Pages

Monday, February 18, 2013

လျှပ်စစ်ရေနွေးအိုးတည်ရာက ရေခမ်းခြောက်၍ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၁၇-၂-၂၀၁၃ရက်နေ့ ၁၁၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာနေ ဦးသန်းအောင်(၆၂)နှစ်၏ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ ရေခမ်းခြောက်၍ မီးလောင်မှုဖြစ်ပွားပြီး ပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် သွပ်မိုးထရံကာ၊မြေစိုက်နေအိမ်(၁၉)လုံး လောင်ကျွမ်းခဲ့ကာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၁၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ် (၂၉၅၀၀၀၀ိ/-)ခန့်မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ဦးသန်းအောင်အား ပုသိမ်ကြီး ရဲစခန်း(ပ)၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
ရဲဇာနည်

0 comments:

Post a Comment