Pages

Tuesday, March 12, 2013

လက်ပန်တောင်းတောင် အစီရင်ခံစာထွက်ရှိလာပြီနောက် သပိတ်စခန်းများ ဖြိုးခွင်တော့မည့်သတင်းကြောင့် ဒေသခံများကာကွယ်ရန်စုဝေးနေကြပြီ

မနက်ဖြန် (၁၂-၃-၂၀၁၃)ရက်တွင်ဦးပိုင်ကုမ္ပဏီသို့ဒေါ်အောင်ဆန်းစုကြည်လာမည်ဟုသတင်းများထွက်
ပေါ်နေချိန်မှာလိပ်ခွံတောင်သပိတ်စခန်းနှင့်တုံရွာသပိတ်စခန်းများကိုယနေ့ညတွင်ဖြိုခွဲမည်ဟုသတင်းရရှိ
ထားသောကြောင့်ဒေသခံများသပိတ်စခန်းများကိုကာကွယ်ရန်စုဝေးနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
လိပ်ခွန်တောင် တုံရွာသပိတ်စခန်းများကို တရားဥပဒေအရဖြေရှင်းခြင်းမရှိဘဲအကြမ်းဖက်ဖြေရှင်းမည်ဆိုပါ
က မြန်မာနိုင်ငံသားများစုပေါင်းပြီး တကမ္ဘာလုံးသို့  တိုက်တွန်းနှိုးဆော်တင်ပြဖြန့် ချီသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လက်ပန်းတောင် ပြသနာအဖြေကို မှန်ကန်သော ဥပဒေများနှင့်ဖြေရှင်းခြင်း မပြူခဲ့သည့် အတွက် ဒေသခံ
များ ရဟန်းရှင်များစိတ်ဒဏ်ရာရစေခဲ့ပါသည် ။ အရေပြားပေါ်မှ ဒဏ်ရာများကိုလည်းယနေ့ တိုင် ကုသလို့ 
 ပျောက်ကင်းသည်ဟု မကြားရသေးပါ ။

အစိုးရမှ ၁၄၄ ပုဒ်မ ထုတ်ပြန်ထားသော နေရာများတွင်ဝမ်ပေါင်မှ လုပ်ငန်းများ ရပ်တန့် ဆက်လက်လုပ်ကိုင်
နသည့်အတွက်တာဝန်သိ ဒေသခံများက ဝင်ရောက် တားဆီးနေရပါသည် ။

တာဝန်ယူ ကြီးကြပ်နေသော အုပ်ချုပ်ရေး အဖွဲ့ အစည်းများအနေဖြင့်တာဝန်သိ လုပ်သားပြည်သူများကို ဥပဒေမဲ့ လူ့ အခွင့်အရေးချိုးဖေါက်မှုပြုလုပ်ခဲ့ပါက ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည့် အစိုးရ အပေါ်အယုံအကြည်မရှိစေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများစုစည်းပြီးနိုင်ငံတကာအစိုးရများ အဖွဲ့ အစည်းများသို့  ဝိုင်းဝန်း ဆန္ဒပြတောင်းဆိုရန်စီမံချက် အစည်းအဝေးများ စတင်တော့မည်ဖြစ်ပါသည် ။

ကျန်စစ်သားမင်းလို လူတွေက ကူညီသည်ကို ငရန်မန်းကန်းလိုအစိုးရကို တယုတ်လက်တွင် သေလိုသေ ထားရှိရန်သာရှိတော့သည် ။

အရင်တခေါက်က ဒဏ်ရာက မီးလောင်ဗုံး ။
 
ကိုထွန်းဝေ
မြန်မာနိုင်ငံဖွားအားလုံး
ပြည်ပရောက် မြန်မာအားလုံးသို့

Htay Tint
12.3.20132
Rangonnewsdaily

0 comments:

Post a Comment