Pages

Monday, February 11, 2013

Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်း ဖွင့်လှစ်မည်

ဟောင်ကောင် အခြေစိုက် Shangri-La အုပ်စုမှ ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် တည်ဆောက်နေသည့် Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Shangri-La residence yangon စီမံကိန်းသည် အဆောက်အဦနှစ်ခု အခန်းပေါင်း ၂၄၀ ပါဝင်ကြောင်း သိရှိရသည်။

''အချိန်ကာလ အနေနဲ့ကတော့ ဒီနှစ်တတိယ သုံးလပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်'' ဟု Shangri-La residence yangon နှင့် ပတ်သက်၍ Shangri-La အုပ်စုမှပင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော Traders Hotel မှ Communications Manager မဖြိုးမေ၀င်းက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောကြားသည်။

Shangri-La Residence တွင် Room services၊ Swimming pool၊ Fitness centre၊ Shopping arcade၊ Meeting and banquet facilities၊ Massage and spa services၊ Pastry and wine shop၊ Dining Facilities၊ Drugstore၊ Baby-sitting services စသည့် ၀န်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး အခန်းများကို ကာလရှည် ငှားရမ်းပေးသွားမည်ဖြစ်သည်။

အဆိုပါ residence နှင့် တွဲလျက် အခန်းပေါင်း ၈၀၀ ပါဝင်သည့် အဆင့်မြင့်ဟိုတယ် နှစ်လုံး၊ ရုံးအဆောက်အဦများ၊ ဈေးများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။

အာရှ စီးပွားရေး အကျပ်အတည်းကြောင့် ၁၉၉၈ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သော Shangri-La စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်
စတင်ခဲ့သည်။ စီမံကိန်း ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်းနှစ်များတွင် ထိုအဆောက်အအုံများ ဆောက်လုပ်ထားရာ အောက်ခံမြေသား အရည်အသွေး ပြည့်မီမှု မရှိခြင်းကြောင့် လည်းကောင်း၊ အဆောက်အအုံ
စောင်းနေခြင်းကြောင့် လည်းကောင်း စသည့် သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်မှုမှာ ကောလာဟလသာဖြစ်ကြောင်း Shangri-La အုပ်စုက တရားဝင် ငြင်းဆိုခဲ့ပါသည်။

ဓာတ်ပုံ - Shangri-La Redidence Yangon စီမံကိန်းကို ဇန်န၀ါရီ
လကုန်ပိုင်းက တွေ့ရစဉ်
ACM Re-post Time: 2013 Feb 11 9:03
News from: Eleven Media Group

အေးချမ်းမွန်
ဓာတ်ပုံ - Shangri-La Redidence Yangon စီမံကိန်းကို ဇန်န၀ါရီ
လကုန်ပိုင်းက တွေ့ရစဉ်
ဟောင်ကောင် အခြေစိုက် Shangri-La အုပ်စုမှ ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် တည်ဆောက်နေသည့် Shangri-La residence yangon ကို ၂၀၁၃ ခုနှစ် တတိယ သုံးလပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Shangri-La residence yangon စီမံကိန်းသည် အဆောက်အဦနှစ်ခု အခန်းပေါင်း ၂၄၀ ပါဝင်ကြောင်း သိရှိရသည်။ ''အချိန်ကာလ အနေနဲ့ကတော့ ဒီနှစ်တတိယ သုံးလပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်'' ဟု Shangri-La residence yangon နှင့် ပတ်သက်၍ Shangri-La အုပ်စုမှပင် ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော Traders Hotel မှ Communications Manager မဖြိုးမေ၀င်းက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောကြားသည်။

Shangri-La Residence တွင် Room services၊ Swimming pool၊ Fitness centre၊ Shopping arcade၊ Meeting and banquet facilities၊ Massage and spa services၊ Pastry and wine shop၊ Dining Facilities၊ Drugstore၊ Baby-sitting services စသည့် ၀န်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး အခန်းများကို ကာလရှည် ငှားရမ်းပေးသွားမည်ဖြစ်သည်။

အဆိုပါ residence နှင့် တွဲလျက် အခန်းပေါင်း ၈၀၀ ပါဝင်သည့် အဆင့်မြင့်ဟိုတယ် နှစ်လုံး၊ ရုံးအဆောက်အဦများ၊ ဈေးများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။

အာရှ စီးပွားရေး အကျပ်အတည်းကြောင့် ၁၉၉၈ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့သော Shangri-La စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်
စတင်ခဲ့သည်။ စီမံကိန်း ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်းနှစ်များတွင် ထိုအဆောက်အအုံများ ဆောက်လုပ်ထားရာ အောက်ခံမြေသား အရည်အသွေး ပြည့်မီမှု မရှိခြင်းကြောင့် လည်းကောင်း၊ အဆောက်အအုံ
စောင်းနေခြင်းကြောင့် လည်းကောင်း စသည့် သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်မှုမှာ ကောလာဟလသာဖြစ်ကြောင်း Shangri-La အုပ်စုက တရားဝင် ငြင်းဆိုခဲ့ပါသည်။

 Eleven Media Group

0 comments:

Post a Comment