Pages

Saturday, March 9, 2013

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ (ခ) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ (က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္ကာ

(က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ လူ့သမိုင်းတွင် ပထမဆုံး နဗီတမန်တော် အာဒမ်သည် ဘတ်ကဟ်ဒေသ (ယခု မက္ကာမြို့)၌ ပွင့်တော်မူခဲ့သည်။ လူသားတို့အတွက် အလ္လာဟ်ကို တသရာ ပထမဆုံး ဗဟို ကျောင်းတော်အဖြစ် ကအ်ဘဟ်ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ (ကုရ်အာန် ၃း၃၃။ ၄၂း၇။ ၃း၉၆)။ ကအ်ဘဟ် ကျောင်းတော်တွင် ထူးဆန်းသော ကောင်းကင်ကျ ကျောက်နက်တုံး (အဆွဝဒ်)ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ (ကအ်ဘဟ် ကျောင်းတော် တည်ဆောက်ရမည့် နေရာကို အလ္လာဟ်အရှင်မြတ်က နဗီတမန်တော် အာဒမ်ကို ထို ကျောက်နက်တုံးချ၍ ပြခဲ့ခြင်း ဖြစ်နိုင်ပေသည်)

(ခ) တမန်တော်ကြီး အီဘရာဟီမ်၏ဆု
တမန်တော်ကြီး အီဘရာဟီမ်သည် အလ္လာဟ်၏ စမ်းသပ်မှု အားလုံးကို ကမ္ဘာ့လူသားတို့အတွက် စံပြဆောင်ရွက်ပြခဲ့၏။ တမန်တော် အီဘရာဟီမ်နှင့် သားတော် အစ္စမာအီလ်တို့သည် ကအ်ဘဟ်ကျောင်းတော်၏ အုတ်မြစ်ကို ပြန်လည် မြှင့်တင်ခဲ့၏။ အလ္လာဟ်ထံတွင် ဤကအ်ဘဟ်ကျောင်းတော်ရှိရာ ဒေသရှိ ၄င်းတို့၏ မျိုးဆက်ကို ကြီးကျယ်သောမျိုးနွယ် ဖြစ်စေရန်နှင့် တမန်တော်တစ်ပါး ပွင့်စေရန်တောင်းဆုကို အလ္လာဟ် လက္ခံ သဘောတူတော်မူခဲ့၏။ (ကု၇်အာန် ၂း၁၂၈-၁၂၉)

(ဂ) ရှေးတမန်တော်များစွာတို့၏ သတင်းကောင်း ရှေးတမန်တော်များစွာတို့၏ ဟောကြားချက်ကျမ်းများ အရ ကေဒါမျိုးနွယ်များ (တမန်တော် အီစ္စမာအီလ်၏ သားတော်တစ်ပါး၏ မျိုးနွယ်) နေထိုင်ရာဒေသ၊ ပါရန်တောင်ကုန်းဒေသ၊ အိန္ဒိယကျွန်းဆွယ်၏ အနောက်ဘက်ဒေသ၊ ကုလားအုတ်ကို အစီးအနင်းပြုလုပ်ရာဒေသ၊ သဲကန္တာရဒေသတွင် တမန်တော်ချုပ် ပွင့်မည်ဟု ဆိုထားသည်။

(ဃ) ပထဝီဝင်အနေအထား တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က အာရေဗျသည် ပထဝီဝင်အနေအထားအရ အရှေ့ဘက်တွင် တရုတ်ပြည်နှင့် အန္ဒိယ မြောက်ဘက်တွင် ပါရှန်နှင့်ရောမ၊ ဂရိနှင့် ဥရောပနိုင်ငံများ၊ အနောက်ဘက်တွင် အီဂျစ်၊ တောင်ဘက်တွင် ယီမင်နှင့် အဘီဆီးနီးယား၊ အာဖရိကနိုင်ငံများ၊ စသော ကမ္ဘာ့ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ ဒေသတို့၏ အလယ်ဗဟိုတွင် ရှိနေခဲ့၏။

တမန်တော်ချုပ်၏အမည် မုဟမ္မဒ်(ဝါ) အဟ်မဒ်
(၁) ချီးမွမ်းခြင်းခံထိုက်သူ
တမန်တော်ချုပ်ကြီး၏ အမည်ကား မုဟမ္မဒ်ဖြစ်သည်။ အဓိပ္ပာယ်ကား ချီးမွမ်းခြင်းခံထိုက်သူဟူ၍ ဖြစ်သည်။ အခြားအမည် တစ်ခုမှာ‘အဟ်မဒ်’ ‘အလ္လာဟ်ကို ချီးမွမ်းထောမနာပြုသူ’ ဟူ၍ ဖြစ်သည်။ (ကုရ်အာန် ၄၈း၂၉ ၊၆၁-၆)
(၂) ‘မ’ အက္ခရာ၏ ဆန်းကြယ်မှု လူ့သမိုင်း၏ ပထမဆုံး နဗီတမန်တော်၏ အမည်မှာ အာဒမ်ဖြစ်၏။ ‘အ’ အက္ခရာဖြင့်စ၍ ‘မ’ အက္ခရာဖြင့် ဆုံးထားသည်။ တစ်နည်းဆိုသော် နဗီတမန်တော်တို့၏ သမိုင်းကို အာဒမ်ကစခဲ့၍ ဒုနိယာလောကတွင် များစွာသော နဗီများ ပွင့်ကြပြီး နောက်ဆုံး နဗီတမန်တော်ချုပ်မှာ မုဟမ္မဒ် ဖြစ်ပေသည်။
နောက်ဆုံး တမန်တော်ချုပ်(သို့) ကြီးကျယ်သော အလင်းပြ ပုဂ္ဂိုလ်ကြီး ပွင့်ပေါ်မည်ကို ကမ္ဘာနှင့်အဝန်း စောင့်မျှော်နေကြရာ ထိုပုဂ္ဂိုလ်ကြီး၏ အမည်နာမနှင့် စပ်လျဉ်း၍ ရှေးတမန်တော်များ၏ သင်ကြားချက်များ၊ ကျမ်းများတွင် သက်ဆိုင်ရာ ဘာသာစကားအသီးသီးဖြင့် ချီးမွမ်းခြင်းခံထိုက်သူ (မုဟမ္မဒ်) မိမိ၏ အရှင်သခင်ကို ချီးမွမ်းထောမနာပြုသူ (အဟ်မဒ်)၊ မေတ္တာရှင် ကရုဏာရှင်၊ “မ” ဟူသော အက္ခရာပါဝင်မည့် အမည်ရှင်။(မ) အက္ခရာသုံးလုံးပါဝင်မည့် အမည်ရှင်၊ ‘မဟာမ’ ကြီးကျယ်သော(မ) အက္ခရာအမည်ရှင် စသည့် ဖော်ပြချက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
(၃) ဘွဲ့အမည်၊ လောကခပ်သိမ်းအတွက် မေတ္တာကရုဏာရှင် အလ္လာဟ်သည် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ‘ရဟ်မတ်သုလ်လိလ်အာလမီန်း’ လောကအပေါင်းအတွက် မေတ္တာ ကရုဏာတော်ရှင်ဟု ဘွဲ့ပေးထား၏။ (ကုရ်အာန် ၂၁း၁၀၇)။ မုဟမ္မဒ်ဟူသော အမည်တွင်(မ) အက္ခရာသုံးလုံး ပါဝင်၍ ဘွဲ့အမည်မှာ မေတ္တာရှင် ဖြစ်ပေသည်။
(၄) သူတော်စင်တစ်သောင်းနှင့် လာမည့် ငြိမ်းချမ်းရေး တမန်တော် ရှေးကျမ်းများစွာတို့တွင် နောက်ဆုံး တမန်တော်ချုပ်သည် ‘ကုလားအုတ်’ကို အစီးအနင်းပြုသူ {Camel Rider} ဖြစ်မည်ဟု ဆိုထား၏။ သူတော်စင်ပေါင်း တစ်သောင်း {Ten thousand saints} သို့မဟုတ် နွားတစ်သောင်းနှင့် လာမည်ဟု ဆိုထား၏။ အာရေဗျတွင် ကုလားအုတ်မှာ အစီးအနင်းဖြစ်၏။ မက္ကာဟ်ကို ကာဖိရ်မုရှရိက်တို့လက်မှ အောင်နိုင်သောနေ့တွင် နောက်လိုက်ဆွဟာဗာ (သာဝက) တစ်သောင်းဖြင့် မုဟမ္မဒ်သခင် ကြွလာခဲ့၏။ ကမ္ဘာ့သမိုင်း၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး လောကအားလုံးတွင် စံတင်လောက်အောင် မေတ္တာတရားပြခဲ့သော ငြိမ်းချမ်းရေးဘုရင် {Prince of peace} ဖြစ်ခဲ့၏။

>‘အွမ္မီ’ စာပေ မသင်ကြားရသူ တမန်တော်နှင့် သစ္စာတရား၏ ဝိညာဉ်
တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ငယ်စဉ်ကပင် မိဘမဲ့ဘဝရောက်ခဲ့၏။ ‘အွမ္မီ’ခေါ် စာပေသင်ကြားခြင်း မခံရသူ ဖြစ်ခဲ့သည်။ (ကုရ်အာန် ၇း၁၅၇။ ၆၂း၂)။
စင်စစ် မုဟမ္မဒ်သခင်သည် ခေတ်တိုင်းအတွက် လူသားထုတစ်ရပ်လုံးနှင့် ယှဉ်သော တမန်တော်ချုပ် ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ခေတ်တိုင်းအတွက် လမ်းညွှန်ကုရ်အာန်ကျမ်းမြတ်ကို လက္ခံရမည့်သူ ဖြစ်ပေရာ မုဟမ္မဒ်သခင်အား လူသားဆရာများ၊ ပညာရှင်များနှင့် လူ့အတွေးအခေါ်များမှ ကင်းစေရန် “အွမ္မီ” အဖြစ် အလ္လာဟ်အရှင်မြတ်၏ စီမံမှုပင် ဖြစ်သည်။ ရှေးတမန်တော်များမှ သင်ကြားချက်တွင် နောက်ဆုံး တမန်တော်ချုပ်သည် {Uniettered Prophet} စာပေမတတ်မြောက်သူ၊ ဆရာမရှိသူ ဖြစ်လိမ့်မည်ဟု တွေ့ရှိနိုင်ပေသည်။
တမန်တော်ချုပ်သည် စာပေမသင်ကြားခဲ့ ရသော်လည်း အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို ကမ္ဘာ့ လူသားတို့ထံ နှုတ်မှ ဆင့်ပြန်ရမည် ဖြစ်ပေရာ အလ္လာဟ်သည် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်သိက္ခာနှင့် စပ်လျဉ်း၍ ငယ်စဉ်ကပင် စ၍ အပြစ်ကင်းစွာ ထားခဲ့၏။
တမန်တော်မဖြစ်မီကပင် အာရေဗျ၌ ‘အလ်အမီးန်’ ‘အတ်ဆွာဒစ်က်’ (ရိုးသားဖြောင့်မတ်သူ သစ္စာရှင်) စသည့် ဂုဏ်ပုဒ်တို့ဖြင့် ကျော်ကြားနေခဲ့၏။ ၄င်း၏နှုတ်မှ မည်သည့်အခါမှ မုသား မထွက်ကြောင်း အာရပ်တို့ ယုံကြည်ခဲ့ကြ၏။ (အိဗနိဟိရှမ်။ တဗာရီနှင့် အိဘနီစာအတ်ကျမ်း)
တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က ကမ္ဘာအရပ်ဒေသတို့တွင် အလ္လာဟ်ချပေးခဲ့သော မူရင်းကျမ်းများပျက်ကာ အမှောင်လွှမ်းမိုးနေပေပြီ။ အာရေဗျ တစ်ခွင်တွင် ရုပ်တုများစွာ ထုလုပ်ကိုးကွယ်ခြင်း၊ အရက်သေစာကို စည်နှင့်တည်၍ သောက်ခြင်း၊ အမျိုးသမီးများနှင့် ကျွန်တို့ ဘဝအခွင့်အရေး ဆုံးရှုံးနေခြင်း၊ ဖခင်တို့က သမီးမိန်းကလေးမွေးလာလျင် မြေမြုပ်သတ်ပစ်ခြင်း၊ မေတ္တာတရား ခေါင်းပါးကာ ရန်လိုစစ်သွေးကြွနေခြင်း စသည့် အကျင့်ဆိုးများဖြင့် အမှောင်ခေတ်ကြားဝယ် မုဟမ္မဒ်သခင်သည် သောက်စား ကာမ ကင်းစင်ခြင်း၊ ရုပ်တုမကိုးကွယ်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ဖြောင့်မတ်၍ အမှန်စကားသာပြောဆိုရုံဖြင့် အာရပ်မျိုးနွယ်များအားလုံးက သစ္စာရှင်အဖြစ် လေးစားခြင်းခံခဲ့ရ၏။
>လောကခပ်သိမ်းအတွက် မေတ္တာရှင် ပွင့်တော်မူခြင်း
မုဟမ္မဒ်သခင်သည် မိမိပတ်ဝန်းကျင်ရှိ အမှောင်ခေတ်နှင့် အကျင့်မှားတို့ကို စိတ်မချမ်းမြေ့ဘဲ မက္ကာမြို့တော်၏ မြောက်ဘက်(၃)မိုင် အကွာရှိ “ဟီရာ” လိုဏ်ဂူသို့သွားရောက် တရားဆင်ခြင်လျက်ရှိ၏။ ထိုအတောအတွင်း အမြင်များ၊ အိပ်မက်များသည် ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်လာသည်ကို တွေ့နေ၏။ ဤသို့ဖြင့် မုဟမ္မဒ်သခင်သည် သက်တော်(၄၀) ပြည့်ချေပြီတည်း။
ခရစ်သက္ကရာဇ် ၆၁၀ ခုနှစ် လမြတ်ရမ်ဇမ်၏ ညဥ့်တစ်ညဥ့် (သမိုင်းပညာရှင် အိဘနိစအတ်၏ တွက်ချက်မှုအရ ဟစ်ဂျရီခုနှစ် မတိုင်မီ ၁၃ နှစ် ရမ်ဇမ်လမြတ်၏ ၁၇ ရက်နေ့ည)တွင် ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်းတို့၏အရှင် အလ္လာဟ်၏ အမိန့်တော်အရ မလာအိကဟ် ကောင်းကင်တမန်ချုပ် ဂျီဘရာအီလ် သက်ဆင်းလာ၏။ ဟီရာလိုဏ်ဂူအတွင်း နက်နဲစွာ တရားဆင်ခြင်နေသော မုဟမ္မဒ်သခင်ကို ကောင်းကင်တမန်က ဖတ်လော့ (အစ်ကရအ်)ဟု ညွှန်ကြား၏။ မုဟမ္မဒ်သခင်သည် ထူးဆန်းသော ကြီးကျယ်သည့် အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားစွာ ကျွန်ုပ်ဖတ်တတ်သူမဟုတ်ပါ’ဟု ဖြေဆိုတော်မူ၏။
ဤသို့ဖြင့် နောက်ဆုံးတွင် မလာအိကဟ်ချုပ်သည် မုဟမ္မဒ်သခင်၏ ရင်ကိုပွေ့ဖက်၍ ‘ဖတ်လော့’ဟု ညွှန်ကြားကာ အောက်ဖော်ပြပါ ကုရ်အာန်ကျမ်းမြတ်၏ ပထမဆုံးသော အာယာသ်တော် ၅ပါးကို ရွတ်ဆိုပြလေသည်။ မုဟမ္မဒ်သခင်၏ သန့်စင်သော နှုတ်တော်မှလည်း ထိုအာယာသ်တော် ၅ပါး ထွက်ပေါ်လာလေသည်။ ဖြူစင်သော စိတ်နှလုံးတွင်လည်း စွဲမြဲနေတော့သည်။

(၁) ဖတ်လော့-အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ နာမတော်ကို အစပြု၍။ ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။
(၂) ထိုအရှင်မြတ်သည် လူသားကို (အလတ်က်) တွယ်ကပ်သော အရာဖြင့် ဖန်ဆင်းတော်မူခဲ့သည်။
(၃) ဖတ်လော့ (ကြွေးကြော်လော့) စင်စစ် အသင့်အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်ဖြစ်တော်မူ၏။
(၄-၅) ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့ကို သူတို့မသိသော အရာများကို သင်ကြားပေးတော်မူခဲ့၏။ (ကုရ်အာန်၉၆း၁-၅)
အထက်ပါအတိုင်း အလ္လာဟ်ထံတော်မှ ကမ္ဘာ့လူသားတို့ အတွက် နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ် စတင် ကျရောက်သောညဥ့်သည် ‘ကဒရ်ည’ဟု မည်တွင်လေသည်။ မုဟမ္မဒ်သခင် တရားဆင်ခြင်ရာ ဟီရာလိုဏ်ဂူ (သုတေသနလိုဏ်ဂူ)ရှိရာ တောင်ကုန်းသည်လည်း ဂျဘာလ်အ(န်)နူရ် (အလင်းရောင်တောင်ကုန်း)ဟု အမည်တွင်လေသည်။ စကြဝဠာလောကခပ်သိမ်းအတွက် မေတ္တာရှင်ကား ပွင့်လေပြီတည်း
“ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို “လိုင်လသုလ်ကဒရ်” ညဥ့်မြတ်၌ ချပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၉၇း၁)
“အမှန်သော်ကား ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား ခပ်သိမ်းကုန်သော လူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ် လည်းကောင်း စေလွှတ်တော်မူ၏” (ကုရ်အာန် ၃၄း၂၈)
“စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား လောကခပ်သိမ်းအတွက် မေတ္တာကရုဏာတော်အဖြစ်သာလျင် စေလွတ်တော်မူခဲ့သည်။ (ကုရ်အာန် ၂၁း၁၀၇)
“အသင်တို့ထံသို့ အလင်းရောင်နှင့် ထင်ရှားလှစွာသော (ကုရ်အာန်)ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ” (ကုရ်အာန် ၅း၁၅)
ထိုကဒရ်ညဥ့်မှအစပြု၍ (၂၃)နှစ်တာ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ် ထံတော်မှ ဝဟီကုရ်အာန်ကျမ်းမြတ် ကျရောက်ခဲ့ရာ ခရစ်သက္ကရာဇ် ၆၃၂ တွင် ပြီးပြည့်စုံခဲ့လေသည်။ ကမ္ဘာပျက်မည့်နေ့တိုင် ခေတ်တိုင်း လူသားတိုင်း အတွက် အံ့ဖွယ်သက်သေ လက္ခဏာနှင့် ဝဟီလမ်းညွှန်အဖြစ် မပြောင်းလဲဘဲ တည်ရှိနေပေတော့သည်။
မုဟမ္မဒ်သခင်သည် နဗီအဖြစ် လူသားတိုင်းအတွက် ပွင့်တော်မူပြီး နောက် ကမ္ဘာကြီးသည်လည်း လမ်းပန်းဆက်သွယ်ရေး တိုးတက်လာပြီး လူသားတို့ တစ်ကမ္ဘာလုံးကို သိခဲ့ကြရုံမျှမက အလ္လာဟ်သည် လူသားတို့အား သိပ္ပံခေတ်၊ အာကာသခေတ်၊ ကွန်ပြူတာခေတ် စသည်ဖြင့် အဆင့်ဆင့် အသိဉာဏ်တိုးမြှင့်၍ မိမိ၏ သက်သေလက္ခဏာများကို ပြလျက်ရှိနေပေတော့သည်။ ကုရ်အာန် စတင်ကျရောက်သော ရမ်ဇမ်လကို မုစ်လင်မ်တိုင်းအတွက် နှစ်စဉ် ဆွီယာမ် ဥပုသ်သီလဆောက်တည်ရာ လအဖြစ် (ဟစ်ဂျရီ ၂ ခုနှစ်တွင်) အလ္လာဟ်က သတ်မှတ်ခဲ့သည်။ (ကုရ်အာန် ၂း၁၈၃-၁၈၅)
>သစ္စာတရား၏ ဝိညာဉ်နှင့် ပြီးပြည့်စုံသော အလင်းရောင်
“အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုလ်တို့၏ နူရ်(တရားအလင်းရောင်ခြည်တော်ရှင်) ဖြစ်တော်မူ၏” (ကုရ်အာန်၂၄း၃၅)
“၄င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလင်းရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့်ငြိမ်းသတ်လိုကြ၏။ သို့ရာတွင် ကာဖရ်သွေဖည် ငြင်းပယ်သူများ မနှစ်မြို့ကြသော်လည်း အလ္လာဟ်သည် မိမိ၏ တရားလင်းရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုလုပ်တော်မူသည့် အရှင်မြတ်ပင်ဖြစ်၏။ (ကုရ်အာန် ၆၁း၈)
အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ခပ်သိမ်းတို့ထံ ၄င်းတို့ အသီးသီးအား ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန် ဝဟီလမ်းညွှန် ပေးတော်မူ၏။ လူသားတို့ထံလည်း ‘ဟတ်က်’ခေါ် စကြဝဠာနှင့် ယှဉ်သော သစ္စာတရားနှင့် ‘ဒီနူလ်ဟတ်’ခေါ် သစ္စာတရား၏ လမ်းစဉ်ကို လူသား နဗီ တမန်တော်များ ပွင့်စေတော်မူ၍ ဝဟီလမ်းညွှန် ပေးတော်မူ၏။ လူလောကတွင် အလ္လာဟ်ထံမှ တရားရောင်ခြည် မှေးမှိန်သွားတိုင်း အလ္လာဟ်သည် နဗီတမန်တော် ပွင့်စေ၍ ထွန်းညှိပေးမြဲသာ ဖြစ်၏။ သို့သော် ရှေးနဗီတမန်တော်အားလုံးတို့က မိမိတို့၏ ဟောကြားသော လမ်းညွှန်သည့်ခေတ်တိုင်းအတွက် တည်မြဲမည်မဟုတ်။ နောက်ဆုံး တမန်တော်ချုပ် ပွင့်မည်ဟုသာ ဆိုခဲ့ကြသည်။
ထိုတမန်တော်ချုပ်၏ နောက်ဆုံးလမ်းညွှန်သည်သာ ကမ္ဘာပျက်တိုင် တည်မြဲမည်ဟု ဆိုခဲ့ကြ၏။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို လူသား နဗီများထံ မလာအိကဟ်ချုပ် ဂျီဘရာအီလ်က သယ်ဆောင်ပေးလေ့ရှိ၏။ မလာအိကဟ်ချုပ်၏ ဘွဲ့မှာ “ရူဟူလ်အမီးန်” သစ္စာတရား၏ ဝိညာဉ်နှင့် “ရူဟူလ်တွလ်ဒုစ်” သန့်စင်သော ဝိညာဉ်တော် ဖြစ်၏။ (ကုရ်အာန် ၂၆း၁၉၃။ ၁၆း၁၀၂)
အလ္လာဟ်က မုဟမ္မဒ်သခင်အား သစ္စာတရားနှင့် တမန်တော် (ရစူလ်ဗစ်လ် ဟတ်က်) (ကုရ်အာန် ၃း၁၇၄)ဟု ဆိုထား၏ တမန်တော်ချုပ် မုဟမ္မဒ်အား ဒီနူလ်ဟတ်က် သစ္စာတရား၏ လမ်းစဉ်ကို နောက်ဆုံး ထွန်းညှိစေခဲ့သည်။ (ကုရ်အာန် ၆၁း၉)။
တမန်တော်ချုပ် မုဟမ္မဒ်သခင် ထွန်းညှိခဲ့သော တရားအလင်းရောင် ကုရ်အာန်သည် အလ္လာဟ်၏ ကတိတော်နှင့် ရှေးတမန်တော်၏ ဟောကြားချက် အတိုင်း ပြီးပြည့်စုံစွာ တစ်လုံးတစ်ပါဒ မပြောင်းလဲဘဲ ယနေ့တိုင် ရှိနေပေသည်။ ကမ္ဘာပျက်တိုင် ဆက်လက်တည်ရှိနေဦးမည်သာတည်း။

စာဖတ်သူအားလုံး အေလင် အသိပညာတိုးပွားနိင်ပါစေ..

တမန်တော်ချုပ်ပွင့်ပေါ်ရာဒေသ-မက္က

(က) ကမ္ဘာ့ပထမဆုံး တမန်တော် အာဒမ်ပွင့်ရာဒေသ လူ့သမိုင်းတွင် ပထမဆုံး နဗီတမန်တော် အာဒမ်သည် ဘတ်ကဟ်ဒေသ (ယခု မက္ကာမြို့)၌ ပွင့်တော်မူခဲ့သည်။ လူသားတို့အတွက် အလ္လာဟ်ကို တသရာ ပထမဆုံး ဗဟို ကျောင်းတော်အဖြစ် ကအ်ဘဟ်ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ (ကုရ်အာန် ၃း၃၃။ ၄၂း၇။ ၃း၉၆)။ ကအ်ဘဟ် ကျောင်းတော်တွင် ထူးဆန်းသော ကောင်းကင်ကျ ကျောက်နက်တုံး (အဆွဝဒ်)ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ (ကအ်ဘဟ် ကျောင်းတော် တည်ဆောက်ရမည့် နေရာကို အလ္လာဟ်အရှင်မြတ်က နဗီတမန်တော် အာဒမ်ကို ထို ကျောက်နက်တုံးချ၍ ပြခဲ့ခြင်း ဖြစ်နိုင်ပေသည်) (ခ) တမန်တော်ကြီး အီဘရာဟီမ်၏ဆု

တမန်တော်ကြီး အီဘရာဟီမ်သည် အလ္လာဟ်၏ စမ်းသပ်မှု အားလုံးကို ကမ္ဘာ့လူသားတို့အတွက် စံပြဆောင်ရွက်ပြခဲ့၏။ တမန်တော် အီဘရာဟီမ်နှင့် သားတော် အစ္စမာအီလ်တို့သည် ကအ်ဘဟ်ကျောင်းတော်၏ အုတ်မြစ်ကို ပြန်လည် မြှင့်တင်ခဲ့၏။ အလ္လာဟ်ထံတွင် ဤကအ်ဘဟ်ကျောင်းတော်ရှိရာ ဒေသရှိ ၄င်းတို့၏ မျိုးဆက်ကို ကြီးကျယ်သောမျိုးနွယ် ဖြစ်စေရန်နှင့် တမန်တော်တစ်ပါး ပွင့်စေရန်တောင်းဆုကို အလ္လာဟ် လက္ခံ သဘောတူတော်မူခဲ့၏။ (ကု၇်အာန် ၂း၁၂၈-၁၂၉)

(ဂ) ရှေးတမန်တော်များစွာတို့၏ သတင်းကောင်း ရှေးတမန်တော်များစွာတို့၏ ဟောကြားချက်ကျမ်းများ အရ ကေဒါမျိုးနွယ်များ (တမန်တော် အီစ္စမာအီလ်၏ သားတော်တစ်ပါး၏ မျိုးနွယ်) နေထိုင်ရာဒေသ၊ ပါရန်တောင်ကုန်းဒေသ၊ အိန္ဒိယကျွန်းဆွယ်၏ အနောက်ဘက်ဒေသ၊ ကုလားအုတ်ကို အစီးအနင်းပြုလုပ်ရာဒေသ၊ သဲကန္တာရဒေသတွင် တမန်တော်ချုပ် ပွင့်မည်ဟု ဆိုထားသည်။

(ဃ) ပထဝီဝင်အနေအထား တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က အာရေဗျသည် ပထဝီဝင်အနေအထားအရ အရှေ့ဘက်တွင် တရုတ်ပြည်နှင့် အန္ဒိယ မြောက်ဘက်တွင် ပါရှန်နှင့်ရောမ၊ ဂရိနှင့် ဥရောပနိုင်ငံများ၊ အနောက်ဘက်တွင် အီဂျစ်၊ တောင်ဘက်တွင် ယီမင်နှင့် အဘီဆီးနီးယား၊ အာဖရိကနိုင်ငံများ၊ စသော ကမ္ဘာ့ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ ဒေသတို့၏ အလယ်ဗဟိုတွင် ရှိနေခဲ့၏။

တမန်တော်ချုပ်၏အမည် မုဟမ္မဒ်(ဝါ) အဟ်မဒ်
(၁) ချီးမွမ်းခြင်းခံထိုက်သူ
တမန်တော်ချုပ်ကြီး၏ အမည်ကား မုဟမ္မဒ်ဖြစ်သည်။ အဓိပ္ပာယ်ကား ချီးမွမ်းခြင်းခံထိုက်သူဟူ၍ ဖြစ်သည်။ အခြားအမည် တစ်ခုမှာ‘အဟ်မဒ်’ ‘အလ္လာဟ်ကို ချီးမွမ်းထောမနာပြုသူ’ ဟူ၍ ဖြစ်သည်။ (ကုရ်အာန် ၄၈း၂၉ ၊၆၁-၆)

(၂) ‘မ’ အက္ခရာ၏ ဆန်းကြယ်မှု လူ့သမိုင်း၏ ပထမဆုံး နဗီတမန်တော်၏ အမည်မှာ အာဒမ်ဖြစ်၏။ ‘အ’ အက္ခရာဖြင့်စ၍ ‘မ’ အက္ခရာဖြင့် ဆုံးထားသည်။ တစ်နည်းဆိုသော် နဗီတမန်တော်တို့၏ သမိုင်းကို အာဒမ်ကစခဲ့၍ ဒုနိယာလောကတွင် များစွာသော နဗီများ ပွင့်ကြပြီး နောက်ဆုံး နဗီတမန်တော်ချုပ်မှာ မုဟမ္မဒ် ဖြစ်ပေသည်။

နောက်ဆုံး တမန်တော်ချုပ်(သို့) ကြီးကျယ်သော အလင်းပြ ပုဂ္ဂိုလ်ကြီး ပွင့်ပေါ်မည်ကို ကမ္ဘာနှင့်အဝန်း စောင့်မျှော်နေကြရာ ထိုပုဂ္ဂိုလ်ကြီး၏ အမည်နာမနှင့် စပ်လျဉ်း၍ ရှေးတမန်တော်များ၏ သင်ကြားချက်များ၊ ကျမ်းများတွင် သက်ဆိုင်ရာ ဘာသာစကားအသီးသီးဖြင့် ချီးမွမ်းခြင်းခံထိုက်သူ (မုဟမ္မဒ်) မိမိ၏ အရှင်သခင်ကို ချီးမွမ်းထောမနာပြုသူ (အဟ်မဒ်)၊ မေတ္တာရှင် ကရုဏာရှင်၊ “မ” ဟူသော အက္ခရာပါဝင်မည့် အမည်ရှင်။(မ) အက္ခရာသုံးလုံးပါဝင်မည့် အမည်ရှင်၊ ‘မဟာမ’ ကြီးကျယ်သော(မ) အက္ခရာအမည်ရှင် စသည့် ဖော်ပြချက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

(၃) ဘွဲ့အမည်၊ လောကခပ်သိမ်းအတွက် မေတ္တာကရုဏာရှင် အလ္လာဟ်သည် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်ကို ‘ရဟ်မတ်သုလ်လိလ်အာလမီန်း’ လောကအပေါင်းအတွက် မေတ္တာ ကရုဏာတော်ရှင်ဟု ဘွဲ့ပေးထား၏။ (ကုရ်အာန် ၂၁း၁၀၇)။ မုဟမ္မဒ်ဟူသော အမည်တွင်(မ) အက္ခရာသုံးလုံး ပါဝင်၍ ဘွဲ့အမည်မှာ မေတ္တာရှင် ဖြစ်ပေသည်။

(၄) သူတော်စင်တစ်သောင်းနှင့် လာမည့် ငြိမ်းချမ်းရေး တမန်တော် ရှေးကျမ်းများစွာတို့တွင် နောက်ဆုံး တမန်တော်ချုပ်သည် ‘ကုလားအုတ်’ကို အစီးအနင်းပြုသူ {Camel Rider} ဖြစ်မည်ဟု ဆိုထား၏။ သူတော်စင်ပေါင်း တစ်သောင်း {Ten thousand saints} သို့မဟုတ် နွားတစ်သောင်းနှင့် လာမည်ဟု ဆိုထား၏။ အာရေဗျတွင် ကုလားအုတ်မှာ အစီးအနင်းဖြစ်၏။ 
 
မက္ကာဟ်ကို ကာဖိရ်မုရှရိက်တို့လက်မှ အောင်နိုင်သောနေ့တွင် နောက်လိုက်ဆွဟာဗာ (သာဝက) တစ်သောင်းဖြင့် မုဟမ္မဒ်သခင် ကြွလာခဲ့၏။ ကမ္ဘာ့သမိုင်း၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး လောကအားလုံးတွင် စံတင်လောက်အောင် မေတ္တာတရားပြခဲ့သော ငြိမ်းချမ်းရေးဘုရင် {Prince of peace} ဖြစ်ခဲ့၏။

>‘အွမ္မီ’ စာပေ မသင်ကြားရသူ တမန်တော်နှင့် သစ္စာတရား၏ ဝိညာဉ်

တမန်တော်ချုပ် မုဟမ္မဒ်သခင်သည် ငယ်စဉ်ကပင် မိဘမဲ့ဘဝရောက်ခဲ့၏။ ‘အွမ္မီ’ခေါ် စာပေသင်ကြားခြင်း မခံရသူ ဖြစ်ခဲ့သည်။ (ကုရ်အာန် ၇း၁၅၇။ ၆၂း၂)။

စင်စစ် မုဟမ္မဒ်သခင်သည် ခေတ်တိုင်းအတွက် လူသားထုတစ်ရပ်လုံးနှင့် ယှဉ်သော တမန်တော်ချုပ် ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ခေတ်တိုင်းအတွက် လမ်းညွှန်ကုရ်အာန်ကျမ်းမြတ်ကို လက္ခံရမည့်သူ ဖြစ်ပေရာ မုဟမ္မဒ်သခင်အား လူသားဆရာများ၊ ပညာရှင်များနှင့် လူ့အတွေးအခေါ်များမှ ကင်းစေရန် “အွမ္မီ” အဖြစ် အလ္လာဟ်အရှင်မြတ်၏ စီမံမှုပင် ဖြစ်သည်။
 
ရှးတမန်တော်များမှ သင်ကြားချက်တွင် နောက်ဆုံး တမန်တော်ချုပ်သည် {Uniettered Prophet} စာပေမတတ်မြောက်သူ၊ ဆရာမရှိသူ ဖြစ်လိမ့်မည်ဟု တွေ့ရှိနိုင်ပေသည်။

တမန်တော်ချုပ်သည် စာပေမသင်ကြားခဲ့ ရသော်လည်း အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ်ကို ကမ္ဘာ့ လူသားတို့ထံ နှုတ်မှ ဆင့်ပြန်ရမည် ဖြစ်ပေရာ အလ္လာဟ်သည် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်သိက္ခာနှင့် စပ်လျဉ်း၍ ငယ်စဉ်ကပင် စ၍ အပြစ်ကင်းစွာ ထားခဲ့၏။

တမန်တော်မဖြစ်မီကပင် အာရေဗျ၌ ‘အလ်အမီးန်’ ‘အတ်ဆွာဒစ်က်’ (ရိုးသားဖြောင့်မတ်သူ သစ္စာရှင်) စသည့် ဂုဏ်ပုဒ်တို့ဖြင့် ကျော်ကြားနေခဲ့၏။ ၄င်း၏နှုတ်မှ မည်သည့်အခါမှ မုသား မထွက်ကြောင်း အာရပ်တို့ ယုံကြည်ခဲ့ကြ၏။ (အိဗနိဟိရှမ်။ တဗာရီနှင့် အိဘနီစာအတ်ကျမ်း)

တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူစဉ်က ကမ္ဘာအရပ်ဒေသတို့တွင် အလ္လာဟ်ချပေးခဲ့သော မူရင်းကျမ်းများပျက်ကာ အမှောင်လွှမ်းမိုးနေပေပြီ။ အာရေဗျ တစ်ခွင်တွင် ရုပ်တုများစွာ ထုလုပ်ကိုးကွယ်ခြင်း၊ အရက်သေစာကို စည်နှင့်တည်၍ သောက်ခြင်း၊ အမျိုးသမီးများနှင့် ကျွန်တို့ ဘဝအခွင့်
အရေးဆုံးရှုံးနေခြင်း၊ဖခင်တို့က သမီးမိန်းကလေးမွေးလာလျင် မြေမြုပ်သတ်ပစ်ခြင်း၊ မေတ္တာတရား ခေါင်း
ပါးကာရန်လိုစစ်သွေးကြွနေခြင်းစသည့်အကျင့်ဆိုးများဖြင့်အမှောင်ခေတ်ကြားဝယ် မုဟမ္မဒ်သခင်သည်
 သောက်စား ကာမ ကင်းစင်ခြင်း၊ ရုပ်တုမကိုးကွယ်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ဖြောင့်မတ်၍ အမှန်စကားသာပြောဆိုရုံဖြင့် အာရပ်မျိုးနွယ်များအားလုံးက သစ္စာရှင်အဖြစ် လေးစားခြင်းခံခဲ့ရ၏။

>လောကခပ်သိမ်းအတွက် မေတ္တာရှင် ပွင့်တော်မူခြင်း 
 
 မုဟမ္မဒ်သခင်သည် မိမိပတ်ဝန်းကျင်ရှိ အမှောင်ခေတ်နှင့် အကျင့်မှားတို့ကို စိတ်မချမ်းမြေ့ဘဲ မက္ကာမြို့တော်၏ မြောက်ဘက်(၃)မိုင် အကွာရှိ “ဟီရာ” လိုဏ်ဂူသို့သွားရောက် တရားဆင်ခြင်လျက်ရှိ၏။ ထိုအတောအတွင်း အမြင်များ၊ အိပ်မက်များသည် ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်လာသည်ကို တွေ့နေ၏။ ဤသို့ဖြင့် မုဟမ္မဒ်သခင်သည် သက်တော်(၄၀) ပြည့်ချေပြီတည်း။

ခရစ်သက္ကရာဇ် ၆၁၀ ခုနှစ် လမြတ်ရမ်ဇမ်၏ ညဥ့်တစ်ညဥ့် (သမိုင်းပညာရှင် အိဘနိစအတ်၏ တွက်ချက်မှုအရ ဟစ်ဂျရီခုနှစ် မတိုင်မီ ၁၃ နှစ် ရမ်ဇမ်လမြတ်၏ ၁၇ ရက်နေ့ည)တွင် ဖြစ်သည်။ စကြဝဠာ လောကခပ်သိမ်းတို့၏အရှင် အလ္လာဟ်၏ အမိန့်တော်အရ မလာအိကဟ် ကောင်းကင်တမန်ချုပ် ဂျီဘရာအီလ် သက်ဆင်းလာ၏။ 
 
ဟီရာလိုဏ်ဂူအတွင်း နက်နဲစွာ တရားဆင်ခြင်နေသော မုဟမ္မဒ်သခင်ကို ကောင်းကင်တမန်က ဖတ်လော့ (အစ်ကရအ်)ဟု ညွှန်ကြား၏။ မုဟမ္မဒ်သခင်သည် ထူးဆန်းသော ကြီးကျယ်သည့် အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားစွာ ကျွန်ုပ်ဖတ်တတ်သူမဟုတ်ပါ’ဟု ဖြေဆိုတော်မူ၏။

ဤသို့ဖြင့် နောက်ဆုံးတွင် မလာအိကဟ်ချုပ်သည် မုဟမ္မဒ်သခင်၏ ရင်ကိုပွေ့ဖက်၍ ‘ဖတ်လော့’ဟု ညွှန်ကြားကာ အောက်ဖော်ပြပါ ကုရ်အာန်ကျမ်းမြတ်၏ ပထမဆုံးသော အာယာသ်တော် ၅ပါးကို ရွတ်ဆိုပြလေသည်။ မုဟမ္မဒ်သခင်၏ သန့်စင်သော နှုတ်တော်မှလည်း ထိုအာယာသ်တော် ၅ပါး ထွက်ပေါ်လာလေသည်။ ဖြူစင်သော စိတ်နှလုံးတွင်လည်း စွဲမြဲနေတော့သည်။

(၁) ဖတ်လော့-အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ နာမတော်ကို အစပြု၍။ ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့ ခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

(၂) ထိုအရှင်မြတ်သည် လူသားကို (အလတ်က်) တွယ်ကပ်သော အရာဖြင့် ဖန်ဆင်းတော်မူခဲ့သည်။

(၃) ဖတ်လော့ (ကြွေးကြော်လော့) စင်စစ် အသင့်အားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်ဖြစ်တော်မူ၏။

(၄-၅) ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့ကို သူတို့မသိသော အရာများကို သင်ကြားပေးတော်မူခဲ့၏။ (ကုရ်အာန်၉၆း၁-၅)

အထက်ပါအတိုင်း အလ္လာဟ်ထံတော်မှ ကမ္ဘာ့လူသားတို့ အတွက် နောက်ဆုံး ဝဟီလမ်းညွှန် ကုရ်အာန်ကျမ်းမြတ် စတင် ကျရောက်သောညဥ့်သည် ‘ကဒရ်ည’ဟု မည်တွင်လေသည်။ မုဟမ္မဒ်သခင် တရားဆင်ခြင်ရာ ဟီရာလိုဏ်ဂူ (သုတေသနလိုဏ်ဂူ)ရှိရာ တောင်ကုန်းသည်လည်း ဂျဘာလ်အ(န်)နူရ် (အလင်းရောင်တောင်ကုန်း)ဟု အမည်တွင်လေသည်။ စကြဝဠာလောကခပ်သိမ်းအတွက် မေတ္တာရှင်ကား ပွင့်လေပြီတည်း “ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို “လိုင်လသုလ်ကဒရ်” ညဥ့်မြတ်၌ ချပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၉၇း၁)

“အမှန်သော်ကား ငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား ခပ်သိမ်းကုန်သော လူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ် လည်းကောင်း စေလွှတ်တော်မူ၏” (ကုရ်အာန် ၃၄း၂၈)

“စင်စစ်သော်ကားငါအရှင်မြတ်သည် အသင်(မုဟမ္မဒ်)အား လောကခပ်သိမ်းအတွက် မေတ္တာကရုဏာတော်
အဖြစ်သာလျင် စေလွတ်တော်မူခဲ့သည်။ (ကုရ်အာန် ၂၁း၁၀၇)

“အသင်တို့ထံသို့ အလင်းရောင်နှင့် ထင်ရှားလှစွာသော (ကုရ်အာန်)ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ” (ကုရ်အာန် ၅း၁၅)

ထိုကဒရ်ညဥ့်မှအစပြု၍ (၂၃)နှစ်တာ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ် ထံတော်မှ ဝဟီကုရ်အာန်ကျမ်းမြတ် ကျရောက်ခဲ့ရာ ခရစ်သက္ကရာဇ် ၆၃၂ တွင် ပြီးပြည့်စုံခဲ့လေသည်။ ကမ္ဘာပျက်မည့်နေ့တိုင် ခေတ်တိုင်း လူသားတိုင်း အတွက် အံ့ဖွယ်သက်သေ လက္ခဏာနှင့် ဝဟီလမ်းညွှန်အဖြစ် မပြောင်းလဲဘဲ တည်ရှိနေပေတော့သည်။

မုဟမ္မဒ်သခင်သည် နဗီအဖြစ် လူသားတိုင်းအတွက် ပွင့်တော်မူပြီး နောက် ကမ္ဘာကြီးသည်လည်း လမ်းပန်းဆက်သွယ်ရေး တိုးတက်လာပြီး လူသားတို့ တစ်ကမ္ဘာလုံးကို သိခဲ့ကြရုံမျှမက အလ္လာဟ်သည် လူသားတို့အား သိပ္ပံခေတ်၊ အာကာသခေတ်၊ ကွန်ပြူတာခေတ် စသည်ဖြင့် အဆင့်ဆင့် အသိဉာဏ်တိုးမြှင့်၍ မိမိ၏ သက်သေလက္ခဏာများကို ပြလျက်ရှိနေပေတော့သည်။ ကုရ်အာန် စတင်ကျရောက်သော ရမ်ဇမ်လကို မုစ်လင်မ်တိုင်းအတွက် နှစ်စဉ် ဆွီယာမ် ဥပုသ်သီလဆောက်တည်ရာ လအဖြစ် (ဟစ်ဂျရီ ၂ ခုနှစ်တွင်) အလ္လာဟ်က သတ်မှတ်ခဲ့သည်။ (ကုရ်အာန် ၂း၁၈၃-၁၈၅)

>သစ္စာတရား၏ ဝိညာဉ်နှင့် ပြီးပြည့်စုံသော အလင်းရောင် “အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုလ်တို့၏ နူရ်(တရားအလင်းရောင်ခြည်တော်ရှင်) ဖြစ်တော်မူ၏” (ကုရ်အာန်၂၄း၃၅)

“၄င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလင်းရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့်ငြိမ်းသတ်လိုကြ၏။ သို့ရာတွင် ကာဖရ်သွေဖည် ငြင်းပယ်သူများ မနှစ်မြို့ကြသော်လည်း အလ္လာဟ်သည် မိမိ၏ တရားလင်းရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုလုပ်တော်မူသည့် အရှင်မြတ်ပင်ဖြစ်၏။ (ကုရ်အာန် ၆၁း၈)
အလ္လာဟ်သည် စကြဝဠာ လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ခပ်သိမ်းတို့ထံ ၄င်းတို့ အသီးသီးအား ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန် ဝဟီလမ်းညွှန် ပေးတော်မူ၏။
 
လူသားတို့ထံလည်း ‘ဟတ်က်’ခေါ် စကြဝဠာနှင့် ယှဉ်သော သစ္စာတရားနှင့် ‘ဒီနူလ်ဟတ်’ခေါ် သစ္စာတရား၏ လမ်းစဉ်ကို လူသား နဗီ တမန်တော်များ ပွင့်စေတော်မူ၍ ဝဟီလမ်းညွှန် ပေးတော်မူ၏။ လူလောကတွင် အလ္လာဟ်ထံမှ တရားရောင်ခြည် မှေးမှိန်သွားတိုင်း အလ္လာဟ်သည် နဗီတမန်တော် ပွင့်စေ၍ ထွန်းညှိပေးမြဲသာ ဖြစ်၏။ သို့သော် ရှေးနဗီတမန်တော်အားလုံးတို့က မိမိတို့၏ ဟောကြားသော လမ်းညွှန်သည့်ခေတ်တိုင်းအတွက် တည်မြဲမည်မဟုတ်။ နောက်ဆုံး တမန်တော်ချုပ် ပွင့်မည်ဟုသာ ဆိုခဲ့ကြသည်။

ထိုတမန်တော်ချုပ်၏ နောက်ဆုံးလမ်းညွှန်သည်သာ ကမ္ဘာပျက်တိုင် တည်မြဲမည်ဟု ဆိုခဲ့ကြ၏။ အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို လူသား နဗီများထံ မလာအိကဟ်ချုပ် ဂျီဘရာအီလ်က သယ်ဆောင်ပေးလေ့ရှိ၏။ မလာအိကဟ်ချုပ်၏ ဘွဲ့မှာ “ရူဟူလ်အမီးန်” သစ္စာတရား၏ ဝိညာဉ်နှင့် “ရူဟူလ်တွလ်ဒုစ်” သန့်စင်သော ဝိညာဉ်တော် ဖြစ်၏။ (ကုရ်အာန် ၂၆း၁၉၃။ ၁၆း၁၀၂)

အလ္လာဟ်က မုဟမ္မဒ်သခင်အား သစ္စာတရားနှင့် တမန်တော် (ရစူလ်ဗစ်လ် ဟတ်က်) (ကုရ်အာန် ၃း၁၇၄)ဟု ဆိုထား၏ တမန်တော်ချုပ် မုဟမ္မဒ်အား ဒီနူလ်ဟတ်က် သစ္စာတရား၏ လမ်းစဉ်ကို နောက်ဆုံး ထွန်းညှိစေခဲ့သည်။ (ကုရ်အာန် ၆၁း၉)။

တမန်တော်ချုပ် မုဟမ္မဒ်သခင် ထွန်းညှိခဲ့သော တရားအလင်းရောင် ကုရ်အာန်သည် အလ္လာဟ်၏ ကတိတော်နှင့် ရှေးတမန်တော်၏ ဟောကြားချက် အတိုင်း ပြီးပြည့်စုံစွာ တစ်လုံးတစ်ပါဒ မပြောင်းလဲဘဲ ယနေ့တိုင် ရှိနေပေသည်။ ကမ္ဘာပျက်တိုင် ဆက်လက်တည်ရှိနေဦးမည်သာတည်း။

စာဖတ်သူအားလုံး အေလင် အသိပညာတိုးပွားနိင်ပါစေ..
 
 
 
Rangonnewsdaily
9.3.2013

0 comments:

Post a Comment