Pages

Monday, February 11, 2013

့ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီခန့် မှ စတင်ကျင်းပလျှက်ရှိသော အိမ်မက်ဆုံရာ Season 4 ဆုရရှိကြသူများ



Photo: ဖေဖေါ်ဝါရီ (၁၀) ရက်နေ့ ညနေ (၆) နာရီ မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် " အိမ်မက်ဆုံရာ " ရဲ့ Season (4) ပြိုင်ပွဲဝင်တွေက အခုဆိုရင် ရင်ခုန်ရမယ်
 အချိန်ဖြစ်နေတဲ့အတွက် " အိမ်မက်ဆုံရာ " ရဲ့ Vocal Trainer အဖြစ်
တောက်လျှောက် တာဝန်ယူညွှန်ကြားပေးနေတဲ့ ခိုင်မြဲသာက ရင်ခုန်နေတဲ့ Season (4) ကပြိုင်ပွဲတွေအတွက် အကြံပေးစကားကိုတော့ " အခုဒီ (၉)
 ယောက်ကအရမ်းတော်လို့ ဒီအဆင့်ထိရောက်လာခဲ့ပြီ ။

သူတို့အားလုံးကလည်း winner တွေဆိုတော့ သူတို့အတွက် ပထမ ၊ ဒုတိယ ကရေးမကြီးတော့ပါဘူး ။အသံပါဝါတွေနဲ့ပတ်သတ်ပြီးတော့လည်းဒိုင်လူကြီး
တွေကပဲ ဆုံးဖြတ်တာပါ ။ ဒိုင်လူကြီးတွေကလည်းတခြားရှုထောင့်နဲ့ ကြည့်တာမဟုတ်ဘူး။ Vocal Power ဘယ်လောက်ကောင်းတယ် ဆိုတာကိုပဲ ကြည့်ပြီးအမှတ်လေးတွေ ပေးသွားတာပါ။ 

Winner ဖြစ်မယ့်သူကတော့  Vocal Power အကောင်းဆုံးနဲ့ အမှား
အယွင်းအနည်းဆုံး ဆိုနိုင်တဲ့ ကလေးတွေပဲ ရသွားမှာပါ။ အခုဆိုရင် သူတို့လေးတွေက ဒီအနုပညာလောကထဲကို ဝင်လာလို့ရတဲ့  နေရာ
တစ်ခုပေါ့။ ကလေးတွေရဲ့ စိတ်ထဲမှာ အရင်ဆုံး  မွေးရမှာက အနုပညာကို 
ချစ်တဲ့စိတ် ၊ ဂီတကို ချစ်တဲ့စိတ် ၊မိမိရဲ့ အလုပ်ကို လေးစားခြင်းဖြင့် ပရိတ်သတ်ကို လေးစားရာရောက်သလို ဖြစ်တယ်။ 

အချိန်လေးစားတာမျိုး၊ ကတိတစ်ခုကို မဖြတ်တာမျိုးလေးတွေ
နဲ့ ပရိတ်သတ်ကို စေတနာထားပြီး လုပ်မယ်ဆိုရင်တော့ သူတို့ရဲ့ အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့ သူဖြစ်လာပါလိမ့်မယ် "  
လို့ အကြံပေးစကား ဆိုပါတယ်။

ယွန်းလင်္ကာ
ဆရာခိုင်မြဲသာ ( Voice Trainer)
ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီခန့် မှ စတင်ကျင်းပလျှက်ရှိသော အိမ်မက်ဆုံရာ Season 4 တွင်
ဆုရရှိသူများကို ယနေ့ည ၁၂း၀၀ အချိန်တွင် ကြေငြာပေးခဲ့သည်။ ပိရိသတ်မျော်လင့်ခဲ့သည့်အတိုင်း ၀ါသနာရှင်များမှဆုအသီးသီးရရှိသွားကြကြောင်းသတင်းရရှိပါသည်။အိမ်မက်ဆုံရာ Season 4ဆုရရှိကြသူ
များမှာ

အိမ်မက်ဆုံရာ Season 4 ၏ 
Winner ဆုအား ထက်အောင်  ( WDM - 410 )
Sunsilk Popular Choice Award အား ဟန်ထူးဇာန် ( WDM - 404 ) 
1st Runner Up ဆုအား နန့် ချစ်နဒီဇော် 
2nd Runner Up ဆုအား ၀ိုင်းလေး 
3rd Runner Up ဆုအား ဟန်ထူးဈာန် 
4th Runner Up ဆုအား ထျန်ခေး  
5th Runner Up ဆုအား ယမုံဝေဦးခင်   
6th Runner Up ဆု အားကျော်ဇေယျ မှ

7th Runner Up ဆုအား ဂျူးဂျူးစံ
8th Runner Up ဆုအားအိဖြူဖြူလွင်
 

ဆုရရှိကြသူများအားလုံး အနာဂတ် ဂတလမ်းမှထားဝရလျှောက်လမ်းနိုင်ပါစေလို့ဆန္ဒပြုလျှက်

Rangnonneewsdaily 

0 comments:

Post a Comment