Pages

Tuesday, March 12, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထား

ယေဘုယျအားဖြင့် မီးခိုးမှိုင်းကာ (Smoke Screen)အဖြစ် အသုံးပြုလေ့ရှိသော ယင်းဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးမလောင်နိုင်သော်လည်း ဗုံးပေါက်ကွဲရာ၈ မီတာအတွင်း ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ်မိုးကာစများ၊ မြွေရေခွံအိတ်များကဲ့သို့ လောင်ကျွမ်းလွယ်သော အရာများ ရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း ကော်မရှင်၏ စမ်းသပ်လေ့လာမှုများအရ တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက်မီးလျှံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိလောင်စာအမျိုးအစားပေါ် မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း ဖော်ပြပါ
ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယင်းဗုံးအမျိုးအစားကို ယာယီအဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ဖူးခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို မသိရှိဘဲ သုံးစွဲခဲ့မှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

7days News:
Rangonnewsdaily
RND:  :12.3.2013

0 comments:

Post a Comment