Pages

Tuesday, March 12, 2013

သဘာဝကျကျနဲ့ တကယ့်ဘဝထဲမှာ ဖြစ် နေတဲ့ အကြောင်းတွေ ကိုသာ ရေးချင်နေသူ စာရေးဆရာဗျူး

သဘာဝကျကျနဲ့ တကယ့်ဘဝထဲမှာ ဖြစ် နေတဲ့ အကြောင်းတွေ ကိုသာ ရေးချင်နေသူ စာရေးဆရာဗျူး

ဒါရိုက်တာဥက္ကာဗိုရိုက်ကူးတဲ့ ‘ကျွန်တော်တို့လည်း တာဝန်ရှိပါသည်’ ဆိုတဲ့ ပရိုဂျက်တာနဲ့ ပြသခွင့်ပြုတဲ့ ဗီဒီယိုဇာတ်ကားမှာ မင်းမော်ကွန်း၊ မိုးပြည့်ြ ပည့်မောင်မိုးယုစံတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်တာကို တွေ့ ရပါတယ်။ဒီကားလေးဟာ လူငယ် ပညာပေးဇာတ်လမ်းအမျိုးအစား ဖြစ်ပါ တယ်။ လူငယ်များတစ်ဦးကို တစ်ဦးရိုင်းပင်းကူညီကြရန်နှင့် လူငယ် တစ်ဦး၏ ဘဝကိုတိုးတက်အောင်မြင် အောင် အကူအညီပေးကြရာတွင် အများ မှာလည်း တာဝန်ရှိကြောင်း၊ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက် ထား ခြင်းဖြစ်ပါတယ်။ငွေကြေးမရှိတဲ့သူ တွေအတွက် ဘဝရုန်းကန်မှုဟာ အင်မတန်မှ ခက်ခဲတယ် ဆိုတာလေး ကို သိစေချင်တဲ့အတွက် ဒီဝတ္ထုကို ရေးသားခြင်းဖြစ်ကြောင်း စာရေး ဆရာဗျူးက ပြောပါတယ်။

 ”ရေးရင်းရေးရင်းနဲ့ ဘာဖြစ် လာလဲဆိုတော့ အဲဒီတုန်းက စာပေစိ စစ်ရေးရှိတော့ ရေးရင်းနဲ့ လက်ကမရဲ တော့ဘူး။ ကိုယ့်ဟာကိုယ် ရေးရင်း နဲ့ ကြောက်လာတယ်။ ကြောက်ရင်းနဲ့ ဇာတ်ကို သူငယ်ချင်းအဖွဲ့လေးနဲ့ ဆက်ရေးတယ်။ ပြောရရင်တော့ ရေးနေကျပုံစံအတိုင်း ပထမပိုင်း အပျော်ေ လးနဲ့သွားတယ်။ နောက် ပိုင်းကျတော့ အလွမ်းလေးနဲ့သိမ်း တယ်။ သို့သော် နာမည်နဲ့ ဇာတ်သွား နဲ့က နည်းနည်းတော့ လမ်းချော်သွား တယ်။ အဓိက Message ကတော့ သဘာဝကျကျလေး ပြောထားတာပါ။ 

တကယ်ငွေကြေးမရှိတဲ့လူတွေ အတွက် ရုန်းကန်ရတာ အင်မတန်ခက်ခဲ နက် နဲတယ်၊ ဘဝတွေကြမ်းတမ်းတယ်။ အဲဒါတွေကို သိစေချင်တယ်။ အဲဒါ အတွက်ကြောင့် ဒီရွာဘက်က ကလေး တွေရဲ့ပညာရေးဟာ ရွာတွေမှာဖြစ်   နေတဲ့ စီးပွားရေး၊ နေထိုင်မှုကိစ္စတွေ အားလုံး ပြေပြေ လည်လည်ဖြစ် အောင် ကျွန်တော်မေးထားတာပါ တယ်။သူ့မှာ တာဝန်ရှိလဲပေါ့။ အဲဒီ သေ ဘာလေးပါပဲ”လို့ပြောပါတယ်။         

သဘာဝကျကျလေးနဲ့ တကယ့် ဘဝထဲမှာ ဖြစ်နေတဲ့အကြောင်း အရာမျိုးတွေကို ရေးချင်နေကြောင်း နဲ့ ရေး တဲ့အခါမှာလည်း ကြုံတွေ့ရတဲ့ ပြဿနာ တချို့ နဲ့ပတ်သက်ပြီးလည်း ပြောပြလာတာကတော့ “တကယ်တမ်း ရေးချင်တာပြောရရင် အသက်အရွယ် သဘာဝကျကျလေးနဲ့ ဘဝဆန်ဆန် လေး၊ တကယ့်ဘဝထဲမှာဖြစ်နေတဲ့ အကြောင်းအရာလေးတွေ ရေးချင် တယ်။ သို့သော်အဲဒါမျိုးလေးရေးပြီး တစ်အုပ်ထုတ်လိုက်သေးတယ်။ ကျွန်တော်ရေးတဲ့ ဖျော်ဖြေရေးဝတ္ထု ထက် သုံးပုံတစ်ပုံလောက်ပဲ ရောင်းရ တယ်။ အဲဒီတော့ ထုတ်ဝေသူတွေ အနေ နဲ့လည်း တွန့်သွားတယ်။ ကျွန်တော့် အနေနဲ့ကလည်း ပြန်ကြည့်လို့ရှိရင် သဘာဝကျကျနဲ့ရသဘက်ကို အား စိုက်ပြီးရေးထားတော့ ပင်ပန်းတယ်။ ခံစားမှုအရ အင်မတန်နည်းတယ်။ ထုတ်ဝေသူမရှိသလောက် ရှားတယ်။ အဲဒီတော့ မရေးချင်တဲ့ ဖျော်ဖြေရေး ရေးရတယ်။ ကျွန်တော်တို့ မရေးရင် လည်း ရိုက်စရာ ဗီဒီယိုဇာတ်တွေကမရှိဘူး။ရှင်းရှင်းပြောရရင် ဒီဘဝတွေ ပဲ သွားလုပ်ပြီး ရုပ်ရှင်ကားကြီးတင် လိုက်ရင် ဝက်ဝက်ကွဲပဲ။ အဲဒီတော့ ဒီဖျော်ဖြေရေးဘက်ကို ဦးစားပေးပြီး ရေးနေရတယ်။ တစ်ခုတော့ရှိပါ တယ်။ ဘဝတွေမွန်းကျပ်နေတဲ့လူတွေ အမောပြေတစ်ခဏကြည့်ရင်တော့
စိတ်ပျော်ရွင်မှာပါ” လို့ သုံးသပ်ပြော ပြသွားခဲ့ပါတယ်။ ဖျော်ဖြေရေးပဲဖြစ်ဖြစ်၊ ရသပဲ ဖြစ်ဖြစ်၊ သုတပဲဖြစ်ဖြစ် စာဖတ်တဲ့ အကျင့်လေးနဲ့ စာဖတ်လို့ ရှိရင် အင် မတန်မှ အသိ ဥာဏ်တိုးပြီး အကျိုးရှိ တဲ့အတွက် ပရိသတ်တွေအကုန်လုံး စာဖတ်ကြပါလို့လည်း အကြံပြုစကား ထပ်မံပြောပြခဲ့ပါတယ်။

သိမ့်သိမ့်

ဒါရိုက်တာဥက္ကာဗိုရိုက်ကူးတဲ့ ‘ကျွန်တော်တို့လည်း တာဝန်ရှိပါသည်’ ဆိုတဲ့ ပရိုဂျက်တာနဲ့ ပြသခွင့်ပြုတဲ့ ဗီဒီယိုဇာတ်ကားမှာ မင်းမော်ကွန်း၊ မိုးပြည့်ြ ပည့်မောင်မိုးယုစံတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်တာကို တွေ့ ရပါတယ်။ဒီကားလေးဟာ လူငယ် ပညာပေးဇာတ်လမ်းအမျိုးအစား ဖြစ်ပါ တယ်။ လူငယ်များတစ်ဦးကို တစ်ဦးရိုင်းပင်းကူညီကြရန်နှင့် လူငယ် တစ်ဦး၏ ဘဝကိုတိုးတက်အောင်မြင် အောင် အကူအညီပေးကြရာတွင် အများ မှာလည်း တာဝန်ရှိကြောင်း၊ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက် ထား ခြင်းဖြစ်ပါတယ်ငွကြေးမရှိတဲ့သူ တွေအတွက် ဘဝရုန်းကန်မှုဟာ အင်မတန်မှ ခက်ခဲတယ် ဆိုတာလေး ကို သိစေချင်တဲ့အတွက် ဒီဝတ္ထုကို ရေးသားခြင်းဖြစ်ကြောင်း စာရေး ဆရာဗျူးက ပြောပါတယ်။

”ရေးရင်းရေးရင်းနဲ့ ဘာဖြစ် လာလဲဆိုတော့ အဲဒီတုန်းက စာပေစိ စစ်ရေးရှိတော့ ရေးရင်းနဲ့ လက်ကမရဲ တော့ဘူး။ ကိုယ့်ဟာကိုယ် ရေးရင်း နဲ့ ကြောက်လာတယ်။ ကြောက်ရင်းနဲ့ ဇာတ်ကို သူငယ်ချင်းအဖွဲ့လေးနဲ့ ဆက်ရေးတယ်။ ပြောရရင်တော့ ရေးနေကျပုံစံအတိုင်း ပထမပိုင်း အပျော်ေ လးနဲ့သွားတယ်။ နောက် ပိုင်းကျတော့ အလွမ်းလေးနဲ့သိမ်း တယ်။ သို့သော် နာမည်နဲ့ ဇာတ်သွား နဲ့က နည်းနည်းတော့ လမ်းချော်သွား တယ်။ အဓိက Message ကတော့ သဘာဝကျကျလေး ပြောထားတာပါ။

တကယ်ငွေကြေးမရှိတဲ့လူတွေ အတွက် ရုန်းကန်ရတာ အင်မတန်ခက်ခဲ နက် နဲတယ်၊ ဘဝတွေကြမ်းတမ်းတယ်။ အဲဒါတွေကို သိစေချင်တယ်။ အဲဒါ အတွက်ကြောင့် ဒီရွာဘက်က ကလေး တွေရဲ့ပညာရေးဟာ ရွာတွေမှာဖြစ် နေတဲ့ စီးပွားရေး၊ နေထိုင်မှုကိစ္စတွေ အားလုံး ပြေပြေ လည်လည်ဖြစ် အောင် ကျွန်တော်မေးထားတာပါ တယ်။သူ့မှာ တာဝန်ရှိလဲပေါ့။ အဲဒီ သေ ဘာလေးပါပဲ”လို့ပြောပါတယ်။

သဘာဝကျကျလေးနဲ့ တကယ့် ဘဝထဲမှာ ဖြစ်နေတဲ့အကြောင်း အရာမျိုးတွေကို ရေးချင်နေကြောင်း နဲ့ ရေး တဲ့အခါမှာလည်း ကြုံတွေ့ရတဲ့ ပြဿနာ တချို့ နဲ့ပတ်သက်ပြီးလည်း ပြောပြလာတာကတော့ “တကယ်တမ်း ရေးချင်တာပြောရရင် အသက်အရွယ် သဘာဝကျကျလေးနဲ့ ဘဝဆန်ဆန် လေး၊ တကယ့်ဘဝထဲမှာဖြစ်နေတဲ့ အကြောင်းအရာလေးတွေ ရေးချင် တယ်။ 
 
သို့သော်အဲဒါမျိုးလေးရေးပြီး တစ်အုပ်ထုတ်လိုက်သေးတယ်။ ကျွန်တော်ရေးတဲ့ ဖျော်ဖြေရေးဝတ္ထု ထက် သုံးပုံတစ်ပုံလောက်ပဲ ရောင်းရ တယ်။ အဲဒီတော့ ထုတ်ဝေသူတွေ အနေ နဲ့လည်း တွန့်သွားတယ်။ ကျွန်တော့် အနေနဲ့ကလည်း ပြန်ကြည့်လို့ရှိရင် သဘာဝကျကျနဲ့ရသဘက်ကို အား စိုက်ပြီးရေးထားတော့ ပင်ပန်းတယ်။
 
ခံစားမှုအရ အင်မတန်နည်းတယ်။ ထုတ်ဝေသူမရှိသလောက် ရှားတယ်။ အဲဒီတော့ မရေးချင်တဲ့ ဖျော်ဖြေရေး ရေးရတယ်။ ကျွန်တော်တို့ မရေးရင် လည်း ရိုက်စရာ ဗီဒီယိုဇာတ်တွေကမရှိဘူး။ရှင်းရှင်းပြောရရင် ဒီဘဝတွေ ပဲ သွားလုပ်ပြီး ရုပ်ရှင်ကားကြီးတင် လိုက်ရင် ဝက်ဝက်ကွဲပဲ။ အဲဒီတော့ ဒီဖျော်ဖြေရေးဘက်ကို ဦးစားပေးပြီး ရေးနေရတယ်။ 
 
တစ်ခုတော့ရှိပါ တယ်။ ဘဝတွေမွန်းကျပ်နေတဲ့လူတွေ အမောပြေတစ်ခဏကြည့်ရင်တော့ စိတ်ပျော်ရွင်
မှာပါ” လို့ သုံးသပ်ပြော ပြသွားခဲ့ပါတယ်။ ဖျော်ဖြေရေးပဲဖြစ်ဖြစ်၊ ရသပဲ ဖြစ်ဖြစ်၊ သုတပဲဖြစ်ဖြစ် စာဖတ်တဲ့ အကျင့်လေးနဲ့ စာဖတ်လို့ ရှိရင် အင် မတန်မှ အသိ ဥာဏ်တိုးပြီး အကျိုးရှိ တဲ့အတွက် ပရိသတ်တွေအကုန်လုံး စာဖတ်ကြပါလို့လည်း အကြံပြုစကား ထပ်မံပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
ပေါ်ပြုလာမြန်မာ
Rangonnewsdaily 

0 comments:

Post a Comment