Pages

Monday, February 11, 2013

ဂျပန် ကြော်ညာကုမ္ပဏီကြီး Dentsu ရန်ကုန်မှာ ရုံးခန်းဖွင့်ပြီ

Monday, February 11, 2013 အိမ့်သံစဉ် ဧရာဝတီ

ဂျပန်နိုင်ငံက နာမည်ကြီး ကြော်ညာ ကုမ္ပဏီကြီးဖြစ်တဲ့ Dentsu ဟာ မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန် မှာ ဈေးကွက်သစ် ကို ထိုးဖောက်ကာ ရုံးခန်းဖွင့် လိုက်ပါပြီ။

ဂျပန်နိုင်ငံမှာ အကြီးဆုံးကြော်ညာကုမ္ပဏီလည်းဖြစ်တဲ့ Dentsu ကုမ္ပဏီက ပြောတာကတော့ ကြော်ညာ ကန်ထရိုက်လုပ်ငန်း အရင်းအမြစ်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလမှာ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ နိုင်ငံများ အားကစားပွဲ ကို ရည်ရွယ်ပြီး လုပ်နေတာဖြစ် တယ်လို့ Japan Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ကြော်ညာလုပ်ငန်းဟာ အားကောင်းလာနိုင်တယ်ဆိုတာ ကုမ္ပဏီ က မျှော်လင့်ပြီး အခုလို ဈေးကွက်သစ်ကို ထိုးဖောက်လာတာလည်းဖြစ်ပါတယ်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနနဲ့ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ စီးပွားရေး ကျော်ထောက် နောက်ခံ အား ကောင်းကောင်းပေးမှုလုပ် လာတာကတော့ မကြာသေးခင်က ဂျပန်နိုင်ငံက မြန်မာအပေါ် တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ၃.၇ ဘီလျံကို ပယ်ဖျက်ပေးပြီးနောက်ပိုင်း သိသိသာသာ တိုးများလာတာဖြစ်တယ်လို့ ဂျပန်တူဒေး ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခြေခံ အဆောက်အဦနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

ဒီအပြင် ဂျပန် အစိုးရ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ ၀န်ကြီးဌာန အဆိုအရ ဟက်တာပေါင်း ၂၄၀၀ လောက်ရှိတဲ့ သီလ၀ါ ဆိပ်ကမ်းဟာလည်း ၂၀၁၅ မှာ စတင်လည်ပတ်မယ်လို့ ဂျပန်တူဒေးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်တွေအဖြစ်အကြိုက် မတွေ့ခဲ့ပေမယ် ဂျပန်နိုင်ငံကတော့ စစ်အုပ်ချုပ်ရေး ကာလ တလျှောက်လုံး မြန်မာကို တရုတ်နဲ့ ပိုပြီး နီးစပ်သွားမှာ စိုးလို့ နီးနီးက
ပ်ကပ် ဆက်ဆံခဲ့ပြီး ကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။
ACM Re-post Time: 2013 Feb 11 
News from: ဧရာဝတီ

အေးချမ်းမွန်

Monday, February 11, 2013
ဂျပန်နိုင်ငံက နာမည်ကြီး ကြော်ညာ ကုမ္ပဏီကြီးဖြစ်တဲ့ Dentsu ဟာ မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန် မှာ ဈေးကွက်သစ် ကို ထိုးဖောက်ကာ ရုံးခန်းဖွင့် လိုက်ပါပြီ။ ဂျပန်နိုင်ငံမှာ အကြီးဆုံးကြော်ညာကုမ္ပဏီလည်းဖြစ်တဲ့ Dentsu ကုမ္ပဏီက ပြောတာကတော့ ကြော်ညာ ကန်ထရိုက်လုပ်ငန်း အရင်းအမြစ်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလမှာ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ နိုင်ငံများ အားကစားပွဲ ကို ရည်ရွယ်ပြီး လုပ်နေတာဖြစ် တယ်လို့ Japan Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ကြော်ညာလုပ်ငန်းဟာ အားကောင်းလာနိုင်တယ်ဆိုတာ ကုမ္ပဏီ က မျှော်လင့်ပြီး အခုလို ဈေးကွက်သစ်ကို ထိုးဖောက်လာတာလည်းဖြစ်ပါတယ်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနနဲ့ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ စီးပွားရေး ကျော်ထောက် နောက်ခံ အား ကောင်းကောင်းပေးမှုလုပ် လာတာကတော့ မကြာသေးခင်က ဂျပန်နိုင်ငံက မြန်မာအပေါ် တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ၃.၇ ဘီလျံကို ပယ်ဖျက်ပေးပြီးနောက်ပိုင်း သိသိသာသာ တိုးများလာတာဖြစ်တယ်လို့ ဂျပန်တူဒေး ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခြေခံ အဆောက်အဦနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

ဒီအပြင် ဂျပန် အစိုးရ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ ၀န်ကြီးဌာန အဆိုအရ ဟက်တာပေါင်း ၂၄၀၀ လောက်ရှိတဲ့ သီလ၀ါ ဆိပ်ကမ်းဟာလည်း ၂၀၁၅ မှာ စတင်လည်ပတ်မယ်လို့ ဂျပန်တူဒေးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်တွေအဖြစ်အကြိုက် မတွေ့ခဲ့ပေမယ် ဂျပန်နိုင်ငံကတော့ စစ်အုပ်ချုပ်ရေး ကာလ တလျှောက်လုံး မြန်မာကို တရုတ်နဲ့ ပိုပြီး နီးစပ်သွားမှာ စိုးလို့ နီးနီးက
ပ်ကပ် ဆက်ဆံခဲ့ပြီး ကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။
 
ဧရာဝတီ

0 comments:

Post a Comment