Pages

Monday, February 18, 2013

ပြည်တာဝါကို ကြယ်ငါးပွင့်အဆင့် နိုဗိုတယ်ဟိုတယ် (ရန်ကုန်)အဖြစ် ဖွင့်လှစ်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနီးရှိ ပြည်တာဝါကို အခန်းပေါင်း ၃၀၀ ကျော် ပါဝင်မည့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးအဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမတိုင်မီအပြီးတည်ဆောက်သွားရန် စီစဉ်နေသည်ဟု မက်စ်မြန်မာကုမ္ပဏီ အုပ်စုမှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ကပြောသည်။

အဆိုပါဟိုတယ်အား ကမ္ဘာကျော် ပြင်သစ်ဟိုတယ်လုပ်ငန်း အစုအဖွဲ့က Novotel Hotel (Yangon) ဟု အမည်ပေးထားပြီး
ဟိုတယ်၏ Operation Management များအတွက် ပြင်သစ်နိုင်ငံအခြေစိုက် ACCOR Hospitality မှ တာဝန်ယူသွားမည်ဟု သတင်းရရှိသည်။
    
အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံရှိ IIDA (Inter-national Design) မှ တာဝန်ယူရေးဆွဲပြီး မက်စ်မြန်မာမှ ပြည်
တွင်း၊ ပြည်ပ အင်ဂျင်နီယာများ ကိုယ်တိုင်တည်ဆောက်လျက် ရှိသည်။ ဟိုတယ်အတွင်းပိုင်း အပြင်အဆင်အား ဗီယက်နမ်နိုင်ငံအခြေစိုက် AA Coporation မှ တာဝန်ယူ၍ တည်ဆောက်ပေးလျက်ရှိကြောင်း မက်စ်မြန်မာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၁၄ ထပ်ရှိသော တာဝါ (A) အဆောက်အအုံတွင် အခန်းပေါင်း ၁၅၉ ခန်းနှင့် ၁၆ ထပ်ရှိတာဝါ (B) တွင် အခန်းပေါင်း ၂၀၇ ခန်း စုစုပေါင်း ဟိုတယ်အိပ်ခန်း ၃၆၆ ခန်း အပါအ၀င် Presidential Suite တစ်ခန်း၊ Penthouse တစ်ခန်း၊ General Ball Room တစ်ခု၊ Meeting Room တစ်ခု၊ Conference Room များ၊ ကော်ဖီဘား၊ ၀ိုင်ဘားနှင့် ပြင်သစ်စားသောက်ဆိုင်တစ်ခု၊ ရေကူးကန်၊ Fitness and Spa ၊ Tennis Court တို့ ပါဝင်မည်ဖြစ်သည်။

မက်စ်မြန်မာကုမ္ပဏီသည် လက်ရှိတွင် ချောင်းသာ၊ နေပြည်တော်နှင့် အင်းလေးဒေသတို့၌ ဟိုတယ်များ  ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

Ref : 7 Day News Journal
http://www.house.com.mm/
http://www.facebook.com/house.com.mm

RND: 18.2.2013

7 Day News Journal

0 comments:

Post a Comment