Pages

Monday, February 11, 2013

လယ်ယာမြေအရေးနှင့်ပတ်သတ်ပြီး ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်


အန်ကယ်သိမ်းတာ မဟုတ်ပါဘူး၊ အစိုးရကသိမ်းတာပါ။ အစိုးရလူကြီးမင်းထဲမှာ တော့ အန်ကယ် ခမည်းခမက်ကြီးက ပါတယ်လေ။ အန်ကယ် က လွှတ်တော် ကိုယ်စားလှယ် လေ။ သည်တော့ နိုင်ငံတော် တည်ဆောက်ရေးကို အန်ကယ်လဲ လုပ်ခွင့်ရှိပါတယ်။ အခါအခွင့် သင့်တုံး။ အခွင့်အရေးလေး ပေးတုံး အန်ကယ်က အနစ်နာခံ ပြီးတော့ နိုင်ငံတော် အတွက် လုပ်နေတာပါ။ လယ်သမားတွေ က တော့ အနည်းအကျဉ်း နစ်နာတာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော် ကြီ...း ကောင်းစား ဖို့ ဆိုရင် ၀ိုင်းဝန်းပြီး အနစ်နာခံရမယ်မဟုတ်လား။ အန်ကယ်တောင် အနစ်နာခံပြီး စက်မူဇုံတွေ တည်ဆောက်ပေးနေတာ ။ သူတို့က စိုက်ပျိုးမြေတွေအသိမ်းခံရုံပဲ ။လယ်မရှိရင် အိပ်နေလို့ရတယ်။ အန်ကယ်ကသာ နေ့မအား ညမနား နိုင်ပဲ နိုင်ငံတော် ကြီး အတွက် လုပ်ပေးနေရတာ။
နိုင်ငံတော် ကို အုပ်ချုပ်တဲ့ လူကြီးတွေ အတွက်လည်း အန်ကယ်တာဝန်ပဲပေါ့။ သူတို့က ဘယ်လိုလုပ်ရမယ် ဆိုတာ နားမလည်ဘူးလေ။ အလုပ်လုပ်ရင် အမှားတော့ ရှိတတ်တာပါပဲလေ။ လူ့သဘာဝပဲ မဟုတ်လား။ အသံချဲ့ စက်နဲ့ အော်ပြီးမောင်းထုတ်တာ အန်ကယ် မဟုတ်ပါဘူး။ ရ၀တ တို့ မ၀တ တို့ ပါ ၊ အဲဒါ က အုပ်ချူပ်ရေးရာ အဖွဲ့ တွေ လေ၊ အဲသည် အဖွဲ့အစည်းတွေက နိုင်ငံတော် က ခိုင်းလို့ တာဝန်အရ လုပ်ရတာပါ။

ဇေကမ္ဘာ ပိုင်မြေတွေ ဖြစ်လာတာတော့ နိုင်ငံ တော် ကြီး က အန်ကယ့် ရဲ့ စွမ်းဆောင်ရည်ကို ချီးမြှောက်လို့ ရထားတာပါ။ တစ်ခုပဲ ပြောစရာရှိပါတယ် ။ နိုင်ငံတော် ကြီး က သည်လောက် ကြီးမားတဲ့ စီမံကိန်းကြီး ကို နိုင်ငံတော်ပြန်တမ်း မှာ ထုတ်ပြန်မူမရှိတာရယ်။ အစိုးရအဖွဲရုံးတွေ မှာ အမိန်ထုတ် ပေးခြင်းမရှိတာရယ်ပါ။

ဆောက်လုပ်ရေးဝန်ကြီး ဌာန ရဲ့  အိုးအိမ်ဌာနခွဲက ဂရံထုတ်ပေးတာပေါ့။ အဲဒါ အစိုးရက ခိုင်းလို့ နိုင်ငံတော်က ခိုင်းလို့ ထုပ်ပေးတာဖြစ်မှာပေါ့ ။ အန်ကယ်နဲ့ မဆိုင်ဘူးလေ။

နောက်ပြီး တစ်ဧကကို ငွေ တစ်သောင်းကျပ်ပေးမလို့ပါ အန်ကယ်လဲ နိုင်ငံတော် အတွက် အနစ်နာခံပြီး လုပ်နေရလို့ ငွေ မလည်တာရယ်၊ နိင်ငံတော်ကသိမ်းတာပဲ ဒီလောက်တော့ လယ်သမားတွေ လည်း တိုင်းပြည်အတွက် အနစ်နာ ခံသင့်တယ် ထင်ပြီး မပေးဖြစ်ခဲ့တာပါ။နောက်တစ်ခုက လေဆယ် ခြောက်ဆယ် အကွက်ရိုက်ပြီးပေးမလို့ ဆုံးဖြတ်ပါသေးတယ်။ မပေးဖြစ်ခဲ့တာ တစ်ခြားမဟုတ်ပါ လယ်သမားတွေ က လာမှ မတောင်း ပဲ ဘယ်သူကို ပေးရမယ်ဆိုတာ တိတိကျကျ မသိပဲ ဘယ်လိုပေးမလဲ။ မဟုတ်ဘူးလား။


တိုင်းဒေ သကြီး အစိုးရအဖွဲ့ က အန်ကယ် ကို လယ်စိုက်ဖို့ ခွင့် ပြုပေးခဲ့တယ်လေ ။ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဆိုတာ နိုင်ငံတော် ပဲလေ၊ နိုင်ငံတော်က ခိုင်းလို့ လုပ်ရတာပဲ အန်ကယ်ခိုင်းတာ မဟုတ်ရပါ။ လယ်သမားတွေ လယ်စိုက်ရင် အကြွေး တက် တယ် ဆိုတာနဲ့  လယ်သမားတွေ ကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေရအောင် အန်ကယ်ကိုယ်တိုယ် လယ်စိုက်ခဲ့တာပါ။ အဲဒါ ကို ဟို သူပုန်ပေါက်စ နေမျိုးဝေက ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ကို ဖောက်ဖျက်တယ် ဆိုလား၊ ပုဒ်မ ၄ ပုဒ်မ ၅ ချွင်းချက် ပုဒ်မ ၁၀ ကို ဖောက်ဖျက်တယ် ဆိုပြီး အန်ကယ်ကို တိုက်ခိုက်နေတာပါ။ သီးစားချ ထားရေး ဥပဒေ တွေ နည်းဥပဒေ တွေ အန်ကယ် ဘယ်သိပါ့မလဲ။ အဲဒီ ဥပဒေတွေ က အလုပ်မရှိတဲ့ ကောင်တွေ ကျက်မှတ် ပြီး တောင်ပြော မြောက်ပြော ပြောနေကြတာပါ။ ကိုယ်တိုင်လည်းမလုပ်တတ် ။သူများလုပ်တာကျတော့ ဥပဒေတွေ နဲ့  လျောက်ပြော ပြီး အပုတ်ချ နေတာပါ။


အော် တိုးနိုင်မန်းဆိုတာ အန်ကယ် သမက်လေ ၊သူရရွှေမန်းရဲ့သားပေါ့ ။ နိုင်ငံတော် တည်ဆောက်ရေးကို အန်ကယ်ရယ် သမက်ဖြစ်သူရယ် ခမည်းခမက်ကြီးရယ် သားအရင်းဖြစ်တဲ့ ဇေသီဟ တို့က နေ့မနား ညမအား ဆောင်ရွက်နေတာပါ။ သည်လောက်လုပ်နေတဲ့ ကြားက အပြစ်ပြောခံရတယ် ။ အုပ်ချူပ်ရေးရာ အဆင့်ဆင့် က နိုင်ငံတော်ကြီးအတွက် လုပ်နေတာပါ။ အန်ကယ်အတွက်မှ မဟုတ်ပဲ ။ အုပ်ချူပ်သူ အဆင့်ဆင့် က လုပ်သင့်တာ ကို လုပ်တယ် မလုပ်သင့်တာ မလုပ်ဘူး အဲဒါ ကို နေမျိုးဝေ ဆိုတဲ့ သူပုန်က အဂတိလိုက်စားတယ် ဆိုတော့ အန်ကယ် ဘယ်လိုပြောရမယ်မှန်းတောင် မသိပါဘူး။ အန်ကယ် က နိုင်ငံတော် နဲ့ ပြည်သူလူ ထု သဘောကြ လို့ ရွေးချယ် တင်မြှောက်လိုက်တဲ့  လွှတ်တော် ကိုယ်စာလှယ်ဆို တိုင်းသိ ပြည်သိ နိုင်ငံသိပါကွယ်။ လွှတ်တော် ဥက္ကဌ လုပ်နေ တဲ့ ခမည်းခမက်ကြီးကလည်း ပြည်သူ့လူထု က ရွေးကောက် တင်မြှောက် ထားတာလေ။ ဘယ်လိုပဲ ဖြစ် ဖြစ် အန်ကယ် မှာ အပြစ်မရှိပါဘူး ။

သူပုန်ဗိုလ် နေမျိုးဝေနဲ့ လယ်သမားတွေ သာ အန်ကယ် ပိုင်မြေတွေကို အခု အနုကြမ်း စီးထားတာလေ အန်ကယ် က ဥစ္စာ ပစ္စည်းကို မမက်မောပါဘူး သေရင်ထားခဲ့ရမယ်မဟုတ်လား။ လယ်သမားတွေက သာ ကိုယ်သေ ရင် ထာခဲ့ ရမဲ့ လယ်တွေကို မက်မောနေကြတာပါ။ ပြန်ရောင်းစားပြီး ဆိုင်းပုဒ် ထောင်တာက ဥပဒေ ချိုးဖောက်တာမဟုတ်ပါဘူး ။ အန်ကယ် မှာ ပိုက်ဆံမရှိလို့ပါ။ နိုင်ငံတော်အတွက် အနစ်နာခံလုပ်နေရတာကိုး။ ဆိုင်ပုဒ် မထောင်ပေးရင်းလဲ ၀ယ်တဲ့သုက မယုံလို့ ငွေ ကို အပြည့် မချေပေးဘူးလေ။ အဲသလို လုပ်ရုံလေး နဲက ဥပဒေ ချိုးဖောက်တာ ဆို တော့ အန်ကယ် ဘယ်လိုလုပ်ပေးရမှာလဲ။

လန ၃၉ ဆိုလား ဘာလား အဆောက် အဦးဆောက်ခွင့်မရပဲ ဆောက်မိတာ အန်ကယ် တစ်ကယ်မသိလို့ပါ။ သိရင် လန၃၉ ရအောင် အရင်လျောက်ထားတာပေါ။ မသိလိုက်လို့ အပြောခံ တာ ပါ။ အဲသလိုကြီး ဥပဒေ တွေ ဘာတွေနဲ့ ပြောမဲ့လူ ရှိတယ်လို့မှ မသိပဲ။ သိများ သိခဲ့ရင် အခုလောက်ကြီး မလုပ်မိပါဘူး ။စနစ်တကျ သိမ်းလိုက်မှာ ။အခုတော့ အဆင်ပြေသလို ရောကြိတ်လိုက်ရတာပေါ့လေ။ တရားရုံးတော် မှာ စက်မူဇုံ တည်ထောက်ခွင့် ရှိမရှိရယ် ။လယ်ယာမြေ သိမ်းယူ ခွင့် စတဲ့ ခွင့်ပြုမိန့် ရှိမရှိရယ် အဲသည့် ခွင့်ပြုမိန့်တွေ မပြနိုင်တာကတော့ အန်ကယ်မှာ တာဝန်ရှိပါတယ် ။ ဒါပေမဲ့ပေါ့လေ အဲဒါ ကြီးက နိုင်ငံတော် ရဲ့  လျို့ဝှက်ချက်ဥပဒေ ဆိုလား ဘာလားပဲ ။ အန်ကယ်မှာတော့ မရှိတာ အမှန်ပါ။ အဲဒါ ကိုပဲ အပြစ်ပြောနေကြတာပါ။

အန်ကယ်က စပါး မျိုးအောင်တယ်မအောင်ဘူး ဘယ်သိပါ့မလဲ။ လယ်သမားမှ မဟုတ်တာ၊ နိုင်ငံတော် ကြီးက လယ်စိုက်ဖို့ပေးလို့ စိုက်ပေးရတာပါ။ စပါးစေ့ ကျဲရင် စပါးပင်ပေါက်တယ်လောက်ပဲ သိတာပါ ။ အဲဒါ ကို လည်း အပြစ်ကြီးတစ်ခုလို လယ်သမားနဲ အပြိုင် လယ်လု တယ် ဆိုပြီးတော့ပေါ့။ အဲသလို လူတွေ ရှိနေလို့ မြန်မာပြည်ဆင်းရဲတာ။ မြန်မာလူမျိုးတွေ မကြီးပွားတာ။ ငတ်နေကြတာလေ။ အပြစ်ပဲ တင်ချင်ကြတယ် ကိုယ်က ဖြစ်အောင်တော့မလုပ်နိုင်ဘူး လုပ်နိုင်တဲ့သူကို လဲ ဝေဖန်ချင်ကြတယ်။

ခင်ရွှေ

New MyanmarFoundation

0 comments:

Post a Comment