Pages

Saturday, March 9, 2013

ကမ္ဘာအနီးမှ ဘောလုံးကွင်းအရွယ် ဥက္ကာခဲ ဖြတ်သန်းသွားမည်

ကမ္ဘာအနီးမှ ဘောလုံးကွင်းအရွယ် ဥက္ကာခဲ ဖြတ်သန်းသွားမည်

ဘောလုံးကွင်း တစ်ခုစာမျှ အရွယ်အစားရှိသည့် ဥက္ကာခဲတစ်လုံးသည်ကမ္ဘာအနီးမှယခုသီတင်းပတ်အတွင်း
 ဖြတ်သန်းသွားမည်ဟု သိရှိရသည်။ ပေ(၃၃၀) ရှည်လျှားသော ဥက္ကာခဲ 2013 ETသည် ကမ္ဘာမြေမှ မိုင်ပေါင်း
 ခြောက်သိန်းအကွာတွင် စနေနေ့ (မတ်လ ၉ ရက်) ၌ ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက
 ပြောကြားခဲ့သည်။
အာကာသအတွင်းမှ အဆိုပါ ကျောက်စိုင်ခဲကြီးသည် တနင်္လာနေ့က ၎င်းထက် (၁၀)ပုံ (၁)ပုံ သေးငယ်သော ဥက္ကာခဲတစ်ခု ကမ္ဘာနှင့် နီးကပ်သော နေရာမှ ဖြတ်သန်းပြီးနောက် တစ်ပတ်အတွင်း ဒုတိယမြောက် ဥက္ကာ
ခဲအဖြစ် ကမ္ဘာနားသို့ ရောက်လာမည် ဖြစ်သည်။

(၃၃)ပေ အရှည်ရှိသည့် ဥက္ကာခဲ 2013 ECသည် တနင်္လာနေ့က ကမ္ဘာနှင့် မိုင်ပေါင်းနှစ်သိန်းသုံးသောင်း အ
ကွာမှ ကျော်ဖြတ်သွားသေးသည်။ 2013 ETကျော်ဖြတ်ချိန်တွင် ယင်းနှင့် ကမ္ဘာတို့ကြားရှိ အကွာအဝေးသည် လနှင့်ကမ္ဘာကြားအကွာအဝေးထက် နှစ်ဆခွဲ ပိုများမည် ဖြစ်သောကြောင့်ကမ္ဘာမြေကိုထိခိုက်ရန် အကြောင်း
မရှိဟုလည်း သိရသည်။

အီတလီနိုင်ငံရှိ နက္ခတ်ဗေဒ ပညာရှင်များကမူ အဆိုပါ ဥက္ကာခဲ ဖြတ်သန်းချိန်ကို နက္ခတ်တာရာကြည့် မှန်
ပြောင်းဖြင့် လေ့လာစောင့်ကြည့်ကာ တိုက်ရိုက်လွှင့်တင် ပြသမှု ပြုလုပ်ရန် စီစဉ်ထားသည်။ နက္ခတ်ဗေဒ ပညာရှင်များက ကမ္ဘာမြေ အရွယ်အစားမျှပင် ရှိနိုင်သည့် ဥက္ကာခဲပေါင်း အနည်းဆုံး (၁)သန်းမျှ လွင့်မျော
နေနိုင်သည်ဟု ယုံကြည်ထားသော်လည်း ယနေ့အချိန်ထိ စုစုပေါင်း (၉၇၀၀)ဝန်းကျင်ထိသာ ရှာဖွေ တွေ့
ရှိထားသည်။

Source: NBC News
Rangonnewsdaily
9.3.2013

0 comments:

Post a Comment