Pages

Tuesday, March 12, 2013

ဒီမိုကရေစီဆိုတာ လွတ်လပ်စွာမိုက်ရိုင်းခွင့်၊ ရိုင်းစိုင်းခွင့်မဟုတ်ဘူးဆိုတဲ့ သံသာဝင်း

လူငယ်နှင့် ဒီမိုကရေစီ
ဒီမိုကရေစီဆိုတာ လွတ်လပ်စွာမိုက်ရိုင်းခွင့်၊ ရိုင်းစိုင်းခွင့်မဟုတ်ဘူးဆိုတဲ့ သံသာဝင်း

ကိုယ်လည်း ငယ်ငယ်တုန်းက လွတ်လပ်ချင်တာပဲ။ ကိုယ့်ကို ဖိနှိပ်ထားလို့ရှိရင် ပိုပြီးရုန်းထွက်ချင်တယ်။ ဒါက လူတွေရဲ့ သဘာဝပဲ။ အစ်မတို့တစ်တွေ အားလုံးက ဖိနှိပ်ခြင်းကို နှစ်ရှည်လများစွာခံစားခဲ့ရတော့ တကယ်တမ်း ပွင့်လင်းလာတဲ့အခါကျတော့ ဘောင်တစ်ခုကို လွတ်သွား တာပေါ့။ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာတွေကို လွှတ်လိုက်သလိုဖြစ်သွားတယ်။ အစ်မတို့နိုင်ငံက အခုဆိုရင် ကောင်းသောသွားခြင်းနဲ့ သွားနေတာလို့ မြင်တယ်။ အခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရအဖွဲ့ကရော ကျန်အဖွဲ့အစည်းတွေကပါ ကြိုးစားနေတဲ့အချိန်ဆိုတော့ လူငယ်တွေကလည်း ကိုယ့်ရဲ့နိုင်ငံရေးအသွင်ပြောင်းလဲနေတဲ့အချိန်မှာ ပါဝင်သင့်တယ်လို့ ထင်တယ်။ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ် ဖို့ ပြောတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့အရေးကို စိတ်ဝင်စားသင့်တယ် လို့ ပြောတာ။ အဲဒါမှလည်း ကိုယ့်နိုင်ငံဘယ်ကိုသွားနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သိမှာလေ။ 

လူငယ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပဲ။ အဲဒီမှာလည်း လွတ်လပ်ပြီဆိုပြီး လုပ်ချင်တိုင်းလုပ်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီမှာလည်း စည်းနဲ့ကမ်းနဲ့ရှိတယ်။ အခွင့်အရေးတွေ ရမယ်။ အားလုံး တရားမျှမျှတတ နဲ့ ဥပဒေရဲ့အောက်မှာ နေရမယ်။ ဘောင်တစ်ခုရှိပါတယ်။ အဲဒါက ဥပဒေဘောင်ပါ။ ဥပဒေဘောင်က လွတ်ပြီးတော့ လုပ်လို့မရပါဘူး။ ဒီမိုကရေစီဆိုတာ လုပ်ချင်တာလုပ်လို့ရတယ်လို့ တွေးတဲ့သူ က တော်တော်လေးမှားပါတယ်။ အဲဒီအတွေးတွေကို ဖျောက်ပါ။ ပြီးတော့ နိုင်ငံ့အရေးက ကိုယ့်အရေးပါပဲ။ အဲဒီအတွက် လူတိုင်းက ကိုယ့်နိုင်ငံရဲ့ အရေးမှာပါဝင်ဖို့ အစ်မအနေနဲ့ ပြောချင်ပါတယ်။

Eternal Light Magazine
March 2013
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >>Eternal Light Magazine << Thank

RND:  :12.3.2013
ကိုယ်လည်း ငယ်ငယ်တုန်းက လွတ်လပ်ချင်တာပဲ။ ကိုယ့်ကို ဖိနှိပ်ထားလို့ရှိရင် ပိုပြီးရုန်းထွက်ချင်တယ်။ ဒါက လူတွေရဲ့ သဘာဝပဲ။ အစ်မတို့တစ်တွေ အားလုံးက ဖိနှိပ်ခြင်းကို နှစ်ရှည်လများစွာခံစားခဲ့ရတော့ တကယ်တမ်း ပွင့်လင်းလာတဲ့အခါကျတော့ ဘောင်တစ်ခုကို လွတ်သွား တာပေါ့။ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာတွေကို လွှတ်လိုက်သလိုဖြစ်သွားတယ်။ အစ်မတို့နိုင်ငံက အခုဆိုရင် ကောင်းသောသွားခြင်းနဲ့ သွားနေတာလို့ မြင်တယ်။ အခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရအဖွဲ့ကရော ကျန်အဖွဲ့အစည်းတွေကပါ ကြိုးစားနေတဲ့အချိန်ဆိုတော့ လူငယ်တွေကလည်း ကိုယ့်ရဲ့နိုင်ငံရေးအသွင်ပြောင်းလဲနေတဲ့အချိန်မှာ ပါဝင်သင့်တယ်လို့ ထင်တယ်။
 
 နိုင်ငံရေးကို တစိုက်မတ်မတ်လုပ် ဖို့ ပြောတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့အရေးကို စိတ်ဝင်စားသင့်တယ် လို့ ပြောတာ။ အဲဒါမှလည်း ကိုယ့်နိုင်ငံဘယ်ကိုသွားနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သိမှာလေ။

လူငယ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပဲ။ အဲဒီမှာလည်း လွတ်လပ်ပြီဆိုပြီး လုပ်ချင်တိုင်းလုပ်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီမှာလည်း စည်းနဲ့ကမ်းနဲ့ရှိတယ်။ အခွင့်အရေးတွေ ရမယ်။ အားလုံး တရားမျှမျှတတ နဲ့ ဥပဒေရဲ့အောက်မှာ နေရမယ်။ ဘောင်တစ်ခုရှိပါတယ်။ အဲဒါက ဥပဒေဘောင်ပါ။ ဥပဒေဘောင်က လွတ်ပြီးတော့ လုပ်လို့မရပါဘူး။ ဒီမိုကရေစီဆိုတာ လုပ်ချင်တာလုပ်လို့ရတယ်လို့ တွေးတဲ့သူ က တော်တော်လေးမှားပါတယ်။ အဲဒီအတွေးတွေကို ဖျောက်ပါ။ ပြီးတော့ နိုင်ငံ့အရေးက ကိုယ့်အရေးပါပဲ။ အဲဒီအတွက် လူတိုင်းက ကိုယ့်နိုင်ငံရဲ့ အရေးမှာပါဝင်ဖို့ အစ်မအနေနဲ့ ပြောချင်ပါတယ်။

Eternal Light Magazine
Rangonnewsdaily

0 comments:

Post a Comment