Pages

Saturday, March 9, 2013

ခေတ်သစ်သစ်ခုတ်သမား (ဟာသ)

ခေတ်သစ်သစ်ခုတ်သမား

 တရက်တွင် ဧရာဝတီမြစ်ကမ်း နဖူး ၌် ပေါက်နေသော သစ်ပင်ကြီး ၏ သစ်ကိုင်းတခု အား သစ်ခုတ်သမားက ခုတ်ချနေ၏။

ထိုစဉ် လက်ချော်ကာ ခုတ်နေသည့် ပုဆိန်မှာ မြစ်ထဲသို့ကျသွား၏။

ကျသွားသည့် နေရာကိုမှန်းဆ ကာ ရေငုပ်ရှာဖွေသော်လည်းမတွေ့ချေ။ အချိန်မှာလည်း မရှိတော့ ။နေ၀င်ချိန်သို့ပင်ရောက်ပေပြီ။

နောက်ဆုံး စိတ်ဓါတ်ကျစွာဖြင့် တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ငိုယိုမိ၏။

သူ့အော်ဟစ်ငိုသံကျယ်လွန်းလှ၍  ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အစိမ်းသေဖြစ်ရရှာသောဧရာဝတီ မြစ်စောင့်တရုတ်နတ်မင်းသည် ကြားသွားလေ၏။

သို့နှင့် နားညည်းလွန်းသောကြောင့် ကိုယ်ထင်ပြကာ..." ....သစ်ခုတ်သမားအား ...အဘယ်ကြောင့်ငိုနေသလဲ "...  ဟုမေး၏ ။

" သစ်ခုတ်သမား လည်း ပုဆိန်ကျ၍ ငိုရခြင်းဖြစ်ကြောင်း "  ပူဆွေးသောအသံဖြင့် .ငိုယိုကာပြောလေ၏။

မြစ်ဆောင့်နတ်လည်း သူ၏ အပိုင်စားဖြစ်သော ဧရာဝတီမြစ်တွင်းဆင်းကာ ရေငုပ်ရှာဖွေသော် ရွှေပုဆိန် တစ်လက်အားတွေ့၍ သစ်ခုတ်သမားအားပေး၏။

သစ်ခုတ်သမားမှ..." .ဒါ ကျနော့်ပုဆိန်မဟုတ်ပါ "  ဟုငြင်း၏။

နောက်တစ်ကြိမ် မြစ်ဆောင့်နတ်လည်း ရေငုပ်ကာ ရှာပြန်ရာ ကြေး ပုဆိန် တစ်လက် တွေ့၍ ယူလာကာပေးပြန်၏။

" ဒါလည်း မဟုတ်ပါ " ဟု သစ်ခုတ်သမားမှ ဆိုပြန်၏။

တတိယ အကြိမ် မြစ်ဆောင့်နတ် မြစ်ထဲပြန်ဆင်းပီး ရှာပြန်ရာ သစ်သား ရိုးဖြင့်ပြုလုပ်ထားသော သံပုဆိန်တလက်ပါလာလေ၏။

ထိုအခါ.." ..ဟားးး..ဒါမှ ကျနော့် ပုဆိန်အစစ်ပါ မြစ်စောင့်နတ်မင်းကြီးခင်ဗျာ " ဟု သစ်ခုတ်သမားကဆိုကာ ၀မ်းသာအားရယူလေ၏။

မြစ်စောင့်တရုတ်နတ်လည်းသစ်ခုတ်သမား၏ ရိုးသားမှူကိုအသိအမှတ်ပြုသောအားဖြင့်......

ရွှေပုဆိန်နှင့် ကြေးပုဆိန်( လက်ပံတန်းထုတ်)ကိုပါပေးလေ၏။

တစ်နေ့ ထိုသစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာ လေညှင်းခံနေစဉ်.....လှည်းမှာခုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ကျလေ၏။

ထိုအခါ သူပင်ပန်းဆင်းရဲစွာဖြင့်ဝယ်ထားသော လှည်းအား မြစ်ထဲကျသွား၍ ......

ကျယ်လောင်စွာငိုယိုသောအခါတရုတ် မြစ်ဆောင့်နတ်သည် ဘွားကနဲပေါ်လာ၏။

မြစ်ဆောင့်နတ်သည် ချက်ချင်းမြစ်အတွင်းဆင်း ၍ မော်တော်ကား တစ်စီးနဲ့အတူပြန် ပေါ်လာ၏။

" ဒါ သင့် ပစ္စည်းလား.."....ဟုမေး၏။

" ဟုတ်ပါတယ် ဟုတ်ပါတယ်...ဒါကျနော့်ပစ္စည်း...ဒါ....ဒါကျနော့်ကားအစစ်ပါ "ဟုဖြေ၏။

ထိုအခါ မြစ်ဆောင့်နတလည်း   အရမ်းဒေါသထွက်သွား၏။

" မင်းဟာ တကယ်တော့ လူလိမ်လူညာပဲ ..ဒါ ငါတို့တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ.မင်းပစ္စည်းမဟုတ်ဖူး .".....ဟု ဆိုလေ၏။

ထိုအခါ သစ်ခုတ်သမားမှ ......

" အိုမြစ်စောင့်နတ်မင်း......ကျနော့်အားခွင့်လွှတ်တော်မူပါ။

တကယ်လို့ ကျနော်က မဟုတ်ဖူးပြောရင် အသင်နတ်မင်းက 

နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံ...မှ ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ကားကိုပြပါလိမ့်မယ်။

( စကားကြွင်း။ ။အော် ဒါကြောင့်လဲ  ရွာမသံရည်ကြိုစက်မှာ မီးလောင်တာကိုး ဟု တရုတ်မြစ်ဆောင့်နတ်ကတွေးမိ၏။)

ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့်လှည်း အဟောင်းကြီးကို ပြန်ဆယ်လာမှာသေချာပါတယ်။

ဒီလိုဆယ်လာမှ အဲဒါ ကျနော့်လှည်းပါလို့ပြောလိုက်ရင်.....နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့ ကျနော့်လှည်းဟာ စလစ်နဲ့

နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ဒါကြောင့် ပထမ ချယ်ရီကား မှာ ကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိတာပါ.....ခင်ဗျာ။ " ဟုဖြေလေ၏။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.....

တရက်တွင် ဧရာဝတီမြစ်ကမ်း နဖူး ၌် ပေါက်နေသော သစ်ပင်ကြီး ၏ သစ်ကိုင်းတခု အား သစ်ခုတ်သမားက ခုတ်ချနေ၏။ ထိုစဉ် လက်ချော်ကာ ခုတ်နေသည့် ပုဆိန်မှာ မြစ်ထဲသို့ကျသွား၏။ ကျသွားသည့် နေရာကိုမှန်းဆ ကာ ရေငုပ်ရှာဖွေသော်လည်းမတွေ့ချေ။ အချိန်မှာလည်း မရှိတော့ ။နေ၀င်ချိန်သို့ပင်ရောက်ပေပြီ။ နောက်ဆုံး စိတ်ဓါတ်ကျစွာဖြင့် တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ငိုယိုမိ၏။


သူ့အော်ဟစ်ငိုသံကျယ်လွန်းလှ၍ ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အစိမ်းသေဖြစ်ရရှာသောဧရာဝတီ မြစ်စောင့်တရုတ်နတ်မင်းသည် ကြားသွားလေ၏။

သို့နှင့် နားညည်းလွန်းသောကြောင့် ကိုယ်ထင်ပြကာ..." ....သစ်ခုတ်သမားအား ...အဘယ်ကြောင့်ငိုနေသလဲ "... ဟုမေး၏ ။

" သစ်ခုတ်သမား လည်း ပုဆိန်ကျ၍ ငိုရခြင်းဖြစ်ကြောင်း " ပူဆွေးသောအသံဖြင့် .ငိုယိုကာပြောလေ၏။

မြစ်ဆောင့်နတ်လည်း သူ၏ အပိုင်စားဖြစ်သော ဧရာဝတီမြစ်တွင်းဆင်းကာ ရေငုပ်ရှာဖွေသော် ရွှေပုဆိန် တစ်လက်အားတွေ့၍ သစ်ခုတ်သမားအားပေး၏။

သစ်ခုတ်သမားမှ..." .ဒါ ကျနော့်ပုဆိန်မဟုတ်ပါ " ဟုငြင်း၏။

နောက်တစ်ကြိမ် မြစ်ဆောင့်နတ်လည်း ရေငုပ်ကာ ရှာပြန်ရာ ကြေး ပုဆိန် တစ်လက် တွေ့၍ ယူလာကာပေးပြန်၏။

" ဒါလည်း မဟုတ်ပါ " ဟု သစ်ခုတ်သမားမှ ဆိုပြန်၏။

တတိယ အကြိမ် မြစ်ဆောင့်နတ် မြစ်ထဲပြန်ဆင်းပီး ရှာပြန်ရာ သစ်သား ရိုးဖြင့်ပြုလုပ်ထားသော သံပုဆိန်တလက်ပါလာလေ၏။

ထိုအခါ.." ..ဟားးး..ဒါမှ ကျနော့် ပုဆိန်အစစ်ပါ မြစ်စောင့်နတ်မင်းကြီးခင်ဗျာ " ဟု သစ်ခုတ်သမားကဆိုကာ ၀မ်းသာအားရယူလေ၏။

မြစ်စောင့်တရုတ်နတ်လည်းသစ်ခုတ်သမား၏ ရိုးသားမှူကိုအသိအမှတ်ပြုသောအားဖြင့်......

ရွှေပုဆိန်နှင့် ကြေးပုဆိန်( လက်ပံတန်းထုတ်)ကိုပါပေးလေ၏။

တစ်နေ့ ထိုသစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာ လေညှင်းခံနေစဉ်.....လှည်းမှာခုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ကျလေ၏။

ထိုအခါ သူပင်ပန်းဆင်းရဲစွာဖြင့်ဝယ်ထားသော လှည်းအား မြစ်ထဲကျသွား၍ ......

ကျယ်လောင်စွာငိုယိုသောအခါတရုတ် မြစ်ဆောင့်နတ်သည် ဘွားကနဲပေါ်လာ၏။

မြစ်ဆောင့်နတ်သည် ချက်ချင်းမြစ်အတွင်းဆင်း ၍ မော်တော်ကား တစ်စီးနဲ့အတူပြန် ပေါ်လာ၏။

" ဒါ သင့် ပစ္စည်းလား.."....ဟုမေး၏။

" ဟုတ်ပါတယ် ဟုတ်ပါတယ်...ဒါကျနော့်ပစ္စည်း...ဒါ....ဒါကျနော့်ကားအစစ်ပါ "ဟုဖြေ၏။

ထိုအခါ မြစ်ဆောင့်နတလည်း အရမ်းဒေါသထွက်သွား၏။

" မင်းဟာ တကယ်တော့ လူလိမ်လူညာပဲ ..ဒါ ငါတို့တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ.မင်းပစ္စည်းမဟုတ်ဖူး .".....ဟု ဆိုလေ၏။

ထိုအခါ သစ်ခုတ်သမားမှ ......

" အိုမြစ်စောင့်နတ်မင်း......ကျနော့်အားခွင့်လွှတ်တော်မူပါ။

တကယ်လို့ ကျနော်က မဟုတ်ဖူးပြောရင် အသင်နတ်မင်းက

နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံ...မှ ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ကားကိုပြပါလိမ့်မယ်။

( စကားကြွင်း။ ။အော် ဒါကြောင့်လဲ ရွာမသံရည်ကြိုစက်မှာ မီးလောင်တာကိုး ဟု တရုတ်မြစ်ဆောင့်နတ်ကတွေးမိ၏။)

ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့်လှည်း အဟောင်းကြီးကို ပြန်ဆယ်လာမှာသေချာပါတယ်။

ဒီလိုဆယ်လာမှ အဲဒါ ကျနော့်လှည်းပါလို့ပြောလိုက်ရင်.....နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့ ကျနော့်လှည်းဟာ စလစ်နဲ့

နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ဒါကြောင့် ပထမ ချယ်ရီကား မှာ ကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိတာပါ.....ခင်ဗျာ။ " ဟုဖြေလေ၏။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.....

Rangonnewsdaily
9.3.2013

0 comments:

Post a Comment