Pages

Saturday, March 9, 2013

ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များ အား မတ်လနှင့်ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိ

နှိုးဆော်စာ - ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များအား မတ်လနှင့်ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန်စီစဉ်နေသည်ကိုအတိအကျသတင်းရရှိထား

၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ကမန်မွတ်စလင် အများအပြားအသက်ဆုံးရှူံးခဲ့ရသည်။ 

ရိုဟင်ဂျာလူမျိုးများတွင်လက်နက်ကိုင်အဖွဲ့အစည်းများမရှိသော်ငြားလည်း၊ ပြည်တွင်းသတင်းဌာနများ နှင့်နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေး၏ Facebook စာမျက် နှာတို့မှ ရခိုင်ပြည်နယ်ကိုရိုဟင်ဂျာများသိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင်လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေသယောင်ဝါဒဖြန့်ချီ၍ အခြေအနေများကိုပိုမိုတင်းမာအောင်ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်ဒုတိယအကြိမ်အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်အ၀န်းတွင်ဖြစ်ပေါ်ခဲ့ သည်။ 

နိုင်ငံတော်အစိုးရမှ ၁၈၀ ခန့်သေဆုံးသည်ဟုထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်အသက်ဆုံးရှူံးခဲ့ ရသူပမာဏမှာလွန်စွာများပြားခဲ့သည်။ ထို့အပြင်အကြမ်းဖက်မှုများကိုတိမ်းရှောင်ခဲ့သူအများအပြားပင် လယ်ပြင်တွင်အသက်ဆုံးရှူံးခဲ့ရသည်။ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခုအခါ ဘက်ပေါင်းစုံမှအခြေအနေဆိုးရွားသောဒုက္ခသည်စခန်းများ၌နေထိုင်နေကြရ သည်။ 

အဆိုပါဒုက္ခသည်များအားနိုင်ငံတကာအဖွဲ့အစည်းများမှတတ်နိုင်သရွေ့ကူညီပေးလျက်ရှိရာ တူရကီ နိုင်ငံမှတန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးရန် မြန်မာအစိုးရနှင့်ပူးပေါင်း၍စီစဉ်ခဲ့သည်။ သို့သော် လည်း ဒေသခံရခိုင်အစွန်းရောက်အချို့မှအဆိုပါအစီအစဉ်အားလက်မခံနိုင်ကြောင်းမတ်လ (၇) ရက်နေ့တွင် စစ်တွေမြို့နှင့်အခြားမြို့များတွင်ဆန္ဒပြပွဲပြုလုပ်၍ အစီအစဉ်အားဖျက်သိမ်းပေးရန်တောင်း ဆိုခဲ့ကြသည်။ 

လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပွားမည်ဟုသတင်းများပျံ့နှံ့လျက်ရှိခဲ့သည်။ ထိုသို့သတင်းပျံ့နှံ့မှုများမှန်ကန်မှုရှိ/မရှိကို လေ့လာစုံစမ်းခဲ့ရာ မတ်လ နောက်ဆုံးပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည်နယ်အတွင်းရှိမွတ်စလင်များအားသတ်ဖြတ်ရန် အစွန်းရောက်အဖွဲ့အစည်းများမှအစီအစဉ်ရေးဆွဲ ထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့်သတင်းရပ်ကွက်များမှ တိကျမှန်ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည်ခုတ်နည်းများကိုလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစတင်၍သင်တန်းများပေးနေသည်ကိုမျက် မြင်သက်သေများမှ RB News သို့ပြောကြားခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာလူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံထိန်းတပ်ဖွဲ့ဝင်များကို ရခိုင်လူမျိုးလုံထိန်းတပ်ဖွဲ့ဝင်များဖြင့်လဲ လှယ်လိုက်ပြီး၊ မွမ်းမံသင်တန်းများပေးလျက်ရှိကြောင်းကိုလည်း ခိုင်မာသည့်သတင်းရပ်ကွက်များမှ ရရှိထားပြီးဖြစ်သည်။ 

မတ်လ နောက်ဆုံးပတ်တွင်စတင်မည့်အကြမ်းဖက်မှုကို ရခိုင်လူမျိုးများအကြားသိရှိနေပြီဖြစ်သော် လည်း ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များမှာ သတင်းအစအနပင်မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတရုံးညွန် ကြားရေးမှူး - မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများထပ်မံပြု လုပ်ရန်စီစဉ်ထားသည်ကိုလည်း သိရှိထားပါသည်။ 

သို့ဖြစ်ပါ၍ နိုင်ငံရေးအမြတ်ထုတ်ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှူံးမှုနှင့်အိုး မဲ့အိမ်မဲ့ဖြစ်ပွားမှုအားလုံးကိုကြိုတင်ကာကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအစိုးရများမှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီထိန်းသိမ်းပေးပါရန်၊ လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

RB News Team
၂၀၁၃ မတ်လ (၈)


၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့နယ်များတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ကမန်မွတ်စလင် အများအပြားအသက်ဆုံးရှူံးခဲ့ရသည် ရိုဟင်ဂျာလူမျိုးများတွင်လက်နက်ကိုင်အဖွဲ့အစည်းများမရှိသော်ငြားလည်း၊ ပြည်တွင်းသတင်းဌာနများ နှင့်နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေး၏ Facebook စာမျက် နှာတို့မှ ရခိုင်ပြည်နယ်ကိုရိုဟင်ဂျာများသိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင်လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေသယောင်ဝါဒဖြန့်ချီ၍ အခြေအနေများကိုပိုမိုတင်းမာအောင်ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်ဒုတိယအကြိမ်အကြမ်းဖက်မှုများ ရခိုင်ပြည်နယ်အ၀န်းတွင်ဖြစ်ပေါ်ခဲ့ သည်။

နိုင်ငံတော်အစိုးရမှ ၁၈၀ ခန့်သေဆုံးသည်ဟုထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်အသက်ဆုံးရှူံးခဲ့ ရသူပမာဏမှာလွန်စွာများပြားခဲ့သည်။ ထို့အပြင်အကြမ်းဖက်မှုများကိုတိမ်းရှောင်ခဲ့သူအများအပြားပင် လယ်ပြင်တွင်အသက်ဆုံးရှူံးခဲ့ရသည်။ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခုအခါ ဘက်ပေါင်းစုံမှအခြေအနေဆိုးရွားသောဒုက္ခသည်စခန်းများ၌နေထိုင်နေကြရ သည်။

အဆိုပါဒုက္ခသည်များအားနိုင်ငံတကာအဖွဲ့အစည်းများမှတတ်နိုင်သရွေ့ကူညီပေးလျက်ရှိရာ တူရကီ နိုင်ငံမှတန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးရန် မြန်မာအစိုးရနှင့်ပူးပေါင်း၍စီစဉ်ခဲ့သည်။ သို့သော် လည်း ဒေသခံရခိုင်အစွန်းရောက်အချို့မှအဆိုပါအစီအစဉ်အားလက်မခံနိုင်ကြောင်းမတ်လ (၇) ရက်နေ့တွင် စစ်တွေမြို့နှင့်အခြားမြို့များတွင်ဆန္ဒပြပွဲပြုလုပ်၍ အစီအစဉ်အားဖျက်သိမ်းပေးရန်တောင်း ဆိုခဲ့ကြသည်။

လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပွားမည်ဟုသတင်းများပျံ့နှံ့လျက်ရှိခဲ့သည်။ ထိုသို့သတင်းပျံ့နှံ့မှုများမှန်ကန်မှုရှိ/မရှိကို လေ့လာစုံစမ်းခဲ့ရာ မတ်လ နောက်ဆုံးပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည်နယ်အတွင်းရှိမွတ်စလင်များအားသတ်ဖြတ်ရန် အစွန်းရောက်အဖွဲ့အစည်းများမှအစီအစဉ်ရေးဆွဲ ထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့်သတင်းရပ်ကွက်များမှ တိကျမှန်ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည်ခုတ်နည်းများကိုလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလမှစတင်၍သင်တန်းများပေးနေသည်ကိုမျက် မြင်သက်သေများမှ RB News သို့ပြောကြားခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာလူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံထိန်းတပ်ဖွဲ့ဝင်များကို ရခိုင်လူမျိုးလုံထိန်းတပ်ဖွဲ့ဝင်များဖြင့်လဲ လှယ်လိုက်ပြီး၊ မွမ်းမံသင်တန်းများပေးလျက်ရှိကြောင်းကိုလည်း ခိုင်မာသည့်သတင်းရပ်ကွက်များမှ ရရှိထားပြီးဖြစ်သည်။

မတ်လ နောက်ဆုံးပတ်တွင်စတင်မည့်အကြမ်းဖက်မှုကို ရခိုင်လူမျိုးများအကြားသိရှိနေပြီဖြစ်သော် လည်း ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များမှာ သတင်းအစအနပင်မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတရုံးညွန် ကြားရေးမှူး - မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများထပ်မံပြု လုပ်ရန်စီစဉ်ထားသည်ကိုလည်း သိရှိထားပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးအမြတ်ထုတ်ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှူံးမှုနှင့်အိုး မဲ့အိမ်မဲ့ဖြစ်ပွားမှုအားလုံးကိုကြိုတင်ကာကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအစိုးရများမှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီထိန်းသိမ်းပေးပါရန်၊ လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

RB News Team
Rangonnewsdaily
9.3.2013

0 comments:

Post a Comment