Pages

Tuesday, May 21, 2013

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၀။

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၍ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေးရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦးလွဲပြောင်းပေးထားတယ်”ဟု တွံတေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီးကျေးရွာသို့ သွားစဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကားဆရာကိုတော့ ရဲစခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

ပိုင်လေး

အေးချမ်းမွန် Credit & Copy From > မြန်မာ့ခေတ် < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ရန်ကုန်၊ မေ ၂၀။

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၍ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။“တွံတေးဆေးရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦးလွဲပြောင်းပေးထားတယ်”ဟု တွံတေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းဌေးက ပြောကြားသည်။
တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီးကျေးရွာသို့ သွားစဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကားဆရာကိုတော့ ရဲစခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

ပိုင်လေး
 မြန်မာ့ခေတ် ,Rangonnewsdaily
RND:  :21.5.2013

0 comments:

Post a Comment