင့်အပျက်စီးများစွာဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိပါသည်။အဆောက်အဦးပုံတွေကြားမှာကယ်ဆယ်ရေးလုပ်သားတွေကလူတွေကို ရှာနေပါတယ်။ ဒါပေမဲ့ အပျက်အဆီးတွေက တမြို့လုံးပုံနေပြီး အပြင်က ကားတွေ ၀င်ရောက်ဖို့လည်း အလခက်အခဲ ဖြစ်နေ
ပါတယ်။မုန်တိုင်းတိုက်နိုင်သေးတဲ့အတွက်သတိထားနေကြဖို့လည်းသတိပေးနေပါတယ်။ ပလာဇာ မူလတန်း
ကျောင်းမှာမှာ ကျောင်းသား ၇၅ ယောက်နဲ့ဆရာ၈ ဦးရှိခဲ့ရာမှာ ကလေး ၃၀ ကိုပဲ နေရာရွေ့နိုင်ခဲ့တဲ့အတွက် အဲဒီနေရာကို အဓိကထားပြီး အပျက်အဆီးပုံကြားမှာ ရှာဖွေနေပါတယ်။
 
ဝေဟင်ကနေရိုက်နေတဲ့ ပုံတွေမှာ အိမ်ခေါင်မိုးတွေအကုန်ပွင့်ထွက်၊ အပိုင်းပိုင်းပြတ်ထွက်နေတဲ့ သစ်တိုသ
စ်စ အိမ်အစိတ်အပိုင်းတွေ မြေပြင်မှာ ပြားပြားဝတ်နေတာ တွေ့ရပါတယ်။ အခုလက်ရှိအထိ သေဆုံးသူ ၂ ဦး
ကို အတည်ပြုထားပါတယ်။
 
ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အပျက်အဆီးကို မတွေ့ဖူးဘူးလို့ သတင်းပို့နေသူတွေက ပြောပါတယ်။ သေဆုံးသူ
စာရင်း တိုးလာနိုင်မဲ့ အခြေအနေတွေ့ရပါတယ်။ တနာရီ မိုင် ၂၀၀ နှုန်းတဲ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါ
တယ်။
 
Rangonnewsdaily
RND:  :21.5.2013
Photo
မုန်တိုင်းကြောင့်အပျက်စီးတွေကြားထဲမှ အမေရိကန်ပြည်သူများ
Photo
အပျက်အစီးတွေက နေရာအနှံ
Photo
တစ်နာရီမိုင် ၂၀၀ နှုန်းတိုက်ခတ်တဲ့ တိုနေဒိုးမုန်တိုင်းကိုတွေ့ရစဉ်
Photo
အိမ်တွေကို အလုံးလိုက်မြေလှန်လိုက်တဲ့ တိုနေဒိုး

0 comments:

Post a Comment