Pages

Tuesday, May 21, 2013

၂၀၁၂-၁၃ ဘောလုံးရာသီမှာ လက်ရှိ အသင်းကနေ အနားယူ / နှုတ်ထွက်သွားကြပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ်က နည်းပြနဲ့ ကစားသမားများ

Photo: ၂၀၁၂-၁၃ ဘောလုံးရာသီမှာ လက်ရှိ အသင်းကနေ
အနားယူ / နှုတ်ထွက်သွားကြပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ်က
နည်းပြနဲ့ ကစားသမားများ
=================================

♦ ဆာအဲလက်စ်ဖာဂူဆန်၊ မန်ယူ 

အသက် (၇၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီနည်းပြကြီးဟာ  သူ့ရဲ့နည်းပြဘဝ
နောက်ဆုံးပွဲအဖြစ် ၀က်စ်ဘရွမ်း-မန်ယူ ပွဲအပြီးမှာ တရားဝင် အနားယူ
သွားခဲ့ပြီပဲဖြစ်ပါတယ်။

♦ မိုက်ကယ်အိုဝင်၊ စတုတ်ခ်စီးတီး

တစ်ချိန်က အင်္ဂလန်လက်ရွေးစင်နဲ့ လီဗာပူးလ်အသင်းတို့မှာ
အောင်မြင်ကျော်ကြားခဲ့တဲ့ ဒီတိုက်စစ်မှူးဟာ သူ့ရဲ့ နောက်ဆုံးပွဲအဖြစ်
ဆောက်သမ်တန်နဲ့ပွဲမှာ စတုတ်ခ်စီးတီးအတွက် ၁၇ မိနစ်မျှ 
ဝင်ကစားပေးပြီး သူ့ရဲ့ ကစားသမားဘ၀ကို စွန့်လွှတ်သွားခဲ့ပါပြီ။

♦ ပေါလ်စခိုး၊ မန်ယူ 

အကြိမ် (၂၀)မြောက် ချန်ပီယံအဖြစ် မန်ယူအသင်းကို 
သမိုင်းတွင်အောင် စွမ်းစွမ်းတမံ ကူညီပေးဆပ်ခဲ့တဲ့ အသင်းဝါရင့်
ကွင်းလယ်ကစားသမားကြီး ပေါလ်စခိုးဟာ နည်းပြဖြစ်သူ ဖာဂူဆန်နဲ့
အတူ ၀က်စ်ဘရွမ်းနဲ့ပွဲအပြီးမှာ ကစားသမားဘ၀က အပြီးတိုင်
အနားယူသွားခဲ့ပါတယ်။

♦ ကာရေဂါ၊ လီဗာပူးလ်

၁၉၉၀ ခုနှစ်ကလည်းက အသင်းမှာ လူငယ်ကစားသမားအဖြစ် 
စတင်ပါဝင်ကစားခဲ့ပြီး အသင်းကြီးမှာ ၁၉၉၆ ခုနှစ်က စတင်ကာ
လီဗာပူးလ် စီနီယာအသင်းကြီးရဲ့ အဓိကနောက်ခံကစားသမားအဖြစ် ကြိုးကြာနီတို့အတွက် သစ္စာရှိရှိကစားပေးခဲ့တဲ့ 
အင်္ဂလန်လက်ရွေးစင်ဟောင်းကြီး ကာရေဂါလည်း ကျူပီအာနဲ့
ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ပါဝင်ကစားပေးပြီး အသင်းနဲ့
ပရိသတ်များကို ကျောခိုင်းနှုတ်ဆက်သွားခဲ့ပါပြီ။

♦ ပက်ထရော့ဗ်၊ အက်စတန်ဗီလာ

အက်စတန်ဗီလာအသင်းကွင်းလယ်မှာ ၂၀၀၆ ခုနှစ်ကတည်းက 
ကစားပေးခဲ့ပေမယ့် ၂၀၁၃ ခုနှစ်၊ ယခုနှစ်ဘောလုံးရာသီမှာတော့
သူခံစားနေရတဲ့ သွေးကင်ဆာရောဂါကြီးကို အံတုဖို့ သူမြတ်နိုးတဲ့
ကစားသမားဘ၀ကို အပြီးတိုင် စွန့်လွှတ်ခဲ့ပါတယ်။

♦ ဒေးဗစ်မိုရက်စ်၊ အဲဗာတန်

၁၁ နှစ်နီးပါး  အဲဗာတန်အသင်းကို ကောင်းမွန်စွာ ထိန်းကျောင်း
နိုင်ခဲ့တဲ့ ဒီစကော့တလန်သားနည်းပြကြီးဟာ ယခုနှစ်
အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို ပဲ့ကိုင်ဖို့
သူစွဲမြဲစွာ ကျင်လည်ခဲ့တဲ့ ဂွတ်ဒီဆင့်ပါ့ခ်ကို 
၂၀၁၃ ဘောလုံးရာသီ အပြီးမှာ ကျောခိုင်းထွက်ခွာခဲ့ပါပြီ။ 

♦ ဖီးလ်နဗီး၊ အဲဗာတန်

ပွဲထွက်များများရရှိဖို့အတွက် မန်ယူအသင်းကနေ
အဲဗာတန်အသင်းကို ၂၀၀၅ ခုနှစ်ကရောက်ရှိခဲ့ပြီး အသင်းသစ်မှာ
ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် တစ်ခဏအတွင်း အသင်းခေါင်းဆောင်
သာမက ပရိသတ်ရဲ့ယုံကြည်ကိုးစားသူအဖြစ် ရရှိခဲ့တဲ့ နဗီးလ်ဟာ
ဒီနှစ်ဘောလုံးရာသီမှာ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီ
ဖြစ်ပါတယ်။ 

♦ စတီဖင်ဟာပါး၊ နယူးကာဆယ်

နယူးကာဆင်အသင်းကို ၁၉၉၃ ခုနှစ်ကတည်းက ပြောင်းရွှေ့
လာပေမယ့် မကြာခဏဆိုသလို မိခင် ကလပ်အသင်းကနေ
အခြားအသင်းများကို အငှားချခံခဲ့ရတဲ့ ဂိုးသမားကြီး
ဟာပါးဟာ အာဆင်နယ်အသင်းကို တစ်ဂိုးနဲ့ အရှုံးပေးလိုက်ရတဲ့
ပရီးမီးယားလိဂ် နောက်ဆုံးပွဲအပြီး သူ့ရဲ့ ကစားသမားဘ၀ကို
အပြီးတိုင် အနားယူသွားခဲ့ပါတယ်။

♦ ရာဖေးလ်ဘင်နီတက်ဇ်၊ ချဲလ်ဆီး

ချဲလ်ဆီး အသင်းကို ယာယီနည်းပြအဖြစ် ရောက်ရှိလာခဲ့ပြီး
ယူရိုပါလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့
ဒီစပိန်သားနည်းပြကြီးဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲဖြစ်တဲ့
အဲဗာတန်နဲ့ပွဲအပြီးမှာ သူ့ရဲ့ ကာလတိုစာချုပ်သက်တမ်းဟာ ပြီးဆုံးသွား
ခဲ့ရပါပြီ။

♦ ဆာအဲလက်စ်ဖာဂူဆန်၊မန်ယူအသက်(၇၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီနည်းပြကြီးဟာသူ့ရဲ့နည်းပြဘ၀နောက်
ဆုံးပွဲအဖြစ် ၀က်စ်ဘရွမ်း-မန်ယူ ပွဲအပြီးမှာ တရားဝင် အနားယူသွားခဲ့ပြီပဲဖြစ်ပါတယ်။♦ မိုက်ကယ်အိုဝင်၊ စတုတ်ခ်စီးတီး

တစ်ချိန်က အင်္ဂလန်လက်ရွေးစင်နဲ့ လီဗာပူးလ်အသင်းတို့မှာအောင်မြင်ကျော်ကြားခဲ့တဲ့ ဒီတိုက်စစ်မှူးဟာသူ
့ရဲ့ နောက်ဆုံးပွဲအဖြစ်ဆောက်သမ်တန်နဲ့ပွဲမှာ စတုတ်ခ်စီးတီးအတွက် ၁၇ မိနစ်မျှ ၀င်ကစားပေးပြီး သူ့ရဲ့
ကစားသမားဘ၀ကို စွန့်လွှတ်သွားခဲ့ပါပြီ။

ပေါလ်စခိုး၊ မန်ယူ

အကြိမ် (၂၀)မြောက် ချန်ပီယံအဖြစ် မန်ယူအသင်းကို သမိုင်းတွင်အောင် စွမ်းစွမ်းတမံ ကူညီပေးဆပ်ခဲ့တဲ့ အသင်းဝါရင့် ကွင်းလယ်ကစားသမားကြီး ပေါလ်စခိုးဟာ နည်းပြဖြစ်သူ ဖာဂူဆန်နဲ့ အတူ ၀က်စ်ဘရွမ်းနဲ့ပွဲ
အပြီးမှာ ကစားသမားဘ၀က အပြီးတိုင် အနားယူသွားခဲ့ပါတယ်။

ကာရေဂါ၊ လီဗာပူးလ်

၁၉၉၀ ခုနှစ်ကလည်းက အသင်းမှာ လူငယ်ကစားသမားအဖြစ် စတင်ပါဝင်ကစားခဲ့ပြီး အသင်းကြီးမှာ ၁၉၉၆ ခုနှစ်ကစတင်ကာလီဗာပူးလ်စီနီယာအသင်းကြီးရဲ့အဓိကနောက်ခံကစားသမားအဖြစ် ကြိုးကြာနီတို့အတွက်
သစ္စာရှိရှိကစားပေးခဲ့တဲ့အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးကာရေဂါလည်းကျူပီအာနဲ့ပရီးမီးယားလိဂ် နောက်
ဆုံးပွဲမှာ ပါဝင်ကစားပေးပြီး အသင်းနဲ့ပရိသတ်များကို ကျောခိုင်းနှုတ်ဆက်သွားခဲ့ပါပြီ။

♦ ပက်ထရော့ဗ်၊ အက်စတန်ဗီလာ

အက်စတန်ဗီလာအသင်းကွင်းလယ်မှာ ၂၀၀၆ ခုနှစ်ကတည်းက ကစားပေးခဲ့ပေမယ့် ၂၀၁၃ ခုနှစ်၊ ယခုနှစ်
ဘောလုံးရာသီမှာတော့သူခံစားနေရတဲ့ သွေးကင်ဆာရောဂါကြီးကို အံတုဖို့သူမြတ်နိုးတဲ့ကစားသမားဘဝ
ကို အပြီးတိုင် စွန့်လွှတ်ခဲ့ပါတယ်။

ဒေးဗစ်မိုရက်စ်၊ အဲဗာတန်

၁၁ နှစ်နီးပါး အဲဗာတန်အသင်းကို ကောင်းမွန်စွာ ထိန်းကျောင်း နိုင်ခဲ့တဲ့ ဒီစကော့တလန်သားနည်းပြကြီးဟာ ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို ပဲ့ကိုင်ဖို့ သူစွဲမြဲစွာ ကျင်လည်ခဲ့တဲ့ ဂွတ်ဒီဆင့်ပါ့ခ်ကို
၂၀၁၃ ဘောလုံးရာသီ အပြီးမှာ ကျောခိုင်းထွက်ခွာခဲ့ပါပြီ။

ဖီးလ်နဗီး၊ အဲဗာတန်

ပွဲထွက်များများရရှိဖို့အတွက် မန်ယူအသင်းကနေ အဲဗာတန်အသင်းကို ၂၀၀၅ ခုနှစ်ကရောက်ရှိခဲ့ပြီး အသင်း
သစ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် တစ်ခဏအတွင်း အသင်းခေါင်းဆောင် သာမက ပရိသတ်ရဲ့ယုံကြည်ကိုး
စားသူအဖြစ်ရရှိခဲ့တဲ့နဗီးလ်ဟာဒီနှစ်ဘောလုံးရာသီမှာကစားသမားဘ၀ကနေအနားယူသွားခဲ့ပြီဖြစ်ပါတယ်။

စတီဖင်ဟာပါး၊ နယူးကာဆယ်

နယူးကာဆင်အသင်းကို ၁၉၉၃ ခုနှစ်ကတည်းက ပြောင်းရွှေ့ လာပေမယ့် မကြာခဏဆိုသလို မိခင် ကလပ်
အသင်းကနေ အခြားအသင်းများကို အငှားချခံခဲ့ရတဲ့ ဂိုးသမားကြီး ဟာပါးဟာ အာဆင်နယ်အသင်းကို တစ်
ဂိုးနဲ့ အရှုံးပေးလိုက်ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအပြီး သူ့ရဲ့ ကစားသမားဘ၀ကိုအပြီးတိုင် အနားယူ
သွားခဲ့ပါတယ်။

♦ ရာဖေးလ်ဘင်နီတက်ဇ်၊ ချဲလ်ဆီး

ချဲလ်ဆီး အသင်းကို ယာယီနည်းပြအဖြစ် ရောက်ရှိလာခဲ့ပြီးယူရိုပါလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်
ခဲ့တဲ့ဒီစပိန်သားနည်းပြကြီးဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲဖြစ်တဲ့အဲဗာတန်နဲ့ပွဲအပြီးမှာ သူ့ရဲ့ ကာလတို
စာချုပ်သက်တမ်းဟာ ပြီးဆုံးသွားခဲ့ရပါပြီ။
 
Rangonnewsdaily
RND:  :21.5.2013

0 comments:

Post a Comment