Pages

Saturday, March 9, 2013

၈ လက်မအရွယ် Galaxy Note 8.0 ကို Samsung စတင်မိတ်ဆက်


Samsung ကုမ္ပဏီသည် Apple၏ iPad Miniကို ယှဉ်ပြိုင်နိုင်မည့် Tablet အမျိုးအစားသစ် တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှု အဆင့်(၁) နေရာ၌ ရှိနေသော တောင်ကိုရီးယား ကုမ္ပဏီကြီးသည် မွမ်းမံအဆင့်မြှင့်တင်ထားသည့် Tablet PC ကွန်ပျူတာ တစ်မျိုးကို တနင်္လာနေ့က Mobile World Congressတွင် စတင် ပြသခဲ့သည်။
ဘာစီလိုနာတွင် ကျင်းပသည့် အဆိုပါ ပြပွဲကြီး၌ Screenအကျယ် (၈)လက်မရှိသည့် Galaxy Note 8.0ကို Samsungက မိတ်ဆက်ခဲ့သည်။

၎င်းသည် 1.6 GHz မြန်နှုန်းရှိ Quad-Core Processorဖြင့် မောင်းနှင်ပြီး OSအဖြစ် Android 4.1.2 Jelly Beanကို အသုံးပြုထားကြောင်း သိရသည်။ ယင်းသည် Android OS Versionများအနက် နောက်ဆုံးထုတ်လည်း ဖြစ်သည်။ 


Screen၏ ရုပ်ထွက် အရည်အသွေးမှာ 1280x800 pixelဖြစ်ပြီး ယခင်ထုတ်ဝေသည့် Galaxy Note 10.1ထက် ပိုမို ကြည်လင်ပြတ်သားသော ပုံရိပ်များကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် Samsung၏ နာမည်
ကျော် S-Pen စနစ်ကို ပြန်လည် တပ်ဆင်ပေးထားကြောင်းလည်း သိရသည်။

"Galaxy Note 8.0ဟာ ဈေးကွက်အတွင်းမှာ (၇)လက်မ၊ (၈)လက်မ အရွယ် Tabletတွေရဲ့ ဝေစုကို ပိုပြီး တိုး
မြှင့်ပေးနိုင်မယ်လို့ ယူဆရတယ်"ဟု ဆိုးလ်မှ ကွန်ပျူတာဈေးကွက် လေ့လာသူ ချိုဂျင်ဟိုက သုံးသပ်ခဲ့သည်။ သုတေသီများက(၂၀၁၃)ခုနှစ်တွင်ကမ္ဘာတလွှားသို့Tablet PCများတင်ပို့ ရောင်းချမှုသည် (၆၄.၂)ရာခိုင်နှုန်း
 တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ Samsung အနေဖြင့်မူ Tablet PCများ ရောင်းအားမြှင့်တင်မှုကို ယမန်နှစ်ကထက် (၂၀.၅)ရာခိုင်နှုန်း မြှင့်တင်နိုင်ရန် မျှော်လင့်လျှက်ရှိသည်။

Source: XinhuaNet,Planet Myanmar Network:

Rangonnewsdaily
9.3.2013

0 comments:

Post a Comment