Pages

Saturday, March 9, 2013

HTC One က Samsungနှင့် Apple စမတ်ဖုန်းများကို ယှဉ်ပြိုင်နိုင်ဟု သုံးသပ်


HTCကုမ္ပဏီ၏ အသစ်ထုတ်လုပ်သည့် HTC One မိုဘိုင်းလ်ဖုန်းသည် ဈေးကွက်ထဲတွင် Samsungနှင့် Apple
တို့အား ယှဉ်ပြိုင်လာနိုင်သည့် အရည်အသွေး ရှိနေကြောင်း သုတေသီများကသုံးသပ်ခဲ့သည်။ထိုင်ဝမ် အခြေ
စိုက် ကုမ္ပဏီကြီးသည် Android OSသုံး မိုဘိုင်းလ်ဖုန်းများကို ထုတ်လုပ် ရောင်းချနေသော်လည်း ဈေးကွက်
ထဲတွင်မူ Apple၏ iPhoneနှင့် Samsung၏ Galaxy Sစီးရီး ဖုန်းများကို ယှဉ်ပြိုင်နိုင်ရန် ရုန်းကန်နေရသည်။
သို့သော်လည်း ယခုအခါတွင် HTCက The Oneဟုလည်း အမည်ပေးထားသည့် HTC One အဆင့်မြင့် စမတ်
ဖုန်းသစ်ဖြင့် ပြိုင်ဘက်များကို စိန်ခေါ်ရန် စီစဉ်လာခဲ့သည်။ HTCသည် ယင်းဖုန်းသစ်ကို မိတ်ဆက်ချိန်တွင် ကမ္ဘာပေါ်၌ ထုတ်လုပ် ရောင်းချဖူးသမျှ စမတ်ဖုန်း အားလုံးအနက် အကောင်းဆုံးဟု ကြွေးကြော်လာခဲ့သည်။

HTC One က Samsungနှင့် Apple စမတ်ဖုန်းများကို ယှဉ်ပြိုင်နိုင်ဟု သုံးသပ်

Hardwareပိုင်းတွင် ကမ္ဘာ့အဆင့် အကောင်းစားများချည်း တပ်ဆင်ထားသလို Android OSကိုလည်း အ
ကောင်းဆုံး မွမ်းမံ အသုံးပြုထားသည့် HTC Oneသည် iPhone 5၏ အဓိက စိန်ခေါ်သူ ဖြစ်လာနိုင်ကြောင်း နည်းပညာနယ်ပယ် လေ့လာသူများက သုံးသပ်ခဲ့သည်။ မတ်လတွင် စတင်ရောင်းချရန် ရည်ရွယ်ထားသော ဖုန်းသည် Samsung၏ Galaxy S4နှင့်လည်း ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ HTC One၏ ဒီဇိုင်း
ပိုင်းမှာ ရိုးရှင်းလှပပြီး ယခင်နာမည်ကျော် HTC One Xကို ပိုမိုကောင်းမွန်အောင် မွမ်းမံထားခြင်း ဖြစ်သည်။

1.7 GHz Quadcore Processor၊ 2GBမြန်နှုန်း RAMတို့ကို အသုံးပြုကာAndroid 4.1.2အဆင့် ထည့်သွင်းထား
သည့် HTC Oneသည် Screen အရွယ်အစား (၄.၇)လက်မဖြင့် ပွဲထွက်လာမည် ဖြစ်သည်။ Screen၏ ပုံရိပ်
ဖော် အရည်အသွေးမှာ 1920x1080 megapixels ရှိနေမည်ဖြစ်ပြီး iPhone၏ Retina Displayထက် ပိုသာမည်ဟု ဆိုသည်။ ထို့အပြင် တပ်ဆင်ထားသော ကင်မရာကလည်း အရည်အသွေးမြင့် HD ဓာတ်ပုံနှင့် ဗီဒီယိုများပါ ရိုက်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Source: InformationWeek, Planet Myanmar Network:
Rangonnewsdaily
9.3.2013

0 comments:

Post a Comment