Pages

Tuesday, May 21, 2013

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီး ပစ်ကပ်ကားများကို ဇွန်လအတွင်း စတင်ရောင်းချမည်

Photo: ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီး ပစ်ကပ်ကားများကို ဇွန်လအတွင်း စတင်ရောင်းချမည် - 

Myanmar Suzuki Motor Co,ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက မြန်မာပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီး ပစ်ကပ်ကားများအား ဇွန်လအတွင်း စတင်ရောင်းချမည်ဟု ထုတ်ဖော်ပြောကြား ခဲ့သည်။ 

“ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေးကတော့ အခုပြောလို့မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်ပြီးမှ သတ်မှတ်ရမှာမို့လို့ပါ” ဟု ဦးရဲထွန်းဦးက ပြောသည်။

လောလောဆယ် ဆူဇူကီးပစ်ကပ်ကားများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေအတွက် မှာလည်း ဈေးကွက် အနေအထားအပေါ် မူတည်ပြီး ဆက်လက်ထုတ်လုပ်သွားမည်ဟုဆိုသည်။ 

လက်ရှိအချိန်တွင် ဈေးကွက်တွင်း၌ ဆူဇူကီးပစ်ကပ်နှင့် အလားတူသည့် ဂျပန်တစ်ပတ်ရစ် ပစ်ကပ်ကား တစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

ဆူဇူးကီးကုမ္ပကီသည် ၁၉၉၉ မှ၂၀၁၀ပြည့်နှစ်အထိ ဆူဇူကီးပစ်ကပ်၊ Wagon R+ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

ပြည်တွင်း၌တစ်လလျှင် မော်တော်ယာဉ်စီးရေ ၁၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်လုပ်ကိုင်ရန် မြန်မာရင်နှီးမြှုပ်နှံမှုကော်မရှင်က Myanmar Suzuki Motor ကုမ္ပဏီကို ဇန်နဝါရီတွင် ခွင့်ပြုခဲ့သည်။

အိန္ဒိယကားကုမ္ပဏီ TATA ကလည်း ယင်းတို့၏ တန်ဖိုးနည်း Nano ယာဉ်များကို Apex Greatest Industrial နှင့်ချိတ်ဆက်၍ ပြည်တွင်း၌ ရောင်းချမည်ဖြစ်သည်။ 

ကိုရီးယားနိုင်ငံမှ နာမည်ကြီး KIA ကားကုမ္ပဏီကလည်း Super Seven Star (SSS) ကုမ္ပဏီနှင့် ပူးပေါင်းကာ အရောင်းပြခန်းကို ကမ္ဘာအေးဘုရားလမ်းတွင် မေလကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ကာ ယာဉ်အသစ်များကို ရောင်းချမည်ဖြစ်သည်။ 

ထို့အပြင် အမေရိကန်မှ Ford ကလည်း Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း၍ ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Myanmar Suzuki Motor Co,ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက မြန်မာပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်
ထားသည့်ဆူဇူကီးပစ်ကပ်ကားများအား ဇွန်လအတွင်း စတင်ရောင်းချမည်ဟုထုတ်ဖော်ပြောကြား ခဲ့သည်။ “ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေးကတော့ အခုပြောလို့မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်
ပြီးမှ သတ်မှတ်ရမှာမို့လို့ပါ” ဟု ဦးရဲထွန်းဦးက ပြောသည်။

လောလောဆယ် ဆူဇူကီးပစ်ကပ်ကားများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေအ
တွက် မှာလည်း ဈေးကွက် အနေအထားအပေါ် မူတည်ပြီး ဆက်လက်ထုတ်လုပ်သွားမည်ဟုဆိုသည်။

လက်ရှိအချိန်တွင် ဈေးကွက်တွင်း၌ဆူဇူကီးပစ်ကပ်နှင့် အလားတူသည့် ဂျပန်တစ်ပတ်ရစ် ပစ်ကပ်ကား တစ်
စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

ဆူဇူးကီးကုမ္ပကီသည် ၁၉၉၉ မှ၂၀၁၀ပြည့်နှစ်အထိ ဆူဇူကီးပစ်ကပ်၊ Wagon R+ မော်တော်ယာဉ်များနှင့်
 မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

ပြည်တွင်း၌တစ်လလျှင် မော်တော်ယာဉ်စီးရေ၁၀၀ထုတ်လုပ်နိုင်သည့်စက်ရုံတည်ဆောက်လုပ်ကိုင်ရန် မြန်
မာရင်နှီးမြှုပ်နှံမှုကော်မရှင်က Myanmar Suzuki Motor ကုမ္ပဏီကို ဇန်နဝါရီတွင် ခွင့်ပြုခဲ့သည်။

အိန္ဒိယကားကုမ္ပဏီ TATA ကလည်း ယင်းတို့၏ တန်ဖိုးနည်း Nano ယာဉ်များကို Apex Greatest Industrial
 နှင့်ချိတ်ဆက်၍ ပြည်တွင်း၌ ရောင်းချမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံမှ နာမည်ကြီး KIA ကားကုမ္ပဏီကလည်း Super Seven Star (SSS) ကုမ္ပဏီနှင့် ပူးပေါင်းကာ အရောင်းပြခန်းကို ကမ္ဘာအေးဘုရားလမ်းတွင် မေလကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ကာ ယာဉ်အသစ်များကို
ရောင်းချမည်ဖြစ်သည်။

ထို့အပြင်အမေရိကန်မှFord ကလည်း Capital Automotive ကုမ္ပဏီနှင့်ပူးပေါင်း၍ ယခုနှစ်ကုန်ပိုင်းတွင် စတင်
ရောင်းချရန် စီစဉ်ထားသည်ဟု သိရှိရသည်။
 
 Rangonnewsdaily
RND:  :21.5.2013
 
 

0 comments:

Post a Comment