Pages

Monday, February 11, 2013

ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူဘာသာရေး ပွဲတော်ကျင်းပရာတွင် လူပိမှုတစ်ခုကြောင့် အနည်းဆုံး လူ ၃၆ ဦးသေဆုံး

ဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူဘာသာရေး
ပွဲတော်ကျင်းပရာတွင် လူပိမှုတစ်ခုကြောင့် အနည်းဆုံး
လူ ၃၆ ဦးသေဆုံးခဲ့

အလာဟာဘတ်၊ ဖေဖေါ်ဝါရီ ၁၁ ။

တစ်နှစ်လျှင် ဘုရားဖူးခရီးသည် သန်း ၃၀ ခန့် လာရောက်
ပြီး ကမ္ဘာ့လူဦးရေအများဆုံးပါဝင်သည့် ဂင်္ဂါမြစ်အတွင်း
ရေဆင်းချိုးသည့် ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အလာဟာဘတ်မြို့ရှိ ရထား
ဘူတာရုံတွင် မတော်တဆလူပိမှု တစ်ခုကြောင့် အနည်းဆုံး
လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ ၂၇ ဦးမှာ အမျိုးသမီးများဖြစ်ပြီး
အများစုမှာ အသက်အရွယ်ကြီးရင့်သူများနှင့် ငယ်
ရွယ်သည့် ကလေးများ ဖြစ်ကြသည်။ လူနင်းခံရပြီး
သေဆုံးရသည့် အငယ်ဆုံးကလေးမှာ အသက် ၈ နှစ်
အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဘုရားဖူးခရီးသည် သန်း၁၀၀ ခန့်အထိ လာရောက်ရန် ခန့်မှန်းထားသည့်ယင်း ဘာသာရေးပွဲတော်ကို နှစ်လတာ
ကျင်းပလေ့ရှိပြီး လာမည့်လတွင် ပြီးဆုံးမည်ဖြစ်သည်။

ပွဲတော်ကို ၁၂ နှစ်လျှင်တစ်ကြိမ် ယာယီမြို့တစ်မြို့၌
ကျင်းပလေ့ရှိပြီး အလာဟာဘတ်မြို့မှာ ဂင်္ဂါနှင့် ယမုံနာ
မြစ်များ ဆုံတွေ့ရာနေရာလည်း ဖြစ်သည်။

ဘူတာရုံတွင် လူပိမှုဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍
ထင်မြင်ချက် အမျိုးမျိုးထွက်နေပြီး မီးရထားဌာနတာဝန်
ရှိသူတစ်ဦးကမူ ရဲတပ်ဖွဲ့ သည် လူအုပ်များပြားခြင်းကို
ထိန်းချုပ်ရန် နံပတ်တုန်များသုံး၍ ရိုက်နှက်ခဲ့ရာမှ လူ
အများကြား ထိန်းမရဖြစ်ကာ လူပိမှုဖြစ်ပွားကြောင်း
ဆိုသည်။ အစိုးရတာဝန်ရှိသူတစ်ဦးကမူ ဘူတာမှတံတား
ပြိုကျရာမှ လူအများအထိတ်တလန့် ဖြစ်ကာလူပိမှုဖြစ်ပွား
ကြောင်း ဆိုသည်။

တနင်္ဂနွေနေ့ ကမူ မြို့ ရှိပွဲတော်သို့ လာရောက်သူဦးရေမှာ အအများဆုံးဖြစ်ခဲ့ပြီး သန်း ၃၀ ခန့်အထိ လာရောက်ခဲ့ကြောင်း
ဆိုသည်။

အိန္ဒိယတွင် ဘာသာရေးပွဲတော်များ၌ မတော်တဆလူပိမှုများ
ဖြစ်ပွားရခြင်းမှာ ထုံးစံဖြစ်နေပြီး ၂၀၀၈ က ဟိမဝန္တာတောင်ရှိ
အနီး နိုင်နာဒေဗီ ဘုရားကျောင်းအနီး ချောက်တစ်ခုတွင် လူအုပ်ချင်းတွန်းထိုးရာမှ လူပိမှုဖြစ်ပွားပြီး ၁၄၅ ဦးသေဆုံး
ခဲ့ရသည်။

Ref: Reuters
Aye Chan Mon Re-post Date : 2013 Feb 11 
News from: The Myanma Age

အေးချမ်းမွန်

အလာဟာဘတ်၊ ဖေဖေါ်ဝါရီ ၁၁ ။

တစ်နှစ်လျှင် ဘုရားဖူးခရီးသည် သန်း ၃၀ ခန့် လာရောက် ပြီး ကမ္ဘာ့လူဦးရေအများဆုံးပါဝင်သည့် ဂင်္ဂါမြစ်အတွင်း ရေဆင်းချိုးသည့် ဟိန္ဒူ ဘာသာရေးပွဲတော်ကျင်းပရာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အလာဟာဘတ်မြို့ရှိ ရထား ဘူတာရုံတွင် မတော်တဆလူပိမှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ ၂၇ ဦးမှာ အမျိုးသမီးများဖြစ်ပြီး အများစုမှာ အသက်အရွယ်ကြီးရင့်သူများနှင့် ငယ်
ရွယ်သည့် ကလေးများ ဖြစ်ကြသည်။ လူနင်းခံရပြီး သေဆုံးရသည့် အငယ်ဆုံးကလေးမှာ အသက် ၈ နှစ်
အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဘုရားဖူးခရီးသည် သန်း၁၀၀ ခန့်အထိ လာရောက်ရန် ခန့်မှန်းထားသည့်ယင်း ဘာသာရေးပွဲတော်ကို နှစ်လတာ ကျင်းပလေ့ရှိပြီး လာမည့်လတွင် ပြီးဆုံးမည်ဖြစ်သည်။

ပွဲတော်ကို ၁၂ နှစ်လျှင်တစ်ကြိမ် ယာယီမြို့တစ်မြို့၌ ကျင်းပလေ့ရှိပြီး အလာဟာဘတ်မြို့မှာ ဂင်္ဂါနှင့် ယမုံနာ
မြစ်များ ဆုံတွေ့ရာနေရာလည်း ဖြစ်သည်။

ဘူတာရုံတွင် လူပိမှုဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုးထွက်နေပြီး မီးရထားဌာနတာဝန် ရှိသူတစ်ဦးကမူ ရဲတပ်ဖွဲ့ သည် လူအုပ်များပြားခြင်းကို ထိန်းချုပ်ရန် နံပတ်တုန်များသုံး၍ ရိုက်နှက်ခဲ့ရာမှ လူ အများကြား ထိန်းမရဖြစ်ကာ လူပိမှုဖြစ်ပွားကြောင်း ဆိုသည်။ အစိုးရတာဝန်ရှိသူတစ်ဦးကမူ ဘူတာမှတံတား ပြိုကျရာမှ လူအများအထိတ်တလန့် ဖြစ်ကာလူပိမှုဖြစ်ပွား
ကြောင်း ဆိုသည်။

တနင်္ဂနွေနေ့ ကမူ မြို့ ရှိပွဲတော်သို့ လာရောက်သူဦးရေမှာ အအများဆုံးဖြစ်ခဲ့ပြီး သန်း ၃၀ ခန့်အထိ လာရောက်ခဲ့ကြောင်း ဆိုသည်။

အိန္ဒိယတွင် ဘာသာရေးပွဲတော်များ၌ မတော်တဆလူပိမှုများ ဖြစ်ပွားရခြင်းမှာ ထုံးစံဖြစ်နေပြီး ၂၀၀၈ က
ဟိမဝန္တာတောင်ရှိအနီး နိုင်နာဒေဗီ ဘုရားကျောင်းအနီး ချောက်တစ်ခုတွင် လူအုပ်ချင်းတွန်းထိုးရာမှ လူပိမှုဖြစ်ပွားပြီး ၁၄၅ ဦးသေဆုံး ခဲ့ရသည်။

Ref: Reuters
The Myanma Age

0 comments:

Post a Comment