မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ
ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက်
မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု
အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို
နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက်
နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည်
ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြ မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်စိုး အပါဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင်
ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်
အပါဝင် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါအချက်များကိုသဘော
တူညီမှု ရရှိခဲ့ကြသည်။
၁။ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက်
အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော
အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
၂။
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို
လျော့ချနိုင်ခဲ့သည်ဖြစ်
ရာ ဆက်လက်ပြီး ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ
နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်
ညှိနှိုင်းဆောင်ရွက်သွားမည်။
လိုအပ်သည့် ညွှန်ကြားချက်အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ
အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။
၃။ ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ
စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်
ဖက်ပိုမိုနီးကပ်စွာ
ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်းပြီး လို
အပ်သလို ထားရှိသွားရန် သဘောတူသည်။
၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင်
သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင်
သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည်
ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။
၅။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူ
သည်။
ဧရာဝတီသတင်း
Rangonnewsdaily
မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ |

0 comments:
Post a Comment