Pages

Monday, February 18, 2013

ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရ

ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံများ
---------------------------------------------------------------------------------------------------
ပုပ္ပားတောင်ချစ်သူများအသင်းက မိတ်ဆွေများက ဒီနေ့ တောင်ပေါ်ရွာကနေ ပုပ္ပာတောင်မကြီးရဲ့ တောအနက်ဆုံးနေရာတွေကို လေ့လာစူးစမ်းရေးခရီးထွက်ခဲ့ကြပါတယ်
သူတို့တွေ အဲဒီကိုမရောက်ခင်မှာ သူတို့တွေခံစားလာရတဲ့ ပြဿနာက တော့ "ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံ" တွေပဲဖြစ်ပါတယ်၊
အမျိုးသမီးလေးတွေက သုံးမိုင်လောက်ဝေးတဲ့ ငှက်ပျောခြံကနေ ငှက်ပျောငါးခိုင်ကို ၅၀၀ ကျပ်နှုန်းနဲ့ ရွာသို့ ထမ်းပိုးသယ်ယူကာဝင်ငွေရှာနေရတာပါ၊အဒီလို ပိုက်ဆံ၅၀၀ရ ဖို့အတွက်ကို သူတို့တွေ၆မိုင်ခရီးကြမ်းလမ်းလျှောက်ရပါတယ်၊တစ်နေ့ကို၂ထမ်း လောက်သယ်ရရင် သူတို့ငွေ၁၀၀၀ရပါတယ် တစ်ဆယ့်နှစ်မိုင်လျှောက်ရပါတယ်၊
ဒီနေ့တွေ့ခဲ့တဲ့ မိန်းကလေး ကတော့ ချွေးဒီးဒီးကျနေတဲ့ကျ နေတဲ့ကြားထဲက သုံးခေါက်ထမ်းရလို့ ဝမ်းသာနေပါတယ်၊ သားငယ်သမီးငယ်များကို မူလတန်းကျောင်း ထားနိုင်ဖို့ရယ် အိမ်မှာဟင်းချက်စရာဝယ်နိုင်ဖို့အတွက်ဖူလုံသွားလို့ပါ၊ သူတို့တွေက မြေယာမဲ့ လက်လုပ်လက်စားတွေပါ၊ သူတို့တွေရဲ့ ကိုယ်ပိုင်တောင်ယာတွေ ကို ပိုဇိုလန်စက်ရုံက သိမ်းလိုက်၊ သစ်တောကသိမ်းလိုက် လုပ်နေကြတာပါ၊ လက်ရှိအခြေအနေမှာသူတို့တွေ လယ်ယာမြေမှတ်ပုံတင်ခွင့်မရရှိကြပါဘူး၊
ကျမတို့ ပုပ္ပားသူလေးများက ဒီလိုမျိုး ရုံးကန်နေရချိန်မှာတော့ အရာရှိမင်းကြီးများနဲ့ လုပ်ငန်းရှင် ခရိုနီကြီးများကတော့ မြေယာတွေကိုချဲ့ထွင်၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်တွေလျှောက်နဲ့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပါပဲ
သူတို့တွေရဲ့ ဘဝလေးတွေ ခံစားမိလို့ ထပ်ဆင့်တင်ပြပေးတာပါ၊ ဒီပိုဇိုလန်စက်ရုံကတော့ ပြည်သူတွေရဲ့ အသွေးအသားတွေကို ထုတ်ယူကာအပြုံးမပျက်လည်ပတ်နေတုန်းပါပဲ၊ ကျေးဇူးပြု၍ ထပ်ဆင့်ရှယ်ပေးကြပါရှင်
မေပုပ္ပား

ပုပ္ပားတောင်ချစ်သူများအသင်းက မိတ်ဆွေများက ဒီနေ့ တောင်ပေါ်ရွာကနေ ပုပ္ပာတောင်မကြီးရဲ့ တောအနက်ဆုံးနေရာတွေကို လေ့လာစူးစမ်းရေးခရီးထွက်ခဲ့ကြပါတယ်
သူတို့တွေ အဲဒီကိုမရောက်ခင်မှာ သူတို့တွေခံစားလာရတဲ့ ပြဿနာက တော့ "ပုပ္ပားတောင်ပေါ်တောင်ရွာမှ မြေယာမဲ့လက်လုပ်လက်စား အမျိုးသမီးများရဲ့ ရုံးကန်လှုပ်ရှားနေရပုံ" တွေပဲဖြစ်ပါတယ်၊အမျိုးသမီးလေးတွေက သုံးမိုင်လောက်ဝေးတဲ့ ငှက်ပျောခြံကနေ ငှက်ပျောငါးခိုင်ကို ၅၀၀ ကျပ်နှုန်းနဲ့ ရွာသို့ ထမ်းပိုးသယ်ယူကာဝင်ငွေရှာနေရတာပါ၊အဒီလို ပိုက်ဆံ၅၀၀ရ ဖို့အတွက်ကို သူတို့တွေ၆မိုင်ခရီးကြမ်းလမ်းလျှောက်ရပါတယ်၊တစ်နေ့ကို၂ထမ်း လောက်သယ်ရရင် သူတို့ငွေ၁၀၀၀ရပါတယ် တစ်ဆယ့်နှစ်မိုင်လျှောက်ရပါတယ်၊

ဒီနေ့တွေ့ခဲ့တဲ့ မိန်းကလေး ကတော့ ချွေးဒီးဒီးကျနေတဲ့ကျ နေတဲ့ကြားထဲက သုံးခေါက်ထမ်းရလို့ ဝမ်းသာနေပါတယ်၊ သားငယ်သမီးငယ်များကို မူလတန်းကျောင်း ထားနိုင်ဖို့ရယ် အိမ်မှာဟင်းချက်စရာဝယ်နိုင်ဖို့အတွက်ဖူလုံသွားလို့ပါ၊ 
 
သူတို့တွေက မြေယာမဲ့ လက်လုပ်လက်စားတွေပါ၊ သူတို့တွေရဲ့ ကိုယ်ပိုင်တောင်ယာတွေ ကို ပိုဇိုလန်စက်ရုံက သိမ်းလိုက်၊ သစ်တောကသိမ်းလိုက် လုပ်နေကြတာပါ၊ လက်ရှိအခြေအနေမှာသူတို့တွေ လယ်ယာမြေမှတ်ပုံတင်ခွင့်မရရှိကြပါဘူး၊

ကျမတို့ ပုပ္ပားသူလေးများက ဒီလိုမျိုး ရုံးကန်နေရချိန်မှာတော့ အရာရှိမင်းကြီးများနဲ့ လုပ်ငန်းရှင် ခရိုနီကြီးများကတော့ မြေယာတွေကိုချဲ့ထွင်၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်တွေလျှောက်နဲ့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပါပဲ

သူတို့တွေရဲ့ ဘဝလေးတွေ ခံစားမိလို့ ထပ်ဆင့်တင်ပြပေးတာပါ၊ ဒီပိုဇိုလန်စက်ရုံကတော့ ပြည်သူတွေရဲ့ အသွေးအသားတွေကို ထုတ်ယူကာအပြုံးမပျက်လည်ပတ်နေတုန်းပါပဲ၊ ကျေးဇူးပြု၍ ထပ်ဆင့်ရှယ်ပေးကြပါ။

RND: 18.2.2013
Credit by:မေပုပ္ပား

0 comments:

Post a Comment