Pages

Monday, February 11, 2013

အနုပညာအောင်မြင်မှုနောက်ကွယ်က ပေးဆပ်ရတဲ့ တန်ဖိုးအကြောင်း ဝတ်မှုံရွှေရည်ပြော


အနုပညာလောကမှာ အချိန်တို အတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိထားပြီး ကြော်ငြာဘေဘုတ်တွေမှာလည်း အိုက်တင် အမျိုးမျိုးနဲ့ လှုပ်ရှားတတ်ပြီး ပရိ သတ်တွေရင်ထဲမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အနုပညာရှင်ကတော့ ဝတ်မှုံရွှေရည်ပဲဖြစ်ပါတယ်။ အောင်မြင် မှုပန်းတိုင်တွေ တစ်နှစ်ထက်တစ်နှစ် ပိုလို့တိုးလာပါပြီ။
ဝတ်မှုံရွှေရည် အနေနဲ့ ဒီလို မအောင်မြင်ခင်က ကြိုးစားခဲ့ရတဲ့အချိန်နဲ့ နာမည်ရပြီး ကိုယ့်နာမည်တစ်လုံး ရေရှည် တည်တံ့အောင် ဘယ်လိုမျိုး ကြိုး စားခဲ့ရလဲလို့မေးတော့ “မအောင် မြင်ခင်ကလည်း အခက်အခဲတွေ အများ ကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်။အောင်မြင် ပြန်တော့လည်း အဲဒီအောင်မြင်နေ တဲ့ အောင်မြင်မှု ကို ထိန်းဖို့လည်း ခက်ခဲ တာပဲ။ သူ့နေရာနဲ့သူ နေရာတိုင်းမှာ အခက်အခဲလေးတွေရှိတတ် စမြဲပါ။

အဓိကကတော့ ကိုယ့်အလုပ်ကိုယ်တန်ဖိုးထားတတ်ရမယ်။အလေးထား တတ်ရမယ်။ အလုပ်ကို အလုပ်နဲ့ တူ အောင်လုပ်ဖို့လည်းလိုတယ်။ လူမှုရေး ကအစ ကိုယ်လုပ်တဲ့အလုပ် အပေါ်မှာ စေတနာကို အလေးထားရမယ်။ အဓိက အချက်ကေ တာ့ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒ။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့အရေး အကြီးဆုံးပါ။ဘယ်အရာ၊ ဘယ်နေရာ၊ ဘယ်သူမဆို အခက်အခဲဆိုတာရှိတတ် တယ်” လို့ ပြော ပပါတယ်။ 

အနုပညာ အောင်မြင်မှု နောက်ကွယ်မှာ ပေးဆပ်ရတဲ့ တန်ဖိုးက အင်မတန်ကြီးမားတာနဲ့ ပတ်သက်ပြီး “အနုပညာက  လွယ်သလို ထင်ရပေမယ့် တကယ် လက်တွေ့ လုပ်တာနဲ့ မတူဘူး။ အနုပညာလို့သာ ပြောတာ တအားပင်ပန်းတယ်။ ပရိသတ်တွေအမြင်မှာ နုနုရွရွလေး တွေဆိုပေမယ့် တကယ်တမ်းလုပ် ကြည့်မှ သိလိမ့် မယ်။ ပင်ပန်းပြီး ခက်ခဲတယ်။နေပူ၊ မိုးရွာမရှောင်၊ အသားအရေတွေကအစ ပျက်စီးတယ်။

ဇာတ် လမ်းထဲမှာ တော့ ဒီမင်း သား၊ မင်း သမီးတ အား လှတယ်၊ ချစ်စရာ၊ သရုပ်ဆောင် တာတော် တယ်လို့သာ မြင်ကြတယ်။ ဒီလို ရအောင် နောက် ကွယ်က ကြိုးစားခဲ့တာတွေ၊ ပင်ပန်းခဲ့တာ တွေ အနုပညာသမားတိုင်း အသိဆုံး ပါပဲ။ မလုပ် ချင်ဘူး ငြင်းပယ်ခွင့်မရှိဘူး။ ပီပြင်အောင်ပဲကြိုးစားရတယ်” လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။ ကြော်ငြာရိုက်ကူးမှုနဲ့ ဇာတ်ကား ရိုက်ကူးမှုကွာခြားပုံကိုလည်း မေးမြန်း   ဖြစ်ခဲ့သလို ဇာတ်ကားရိုက်ကူး ပြင် ဆင်ပုံကိုမေးကြည့်တော့”ကစ်က ဇာတ်ကားတစ်ကား စလက်ခံပြီဆိုရင် ကစ်ပထမဆုံးဇာတ်လမ်းကို သေသေ ချာချာဖတ်တယ်။ 

ပြီးရင် ဘယ်အခန်း က ဘယ်လိုအဝတ်အစားနဲ့လိုက်လဲ၊ ဆံပင်ကို ကော ဘယ်လိုပြင်ရင်လှမလဲ၊ ပြီးတော့ ဒီဇာတ်ဝင်ခန်းနဲ့ အဝတ် အစား၊ ဆံပင်၊မိတ်ကပ်နဲ့ လိုက်ဖက်တဲ့ အိုက်တင်ကို စဉ်းစားတယ်။ တစ်ခု ချင်းစီကိုသေသေချာချာ ကစ်စဉ်းစား ပြင်ဆင်ပြီးမှရိုက်တယ်”လို့ ဝတ်မှုံရွှေ ရည်က ပြောပါတယ်။ 

စက္ကန့်မိနစ် ပိုင်းလောက် အနုပညာေ ဖျာ်ဖြေခွင့် ရတဲ့ ကိုယ့်ကြော်ငြာကို ပရိသတ်တွေ  လက်ခံအောင် မရိုက်ခင်ကြိုတင် ပြင်ဆင်မှုနဲ့ပတ်သက်လို့ မေးကြည့် တော့ “တယ်ယုံတယ်။ကြော်ငြာက ဇာတ်လမ်းနဲ့ လုံးဝမတူဘူး။ ဇာတ်ကားက ကာရိုက်တာနည်းသွား တယ်။ ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်ရတယ်။ လှချင်ပချင်လည်း မရ ဘူး။ ဇာတ်အတိုင်းပဲ သွားရတယ်။ ကြော်ငြာ ကျတော့ စက္ကန့်အနည်း ငယ်အတွင်းမှာ ဆွဲဆောင်ရတယ်ဆို တော့လှလှပပဖြစ်ရမယ်။ အိုက်တင် တွေမတူအောင်လုပ်ရတယ်။ 

ပြီးတော့ ကြော်ငြာတီးလုံးတွေ   မြူးရင်မြူး သလို ကိုယ်လည်း လိုက်မြူးရတယ်။ ကြော်ငြာပစ္စည်းတွေက မတူသလို တစ်ခုနဲ့တစ်ခု အိုက်တင်မတူအောင် မထပ်အောင် လုပ်ရတယ်။ ကြော် ငြာက လှမှပေါက်တာေ လ။ နှစ်ခု စလုံးကတော့ မလွယ်ဘူး။ သူ့နေရာ နဲ့ သူတန်ဖိုးရှိသလို၊ ခက်ခဲတယ်” လို့ ပြောပြခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က အခုလတ်တလေမှာ UNIQUE  အမျိုးသား၊ အမျိုးသမီးလူငယ် ဝတ်အင်္ကျီကို ကြော်ငြာရိုက်ကူး ထားပါတယ်။

ထူးထူး
Popular Myanmar

0 comments:

Post a Comment